Weekend Movie :: 96steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဘ၀မှာ အမှတ်တမဲ့ တွေက အမှတ်တရ ဖြစ်လာတတ်တယ် မလား။ တချို့အရာတွေကို ဦးနှောက်မှာ မသိမ်းပဲ နှလုံးသားမှာ သိမ်းထား မိတတ်ကြတယ်။ တမင်သတ်သတ် သိမ်းတာလည်း မဟုတ်ပေမယ့် သူ့သူကို သိမ်းသွားတာ။ ဘယ်တော့မှ ပြန်ထုတ်လို့ မရနိုင်လောက်တော့အောင်ကို သိမ်းထားတာ။ ကိုယ်က ထုတ်ပစ်ချင်ရင်တောင် ချောင်လေး တချောင်မှာ ခွေပြီး ပုန်းနေတတ်သေးတယ်။ သိမ်းဆည်းမှုတွေက သတိရမှုတွေ၊ လွမ်းဆွေးမှုတွေကို ဖြစ်စေမယ်လို့ ဘယ်သူက သိမှာလဲ။

Ramachandran aka Ram (Vijay Sethupathi) ဟာ ခရီးသွား ဓါတ်ပုံဆရာ ဖြစ်ပါတယ်။ ခရီးတွေ သွားရင်း ဓါတ်ပုံတွေ ရိုက်တာပေါ့။ သူဟာ လွတ်လွတ်လပ်လပ်နှင့် သွားလိုရာကို အေးအေးဆေးဆေး သွားနိုင်သူ ဖြစ်ပါတယ်။ တခါတလေမှာတော့ လူငယ်တွေကို ဓါတ်ပုံပညာကို ပြန်သင်ပေးပါတယ်။ တခါသား Ram တယောက် ခရီးသွားရင်း ဓါတ်ပုံရိုက်ရင်း ငယ်စဉ်က သူနေခဲ့တဲ့ မြို့လေးကို မထင်မှတ်ပဲ ပြန်ရောက်လာခဲ့ပါတယ်။ မြို့မှာ ငယ်ငယ်က သူတက်ခဲ့တဲ့ ကျောင်းလေးဆီကို အလည်သွားခဲ့ပါတယ်။

ကျောင်းစောင့်ကြီးထံ ခွင့်တောင်းပြီး ကျောင်းဝန်းထဲ လှည့်ပတ်ကြည့်ပါတော့တယ်။ ကျောင်းလေးက သူတို့ ငယ်ငယ်တုန်းကအတိုင်းပဲ ဘာမှ မပြောင်းလဲသေးပါဘူး။ Ram တယောက် ဒီမြို့ ဒီကျောင်းလေးကို ပြန်မရောက် ဖြစ်တာ နှစ် (၂၀) ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင်တော့ (၂၂) နှစ် ရှိပြီ ဖြစ်ပါတယ်။ ကျောင်းကြီးကို လှည့်ပတ် ကြည့်ရင်း Ram တယောက် သူငယ်ချင်းတွေကို သတိရလာပါတော့တယ်။ ဒါနှင့် သူငယ်ချင်း တယောက်ကို phone ဆက်ပြီး စကားပြော ဖြစ်ပါတယ်။ ထိုသူငယ်ချင်းကနေ နောက် သူငယ်ချင်း တယောက်ကို ထပ်ဆက် ဖြစ်ပါတယ်။

96themovie-sm1lMIaafcehg.jpg
photo from Google

ပြောနေ ဆိုနေရင်း နှင့် ငါတို့် သူငယ်ချင်းတွေ ပြန်ဆုံ ကြရင် ကောင်းမလား ဆိုပြီး တိုင်ပင်မိပါတယ်။ ဒါနှင့် သူငယ်ချင်း တယောက်က သူ့ကို What app ရဲ့ group chat ထဲ ထည့်ပေးလိုက်ပါတယ်။ Ram တယောက် စောစောက အတွေးကို အကောင်အထည် ဖော်ပါတော့တယ်။ သူ့ အကြံကို အားလုံးက လက်ခံကြပါတယ်။ သဘောလည်း တူကြတယ်။ ပြန်လည်း ဆုံချင်နေကြတယ်။ မတွေ့ ဖြစ်တာလည်း ကြာပြီကိုး။ သို့နှင့် (၂) နှစ်နေပြီးရင် ပြန်ဆုံကြဖို့ သူတို့ ဆုံးဖြတ်လိုက်ပါတယ်။ နေရာလည်း သတ်မှတ်လိုက်ကြပါတယ်။

ဒီလိုနှင့် (၂) နှစ်နေပြီးနောက် သူတို့ တွေ့ဆုံပွဲရက်ကို ရောက်လာခဲ့ပါတယ်။ အားလုံး နီးပါး လာကြပါတယ်။ တယောက်ကတော့ နောက်ကျနေပါတယ်။ Jaanu (Trisha Krishnan, Gouri G Kishan (young Jaanu)) ပါ။ သူငယ်ချင်းတွေ တွေ့ကြဆုံကြ စကားတွေ ပြောကြ၊ ပျော်ကြပါးကြပေါ့။ တယောက် လာဖို့ ကျန်နေတဲ့သူက Jaanu မှန်းသိတာနှင့် Ram တယောက် ထသွားပြီး အကွယ်တနေရာမှ သွားနေ နေခဲ့ပါတယ်။ Ram ထထွက်သွားပြီး မကြာမီမှာ Jaanu တယောက် ရောက်လာခဲ့ပါတယ်။ သူငယ်ချင်းတွေနှင့် စကားပြောနေရင်း Jaanu တယောက် Ram ကို မျက်စိရှာနေပါတယ်။ Ram ရှိနေတဲ့ နေရာကို သိသွားပြီးနောက် Jaanu တယောက် လိုက်သွားပါတယ်။ Ram နှင့် စကားပြောနေရင်း Ram ရဲ့ ရင်ဘတ်ပေါ်ကို သူမ လက်တင်လိုက်ပါတယ်။ Ram တယောက် မေ့လဲသွားခဲ့ပါတော့တယ်။

S90309-12544465(1).jpg
photo from Google

Ram တယောက် Jaanu ကြောင့် မေ့လဲရတာ အခုမှ မဟုတ်ပါဘူး။ ကျောင်းတုန်းကလည်း တကြိမ် မေ့လဲခဲ့ဖူးပါတယ်။ သူတို့ဟာ ကျောင်းတုန်းက တယောက်ကို တယောက် အရိပ်တကြည့်ကြည့်နှင့် စောင့်ကြည့်နေခဲ့ရတဲ့ သူတွေပါ။ ပါးစပ်ကနေ ထုတ်မပြော ဖြစ်ပေမယ့် တယောက်ကို တယောက် ချစ်နေကြတာ အသေအချာပါပဲ။ ဒါဖြင့် သူတို့ ဘာလို့ ဝေးသွားကြတာလဲ ....

ဒီဇာတ်ကားလေးဟာ ကြည့်ကောင်းတဲ့ Drama ကားကောင်းလေး တကား ဖြစ်ပါတယ်။ ဇာတ်ကားလေးကို ကြည့်နေရင်းနှင့် ကိုယ့်ရဲ့ ငယ်စဉ် ကျောင်းသားဘ၀ လေးကိုတောင် ပြန်လည် မှတ်မိ သတိရသွားစေဦးမှာပါ။ မင်းသားနှင့် ပတ်သက်ပြီး ကျနော်တို့ သူငယ်ချင်းတစုမှာ အငြင်းပွား ဖွယ်ရာလေးတွေတော့ ရှိခဲ့ပါတယ်။ အဲ့လို ယောက်ျားမျိုး အပြန်မှာ ရှိမရှိ၊ အဲ့လောက် ထုံရ၊ အရ၊ ကြောက်ရာလား ဆိုပြီး ပေါ့။ ကျနော်ကတော့ တကယ့်လက်တွေ့ ဘ၀မှာ အဲ့လို လူမျိုး ရှိနိုင်တယ်လို့ လက်ခံပါတယ်။ ကြည့်ကြည့်ကြပါလို့ပဲ ပြောပါရစေ။

Director
C.Prem Kumar

Cast
Vijay Sethupathi, Trisha Kriahnan, Gouri G Kishan, Devadarshini, Janagaraj, Begavathi Perumal

Don Jaun

MSC 31

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64485.37
ETH 3156.53
USDT 1.00
SBD 4.05