Which

in #myanmar5 years ago

FB_IMG_1527335451652.jpg

လက်ရှိကိုင်နေသည့် phone ကို ရောင်းပြီး phone ပြောင်းမယ်ဟု စဉ်းစားထား၏။ အရင်ဆုံး Sony M4 aqua လေးကို ရောင်းလိုက်၏။ ဈေးကတော့ မိမိ မျှော်လင့်ထားသလောက် မရပေ။ ရှိစေတော့ပေါ့။ ကိုယ့်လက်ထဲ ထားလည်း ကြာရင် ဈေးက ဒီထက်ကျလာဖို့ပဲ ရှိတာကိုး။ ရသလောက်ပေါ့။ ထို phone လေး ရောင်းရငွေနှင့် ပိုက်ဆံ နည်းနည်းထပ်စိုက်ပြီး (အမှန်တော့ တော်တော်များများ) Iphone second တလုံးလောက် ၀ယ်မယ်ဟု တွေးထား၏။ လက်ရှိကိုင်နေသည့် Meizu Mx6 လေး ရှိနေသေးတော့ Android တလုံး Ios တလုံး ကိုင်မယ် ပေါ့။ အရင်က Android (၂) လုံး ဖြစ်နေတာကိုး။

သို့နှင့် Iphone ဈေးတွေ စုံစမ်းကြည့်၏။ ဈေးတွေက ကောင်း၏။ ရောင်းသူအတွက်တော့ မသိ၊ ၀ယ်သူ အတွက်တော့ ဈေးမြောက်၏။ ဒါကတော့ သဘာဝပင် ဖြစ်၏။ မိမိ ရောင်းချိန်မှာ ထင်သလောက် ဈေးမရပဲ ပြန်ဝယ်ချိန်ကြတော့ ဈေးက ကြီးနေခြင်းမျိုးပေါ့။ phone မှာပဲ မဟုတ်ပဲ ဆိုင်ကယ်မှာလည်း ထိုသို့ ဖြစ်လေ့ ရှိ၏။ Iphone ထက်က se လေးလောက် ကိုင်မယ်တွေးလိုက်၏။ size သေးပေမယ့် ပါဝင်သည့် specification တွေက 6s နှင့် အတူတူလောက် ပင် ဖြစ်၏။ se သည် 6 ထက်စာရင် size သေးတာကလွဲလျှင် ကျန်သည့် အရာများမှာ အားလုံး သာ၏။ se မှာ 6s လို 3D touch လေး မရတာ တခုပဲ ပြောစရာ ရှိ၏။

FB_IMG_1536321424410.jpg
photo from Facebook

se ဈေးက 64 GB ကို (၂) သိန်း (၆) သောင်းလောက် ပေါက်၏။ စိတ်ချယုံကြည်ရသည့် အကိုတယောက်ကတော့ လိုချင်လျှင် ရန်ကုန်က သူ့အသိတယောက်နားက မှာပေးမယ် ဟု ဆို၏။ ကျနော်လည်း တချက် စောင့်ကြည့်ချင်သေးသဖြင့် ထိုအကိုကို နောက်မှ ပြန်ပြောမယ်ဟု ပြောထားလိုက်၏။ ထို့နောက် online phone ၀ယ်ရောင်း Group ထဲမှာ သွား စပ်စုသေး၏။ 6s (128 GB) ကို (၂) သိန်း (၆) သောင်းနှင့် ရောင်းမည် ပြောထား၏။ ဈေးကတန်လွန်းနေ၏။ တန်သည်မှ တော်တော်ကြီးကို တန်လွန်း၏။ ပေးထားသည့် phone no ကို ဆက်သွယ်ကြည့်၏။ Mdy က ဟု ဆို၏။ phone တော့ စစ်ကြည့်မှ ရမည်။

သို့နှင့် တောင်ကြီးမှာ phone service လုပ်သည့် အကိုမှ Mandalay မှာ နေသည့် သူ့အသိ phone service လုပ်သူကို ဆက်သွယ်ပေး၏။ phone သွားစစ်ကြည့်ပေးဖို့ပေါ့။ ခက်တာက ထို Mandalay က အကိုက အလုပ်ကိစ္စနှင့် ရန်ကုန်ရောက်နေ၏။ (၅) ရက်လောက် တော့ကြာမည်။ သို့နှင့် နောက်ထပ် အသိတယောက်နှင့် ထပ်ဆက်သွယ်ဖို့ ကြိုးစားကြည့်၏။ (၂) ရက်လောက်နေတော့ အသိ ရ၏။ ထို Phone ရောင်းမည့် အကို ကို လှမ်း ဆက်သွယ်တော့ သူက နေပြည်တော် ရောက်နေပြီဟု ဆို၏။ သီတင်းကျွတ်မလို့ အမျိုးတွေနား ခဏလာလည် ခြင်း ဖြစ်သည် ဆို၏။ ကဲ ထပ်စောင့်ပေါ့။

FB_IMG_1540899452714.jpg
photo from Facebook

စောင့်နေရသည့် အချိန်များ အတွင်း တမျိုးထပ်စဉ်းစားဖြစ်ပြန်၏။ လက်ရှိ Mx6 ပါရောင်းပစ်ပြီး ပိုက်ဆံ ထပ်စိုက်ပြီး meizu pro 7 ကိုင်ရင် ကောင်းမလားပေါ့။ မြန်မာကို ၀င်သည့် အလုံးက 64 GB တွေပဲ များ၏။ တရုတ် ပြည်တွင်းသုံးဖို့ကိုတော့ 128 GB နှင့် ထုတ်၏။ ထို 128 GB မှာ cpu က ပိုပြီးတော့ ကောင်း၏။ pro 7 plus လည်း ရှိပေမယ့် pro 7 ထက် စာလျှင် size နည်းနည်းကြီး၏။ အားလုံးက phone ကြီးကြီးတွေဖက် စိတ်ညွှတ်နေကြချိန်မှာ ကျနော်က size အသေးလေးတွေကိုသာ သဘောကျနေ၏။ ခုမှ မဟုတ် ယခင်ကတည်းကကို size 5 in or 5.2 in လေးတွေကို ပိုသဘောကျ၏။ ထို size လေးတွေက ပိုပြီးလည်း smart ကျသည်ဟု ခံစားရ၏။ ဈေးတော့ စုံစမ်း ကြည့်ရဦးမည်။

ထိုနည်းလမ်းများနှင့် အဆင်မပြေခဲ့ပါက နောက်တနည်း တပါတည်း စဉ်းစားထား၏။ ရှိတဲ့ phone အကုန်ရောင်းပြီး ဟိုယခင်က ဂျောင်ထဲထိုးထားသည့် keypad phone လေးကို ပြန်ထုတ်ကိုင်လိုက်မည်။ ပိုက်ဆံကုန်လည်း သက်သာပြီး အလွန်လည်း နားအေး၊ မျက်စိအေးသွားပေလိမ့်မည်။ ခုနေများ steem ဈေး ၀ုန်းခနဲ တက်သွားလျှင် ရှိသည့် phone များကို အလကားပေးပစ်ပြီး မိမိလိုချင်နေသည့် phone အားလုံးကို ဘာမှ မစဉ်းစားနေတော့ပဲ ၀ယ်ပစ်လိုက်ဦးမည်။

Don Jaun

MSC 31

Sort:  

စတီး​ဈေးတက်​ရင်​ ဒီ​ရော တလုံး​လောက်​ပစ်​လိုက်​​နော်

ဟုတ်ဟုတ် 😁

ဝယ်‌ပစ်‌လိုက်‌ကိုဒွန်‌။

ဝယ်ပစ်မယ်ဗျာ

ကိုယ်တွေကတော့ ဖုန်းအစုပ်လေးနဲ့သုံးနေရပ

Posted using Partiko Android

အတူတူပါပဲ ဗျာ

ဖုန်းမရှိတာ သိပ်ကောင်းတာပေါ့ 😁

နားကိုအေးရော

steemဈေး မြန်မြန်တက်ပါစေ

မြန်မြန် ပြည့်ပါစေ

ဟုတ်ပါ့အစ်ကို နောက်ဆုံးစာသားလေးတွေ့တော့မှပဲ အားရှိသွားတော့တာ။

Steem ဈေးတွေတက်ပါစေ
Steem 
ဟေ့ ဟေ့ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Service မလုပ်​တာပဲကျန်​တယ်​ ​ပြောသွားလိုက်​တာစုံစိ​နေတာပဲလား
နည်းပညာ​နောက်​အ​တော်​လိုက်​တာပဲ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95