Window 10 Pro

in #myanmar6 years ago

FB_IMG_1527335451652.jpg

ရှေ့ရက်များက Android boot ခိုက်သဖြင့် ကျနော့် laptop window ပြန်တင်လိုက်ရ၏။ Android boot ရလိုရငြား window ကို တင်လိုက် ချလိုက်နှင့် အလုပ်ကို ရှုပ်လို့နေတာ့၏။ အဆုံးမှာတော့ ယခင် တင်ထားသည့် window 10 pro လေးပဲ ပြန်တင်လိုက်တော့၏။ ထို့ပြင် window က update များ ပေးနေသဖြင့် ထို update များကို တင်နေရပြန်သေး၏။ ယခု update က ယခင် ကျနော် တင်ထားဖူးသည့် update များထက် သာလွန် ကောင်းမွန်မှုများ အများကြီး ပိုပါလာ၏။ သို့နှင့် update လုပ်ရန် wifi line ကောင်းသည့် သူငယ်ချင်းဆိုင်မှာ ထားခဲ့လိုက်၏။ ဘာကြောင့်ရယ် မသိ။ update သည် down လို့ရပေမယ့် တင်မရ ဖြစ်နေ၏။ prepare to install နားမှာတင် လည်လည်နေတော့၏။ မည်သို့မှ လုပ်မရ ဖြစ်နေ၏။

အနှီ window update လုပ်နေသည့် ရက်များက စာရိုက်၊ စာရေးဖို့ အမ၏ စက်ကို ငှားပြီး သုံးခဲ့ရ၏။ window ၏ setting ထဲတွင် ပါသည့် update ကနေ down ပြီး တင်ခြင်း ဖြစ်၏။ update များကို version အလိုက် တဆင့်ချင်းစီ down ပြီး တင်နေ၏။ တခါတည်း နောက်ဆုံး version ကို တန်း မ down ပေ။ (၂) ခေါက်လောက် update down ကာ တင်ပြီး သကာလ prepare to intall မှာ လည်နေပြီး percent တ၀က် မရောက်မီမှာပင် ပြုတ်ပြုတ်ကျ နေ၏။ သို့နှင့် ထပ်မတင်တော့ အခြား window app များကိုသာ update လုပ်ခြင်း၊ download ဆွဲခြင်းများကို လုပ်နေတော့၏။ Facebook, Messenger, Color note အစရှိသဖြင့် android app များကဲ့သို့သော window app များကို download ဆွဲ၏။ ယခင် window 8 pro တုန်းကလည်း အနှီ app များ ရရှိနေပြီ ဖြစ်ပေမယ့် သတိမထားမိခဲ့ပေ။ ယခု window 10 pro မှာမှသာ သတိထားမိပြီး စမ်းသပ် အသုံးပြုကြည့်ဖို့ တွေးမိခြင်း ဖြစ်၏။

w1.PNG

Android, IOs များတွင် ရေပန်းစားသည့် Game များကိုလည်း window version အနေဖြင့် ဆော့ကစားလို့ ရ၏။ အလွန်မှပဲ ဟန်ကျလှ၏။ ထို့ပြင် ဘောလုံးပွဲ Live လွှင့်ပေးသည့် app ကိုလည်း Microsoft store တွင် အလွယ်တကူ ရရှိနိုင်၏။ window update လုပ်ရခက်နေသည့် ကျနော့်အတွက် အဆင်ပြေသွားသည့် အချက်က iTune, Dolby app (၂) ခုကို down သည့်အခါမှာ ဖြစ်၏။ ထို app နှစ်ခုကို download ဆွဲပြီး အသုံးပြုဖို့ ကျနော့် window update ဖြစ်ဖို့ လိုသည်ဟု ဆို၏။ update လုပ်မည်ဆိုပြီး confirm ခလုတ်ကို နှိပ်လိုက်သည့်အခါမှာတော့ Microsoft browser ကနေ Window 10 update assistant ကို download လုပ်ပေးလေတော့၏။ ထို့ပြင် အနှီ software ကနေပဲ window update ကို သူ့သူ download ဆွဲလေတော့၏။

Window ၏ setting ကနေ update လုပ်သည်ထက် ပိုပြီး မြန်၏။ ဟိုနည်း ဒီနည်းများနှင့် စမ်းခဲ့သည့် အချိန်တို့ကို ခုမှ နှမြောနေမိတော့၏။ ဒါမှန်းသိ အစောကတည်းက ဒီ assistant ကို down ပြီး update လုပ်ပါတယ်ကွာဟု လည်း မိမိကိုယ်ကို မကျေမနပ် ဖြစ်နေမိ၏။ ကျူရှင်သွားချိန်လည်း နီးနေပြီ ဖြစ်သဖြင့် update ပြီးအောင် မစောင့်နေတော့ပဲ သူငယ်ချင်းကို ကျေးဇူးပြုပြီး ကြည့်ပေးထားရန် မှာထားခဲ့၏။ ဒီတခါတော့ အဆင်ပြေကောင်းပါရဲ့။ နောက်နေ့ မနက်ခင်း စာသင်ချိန်အပြီးမှာတော့ သူငယ်ချင်း ဆိုင်ကို သွားကြည့်လိုက်၏။ window က latest update ဖြစ်နေပြီ ဖြစ်၏။ ပျော်လိုက်သည့် ဖြစ်ခြင်း။ window update နှင့် ကိုက်ညီသည့် အခြား app များကို download ဆွဲခြင်း၊ update လုပ်ခြင်းများကို ပြုလုပ်ရ၏။ ယခင် version ထက်စာလျှင် ပိုမို သွက်လက်၏။ Feature များ၊ Function များလည်း ပိုမိုပြီး စုံလင် များပြားလာ၏။ phone တလုံးကဲ့သို့ လုပ်ဆောင်အသုံးပြုခွင့်များလည်း ပါဝင်လာခဲ့၏။ ဒီတခေါက် window ပြန်တင်ရတာ တန်သွား၏။

w2.PNG

နေ့လည်ခင်းမှာတော့ office 2016 အခွေလေး သွားဝယ်ရပေဦးမည်။ စာရိုက်ဖို့ word လိုသည် မဟုတ်လား။ ညနေစောင်းမှာတော့ office ခွေယူပြီး သူငယ်ချင်းဆိုင်သို့ ပြန်သွားရ၏။ window ကို activate လုပ်၊ office သွင်း၊ Zaw Gyi font ရအောင် လုပ်ခြင်းဖြင့် ကျနော်၏ window တင်ခြင်း ပြီးမြောက်သွားတော့၏။ အခြား လိုအပ်သည့် app များ၊ software များကိုတော့ ဖြည်းဖြည်းခြင်း install လုပ်ယူရပေဦးမည်။ လောလောဆယ် စာရိုက်ဖို့ ရလျှင် အဆင်ပြေပြီ မဟုတ်လား။ စာရိုက်လို့ရမှ စာရေးပြီး promotion တင်လို့ ရမည်။ pro ရမှ SP နှင့် SBD ရမည်။ SP ရမှ၊ ရှိမှ Steemit မှာ မျက်နှာကြီးပေလိမ့်မည်။ ထိုသို့ မဟုတ်လျှင် အများသူငါ SP တွေ များနေချိန် မိမိမှာ ဘာမျှ မရှိ၊ မစုမိဆိုလျှင် အဆင်မပြေပေ။ နောက်ရက်များမှ Window 10 pro ၏ ထူးခြားချက်၊ အားသာချက်များကို ကျနော် သိသလောက်၊ တွေ့မိသလောက် ပြောပြပေးပါဦးမည်။

Don Juan

MSC 31

Sort:  

ကောင်းပါပြီ နောက်ထပ်လာဖတ်ရတာပေါ့ဆာဒွန်ရယ်

ဟုတ်

spများသူ​တွေကိုအားကျမိပါတယ်​...ကိုယ်​​တွေလည်းဆက်​ကြိုးစားစုမှရမယ်​...

Posted using Partiko Android

ကိုယ်တိုင် window တင်တတ်တော့အဆင်ပြေတယ် 😃

နည်းနည်းပါးပါး တော့ ရပါတယ်ဗျ

‌လေးစားပါတယ်‌ဗျာ။

မြှောက်နေ ပြန်ပါပြီဗျာ

နည်းပညာ တယ်လည်း ဆန်းပါပေ့တကား

Posted using Partiko Android

ဟုတ်ပ

ကိုယ်တိုငိတော့ ဝင်းဒိုးဖြုတ်ချတတ်တယ်😁

ဒါလည်း ပညာပဲလေ 😁

Window 10 ပေးတာမသိလိုက်ဘူး၊အခုတော့ပြီးသွားပြီကြားတယ်

ပေးနေပါသေးတယ်ဗျ။

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard
Introducing SteemitBoard Ranking

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13