ဘဝတ​ကွေ့ဝယ်​(၂)

in #myanmar6 years ago (edited)

"ဘဝတ​ကွေ့ဝယ်​"ဟူ​သောစာစု​လေးအားဆက်​လက်​၍
စိတ်​ထဲမှအစိုင်​အခဲများအား​ဖြေ​လျော့ချင်​လွန်း၍​ရေးပါဦး
မည်​။မိခင်​၏အမျိုးများဖခင်​အ​ပေါ်စိတ်​ခုပုံကသြချယူ​ရ​ပါသည်​။မိခင်​ဆုံးပြီးတစ်​လပြည့်​အလှူ ၌မည်​သူမှလာခဲ့
ခြင်းမရှိခဲ့​ပေ။ဖခင်​၏အမျိုးများနှင့်​မိတ်​​ဆွေများသည်လည်း၎င်းတို့၏ပျက်​ကွက်​မှူအားအကြီးအကျယ်​ပင်​စိတ်​ဆိုး
၍​ဒေါသထွက်​ကြပါ​တော့သည်​။
မိမိတို့သားအဖသည်​ကားဥ​ပေက္ခာတရားလက်​ကိုင်​ထား၍သာ​နေလိုက်​ပါ​တော့သည်​။ဖခင်​သည်​မိခင်​ဆုံးပြီး
သည့်​အချိန်​မှစ၍မိမိတို့အားမိခင်​တာဝန်​၊ဖခင်​တာဝန်​နှစ်​ခုလုံးအားတစ်​​ယောက်​တည်းထမ်း​ဆောင်​ရ​လေ​တော့
သည်​။မိခင်​ဘက်​မှအဖိုး၊အဖွား၊ဦး​လေး၊အ​ဒေါ်များသည်​ကားမိမိတို့အိမ်​ဘက်​သို့​ခြေဦးပင်​မလှည့်​ကြ​တော့​ချေ။
မိမိတို့မိသားစုသည်​အိမ်​ရှင်​မမရှိ​တော့သည့်​​နေအိမ်​၌အိမ်​အလုပ်​များဖြင့်​မနိုင်​မနင်းဖြစ်​ကြရသည်​။ဖခင်​နှင့်​မိမိတို့
သည်​​နေသားကျ​စေရန်​အချိန်​အတန်​ကြာပင်​ ကြိုးစားခဲ့ကြရသည်​။
ဖခင်​သည်​သားသမီးနှစ်​​ယောက်​အ​ပေါ်၌တာဝန်​​ကျေ
သည်​ဆိုသည်​ထက်​ပင်​ပို၍တာဝန်​​ကျေခဲ့ပါသည်​။အိမ်​၏
စီးပွား​ရေးအိမ်​မှူကိစ္စမကျန်​ပင်​တာဝန်​​ကျေလွန်းလှပါသည်​။
မိမိတို့​မောင်​နှမသည်​လည်း​ကျောင်းကိစ္စ၊တခြားဗာရီယ
ကိစ္စများဖြင့်​မိခင်​၏အ​ဖေ၊အ​မေ၊ညီအစ်​ကို​မောင်​နှမများအား​မေ့​မေ့​ပျောက်​​ပျောက်​ပင်​ဖြစ်​​နေ​ချေသည်​။
သို့​သော်​လည်းတစ်​​နေ့၌​မောင်​​လေးသည်​ကျူ ရှင်​မှအိမ်​သို့
ပြန်​​ရောက်​ပြီး​နောက်​အ​ဖေ့အားအ​မောတ​ကော​ပြောပါ
သည်​။လမ်း၌သူ့အဘွားကို​တွေ့၍လှမ်း​ခေါ်နုတ်
ဆက်​​ရာအဘွားမှသူ့အားမမြင်​ချင်​​ယောင်​​ဆောင်​၍
တဖက်​သို့လှည့်​သွား​ကြောင်းဖခင်​အား​ပြောပြပါသည်​။
ထိုအခါဖခင်​ဖြစ်​သူမှာ​ဒေါသထွက်​ပြီးမိမိတို့အား၎င်းတို့
၏နာမည်​အားဘယ်​​တော့မှအိမ်​မှာမ​ပြောရဟုအမိန့့်​ထုတ်​ပါ​တော့သည်​။
ထို့​ကြောင့်​လည်းမိမိတို့သည်​ဖခင်​၏​ရှေ့၌မိခင်​​ဆွေမျိုး
များအ​ကြောင်းလုံးဝမ​ပြောရဲ​တော့​ချေ။စာ​ရေးသူလည်း
မိမိ၏​ကျောင်းစာများနှင့်​ပတ်​ခြာလည်​လုံးပန်း​နေရ၍ထို
အ​ကြောင်းအား​မေ့​မေ့​ပျောက်​​ပျောက်​ပင်​ဖြစ်​​နေခဲ့သည်​။
သို့​သော်​လည်းမိမိ၏အဖိုးနှင့်​ဆုံ​တွေ့ရန်​အ​ကြောင်းတိုက်​ဆိုင်​မှူဖြစ်​ပွားခဲ့သည်​။ဖခင်​၏ညီမတဝမ်းကွဲရုတ်​တရက်​​ဆုံးပါးသွားခဲ့သည်​။
အသုဘပို့သည့်​​နေ့၌မိမိ၏ဖခင်​​နေ​မ​ကောင်းသဖြင့်
တစ်​​ယောက်​တည်းသာအသုဘပို့သွားခဲ့သည်​။မိမိ
၏အ​ဒေါ်သည်​မင်္ဂလာဒုံစစ်​​ဆေးရုံမှဗိုလ်​ကြီးတစ်​ဦး
ဖြစ်​သဖြင့်​​ဆေးရုံ၌ပင်​အသုဘအခမ်းအနားပြင်​ဆင်​ထား
ခဲ့ပါသည်​။ထို့​ကြောင့်​လည်းစစ်​​ဆေးရုံသို့သွားခဲ့ရာမိခင်​၏အ​ဖေသည်​၎င်းအသုဘအားလာ၍ပို့​ဆောင်​ခဲ့ပါသည်​။မိမိနှင့်​အဖိုးမိခင်​ဆုံးပါးပြီး၅နှစ်​နီးပါးကြာပြီး​နောက်​ပထမဆုံးဆုံ​တွေ့ခြင်းဖြစ်​သည်​။မည်​သို့ပင်​ဖြစ်​​စေ​သွေး
ကစကား​ပြော​လေသည်​။အဖိုးသည်​မိမိအားဖက်​၍မျက်​ရည်​​တွေဝဲ​နေ​ပေ​တော့သည်​။မိမိနှင့်​အဖိုးအလွမ်းသယ်​၍
မဆုံးနိုင်​ဖြစ်​​နေခဲ့သည်​။
မိမိသည်​လည်းအ​ဒေါ်အသုဘပို့မှအိမ်​သို့ပြန်​ရောက်
ခဲ့​သော်​လည်းဖခင်​အားအဖိုးနှင့်​​တွေ့ဆုံခဲ့သည့်
အ​ကြောင်းအားဖွင့်​ဟမ​ပြောရဲခဲ့​ပေ။ရင်​ထဲ၌ကြိတ်​မှိတ်​၍
သာသတိတရဖြစ်​​နေခဲ့သည်​။စာ​ရေးသူသည်​​မြေးအကြီး
ဆုံးဖြစ်​၍အဖိုး၏အချစ်​ဆုံးလည်းငယ်​စဉ်​ကတည်းက
ဖြစ်​ခဲ့ပါသည်​။ယခုအချိန်​ထိ​လောက၌အချစ်​ဆုံး​ယောက်ျားနှစ်​​ယောက်​ကို​ပြောပြပါဆိုလျှင်​အဖိုးနှင့်​အ​ဖေ
နှစ်​​ယောက်​ဟုပင်​​ဖြေမိ​ပေလိမ့်​မည်​။
သို့​ပေမယ့်​ထိုအချစ်​ဆုံး​ယောက်ျားနှစ်​​ယောက်​သည်​အထင်​လွဲမှူ၊အတ္တ၊မာနများဖြင့်​ပင်​​သေသည်​အထိအချင်းချင်းစကားမ​ပြောကြသူများပင်​ဖြစ်​​ပေသည်​။စာ​ရေးသူ
လည်းမိမိ၏အဖိုးအားတိတ်​ဆိတ်​စွာပင်​လွမ်း​နေရင်းဖြင့်​ပင်​​​နေခဲ့မိပါသည်​။တစ်​ခု​သော​နေ့ရက်​၌အိ​မ်​သို့အ​မေ့
ဘက်​မှ​ဆွေမျိုးတစ်​​ယောက်​​ရောက်​ရှိလာကာအဖိုး​ဆေးရုံ
တက်​ရသည့်​အ​ကြောင်း​ပြောပါသည်​။မိမိလည်းအ​ဖေ
ရုံးမှပြန်​​ရောက်​​သောအခါ၌အဖိုး​ဆေးရုံတက်​​နေ​ကြောင်း
သိရ၍​ဆေးရုံသို့သတင်း​မေးသွားရမည်​ဖြစ်​​ကြောင်း​ပြော
ပြ​သောအခါတွင်​ဖခင်​မှာစိတ်​ဆိုးမာန်​ဆိုးဖြင့်​ပင်​​လက်​ထဲ
ကိုင်​ထား​သော​သောက်​​ရေခွက်​အားပစ်​​ပေါက်​လိုက်
ပါ​တော့သည်​။
စာ​ရေးသူအားစိတ်​ဆိုးမာန်​ဆိုးဖြင့်​မိမိတို့အားနှစ်​ရှည်​လများအသိအမှတ်​မပြုပစ်​ထားသူများဖြစ်​​ကြောင်း၊သားမက်​ဖြစ်​သူအားမည်​မျှပင်​မ​ကျေမနပ်​ဖြစ်​​စေကာမူ
မိမိတို့အား​မြေးအဖြစ်​အသိအမှတ်​ပြု၍​တွေ့ချင်​လျှင်​အိမ်​၌သူမရှိချိန်​လာ၍ခိုး​တွေ့နိုင်​​သည်​ကိုသံ​ယောဇဉ်​ဖြတ်​အဆက်​အသွယ်​ဖြတ်​ထားသူများအားအလွန်​စိ​တ်​နာ
မိ​ကြောင်း​ပြော​လေ​တော့သည်​။စာ​ရေးသူ​အဆက်​အသွယ်​ပြန်​လုပ်​မည်​ဆိုပါကသမီးအဖြစ်​အသိအမှတ်​ပြု
မည်​မဟုတ်​​ကြောင်း၊သူ့အားလည်းဖခင်​အဖြစ်​အသိအ
မှတ်​မပြုရန်​​ပြော​လေ​တော့သည်​။
မိမိ၏ဖခင်​သည်​မိခင်​ဆုံးသည့်​အချိန်​၌အရွယ်​ရှိ​သေး
သည့်​အချိန်​ဖြစ်​သည်​။သို့​သော်​လည်းဖခင်​သည်​မိမိတို့အားတစ်​ဘဝလုံးပုံအပ်​၍ဖခင်​တာဝန်​သာမက
မိခင်​တာဝန်​ကိုယူကာ​ကျွေး​မွေး​စောင့်​​ရှောက်​ခဲ့သူဖြစ်​သည်​။ထို့​ကြောင့်​စာ​ရေးသူသည်​ဖခင်​ကြီးစိတ်​ဆင်းရဲ
ကိုယ်​ဆင်းရဲဖြစ်​မည်​ကိုအထူးမလိုလားခဲ့​ပေ။ထို့​ကြောင့်
မိမိ၏ဆန္ဒအားမျိုသိပ်​၍ဖခင်​စိတ်​တိုင်းကျ​နေ၍တိတ်​တဆိတ်​ပင်​မျက်​ရည်​ကျ​နေခဲ့မိပါ​တော့သည်​။

ဘဝတ​ကွေ့ဝယ်​အပိုင်း(၃)အားဆက်​လက်​ဖတ်​ရှူ့ပါရန်​။
အိအိခိုင်​​ရေးသားသည်​။
MSC No.173

image
Credited image from https://www.pexels.com/photo/man-and-child-walking-near-bushes-during-daytime-167300/

Sort:  

တချို့အရာတွေက ညှိနှိုင်းဖို့အဆင်မပြေလွန်းတော့ လိုက်လျောနိုင်အောင်ကြိုးစားပေးလိုက်ရတာကပဲ အကောင်းဆုံးရွေးချယ်မှုဖြစ်နေပါပြီ မအိရေ

ဟုတ်​တယ်​မဇင်​​ရေ။

လောကမှာဆွေးမျိုးရှား၍ ရွှေရှိမှအမျိုးတော်ချင်သော ရွှေမျိုးများသာပေါ၏။ fighting အမ။

ဟုတ်​တယ်​​မောင်​​လေး​ရေ။

ဖိုက်တင်းမကြီး။အားပေးနေမယ်။

အမြဲအား​ပေးတာ​ကျေးဇူး

အားပေးနေပါတယ် အမ။

ဟုတ်​ကဲ့​ကျေးဇူးအများကြီးတင်​ပါတယ်​ရှင်​။

ကြေကွဲဖွယ်ဝတ္ထုရှည်ကြီးတခုကိုဖတ်နေရသလိုပါပဲ
အားပေးနေပါတယ်

ဟုတ်​ကဲ့။အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ရှင်​။

အား​ပေး​နေပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

အကြောင်းရာတွေက တခါတလေ လက်ဖဝါးနဲ့ နက်ဖမိုး ဖြစ်နေချိန် ညှိရနှိုင်းရ အတော်ခက်တယ်

အမှန်​ပါပဲကိုမြင့်​​ရေ။

ohh so said . ဘယ်တတ်နိုင်ပါ့မလဲလေ ။

ကံတရား​ပေါ့​အေ။ဝဋ်​​ကြွေး​ပေါ့ဦးဦးဒိုမီ

အမျိုး​တေ မ​ကောင်းဘူးရယ်

အမှန်​ပါပဲ။

တခါတ​လေကြလည်း အတ္တ၊မာန ​တွေအရမ်း​ကြောက်​မိတယ်

ဟုတ်​ပါ့

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63252.23
ETH 3035.50
USDT 1.00
SBD 3.73