ဖန်​တီးရှင်​ရဲ့အ​တွေးတစ

in #myanmar5 years ago

ကျူ ရှင်​​တွေနားဘိုင်​ကပြတ်​ဖြင့်​ထွက်​​ငွေကများ။ဝင်​​ငွေ
မရှိ။ဤ​လောကဓံအားမတ်​မတ်​အိတစ်​​ယောက်​လက်​မခံချင်​လည်းလက်​ခံ။ခါးသီးစွာဖြင့်​​ဤအချိန်​ကာလအား
မလိုချင်​စွာ​ကျော်​ဖြတ်​ရင်းဖြင့်​online money​လေး
အားဖုန်းအစုတ်​​လေးများဖြင့်​လှည့်​ပတ်​ကာရှာ​နေမိသည်​။
လာ​ဘောအလာ​ဘောဤ​လောကဓံအားမုန်းတီးမိသည်​။
သို့​ပေမယ့်​လည်းဘုရားရှင်​ပင်​​ကျော်​ဖြတ်​နိုင်​စွမ်းမရှိသည်​ကားမတ်​မတ်​အိလိုပုထုဇဉ်​ငမိုက်​သားအဘယ်​သို့​ကျော်​ဖြတ်​နိုင်​​ပေစွမ်းအံ့။
စာ​ရေးသည့်​အလုပ်​အားလည်း​ရေးလိုက်​မ​ရေးလိုက်​ဖြင့်​​အ​တော်​အတန်​ပင်​ကြာ​နေခဲ့​ပေပြီ။Noteထဲ၌တမျိုး ဗလာစာအုပ်​ထဲ၌တဖုံ​ရေးလက်​စဝတ္ထု ၊ကဗျာမျိုးစုံကဖြင့်​​ရှိ​နေဆဲပင်​ဖြစ်​သည်​။
ဤစာ​ရေးသည့်​အလုပ်​သည်​ကားမိမိ၏ဝါသနာအရင်းခံပင်​ဖြစ်​သည်​။ထင်​​ပေါ်​ကျော်​ကြားလို၍လည်းမဟုတ်​၊ပိုက်​ဆံချမ်းသာလို၍လည်းမဟုတ်​​ပေ။
စာ​ရေးဆရာဟူ၍အမည်​မတပ်​ခံရလည်းမိမိစိတ်​ထဲဘာမှ
မဖြစ်​။ဝါသနာအရင်းခံ​ကြောင့်​သာ​ရေးချင်​တာ​ရေး​နေရရုံ
ဖြင့်​​ပျော်​​မွေ့​နေ​ပေ​တော့သည်​။
ထို့​ကြောင့်​လည်းဝါသနာနှင့်​တသားတည်းဖြစ်​​နေသည့်​ဤစာ​ရေးဖြင်းအား​လောဘ​ဇောတိုက်​၍လုပ်​​နေသည့်​အလုပ်​အချို့အားရပ်​နား၍လုပ်​​နေမိသည်​။
ဤSteemit၌​ရေးသားထားသည့်​အခန်းဆက်​ဝတ္ထုရှည်​ဟုအမည်​​ပေးရမည့်​စာများသည်​ကားတပိုင်းတစဖြင့်​ဗလာစာအုပ်​ထဲ၌ရှိ​နေ​ပေ​သေးသည်​။
မိမိ၏ဇာတ်​​ကောင်​အချို့အားမိမိဘာဖြစ်​​စေချင်​သည်​ကိုစိတ်​ထဲ၌မ​သေခြာမ​ရေရာပင်​ဖြစ်​​နေ​ပေ​တော့သည်​။
နိဂုံး၌ဇာတ်​​ကောင်​နှစ်​​ယောက်​အား​ပျော်​ရွှင်​စရာဇာတ်​သိမ်းဖြင့်​အဆုံးသတ်​ရမည်​လား။ဝမ်းနည်းစရာဖြင့်​နိဂုံးချုပ်​ရမည်​လားတနုံ့နုံ့ဖြင့်​မ​ရေမရာဖြစ်​​နေ​ပေ​သည်​။
တပိုင်းတစဖြင့်​ရပ်​တန့်​​နေသည့်​မိမိ၏ကိုယ်​တိုင်​​ရေးစာ
မူများအားမချင့်​မရဲဖြစ်​​​နေမိသည်​။မပြတ်​သားသည့်​မိမိစိတ်​အားအားမလိုအားမရပင်​ဖြစ်​​နေမိသည်​။
ထိုစာစုများထဲ၌steemit​ပေါ်၌တင်​ဖူးသည့်​ယင်​ဖိုမသန်းသူစာမူသည်​ကားစာ​ရေးသူမိမိအားပို၍အခက်​ကြုံ​စေသကဲ့သို့ပင်​ဖြစ်​​နေ​ပေ​တော့သည်​။
သီသီဇာတ်​ရုပ်​သည်​မိမိ၏စရိုက်​တစိတ်​တပိုင်းပင်​ဖြစ်​​ပေ
သည်​။ထို့​ကြောင့်​သီသီအား​နောက်​ဆုံး၌​ယောက်ျား​ပေး
စားရမည်​​လော။ထို့အတိုင်းပင်​ထားရမည်​​လော။
သီသီအား​​နောက်​ဆုံး၌အိမ်​​ထောင်​ကျခိုင်းရန်​မိမိမှာ
စိတ်​ထဲ၌နှ​မြော၍မဆုံးပင်​ဖြစ်​​နေမိသည်​။
ထို့​ကြောင့်​ပင်​အဆုံးမသတ်​နိုင်​သဖြင့်​မိမိ၏ဇာတ်​​ကောင်​များအားတပိုင်းတစပင်​ပစ်​ထားမိ​ပေ​တော့သည်​။
အ​တွေးတပိုင်းတစဖြင့်​အိအိခိုင်​​ရေးသားသည်​။

MSC 173

IMG_20190301_134724.jpg
Photo my photo

Sort:  

လူတွေအားကျရတဲ့ ဇာတ်ကောင် ဖန်တီးတော့မလား

Posted using Partiko Android

အဲလိုလည်းဟုတ်​ပါဘူး😄😄

တစ်ပိုင်းတစ်စ မမအိပေါ့နော် ဇာတ်ကောင်နဲ့မိမိကိုယ်ကို
အိမ်ထောင်လေးချပေးစေချင်ပါသည်လို့ အဟမ်း😁

တစ်နေ့တစ်လံ ရွေ့ရင် တစ်ချိန်မှာ တစ်နေရာရာကိုတော့ ရောက်မှာပါ

Posted using Partiko Android

ဟုတ်​ကဲ့အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ရှင်

ဆက်ကြိုးစားပါ ညီမရေ

ဟုတ်​ကဲ့မမစု

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84