ရပ်​ကွက်​ဆန်​ခြင်း

in #myanmar6 years ago

စာ​ရေးသူတို့ငယ်​သူငယ်​ချင်းများဆုံ​တွေ့ကြလျှင်​​ပြော​နေ
ကြစကား​လေးအသုံးအနှူန်း​လေးတခုရှိသည်​။၎င်းစကား
အသုံးအနှူန်း​လေးမှာ"ညည်းရပ်​ကွက်​သိပ်​မဆန်​နဲ့​အေ"
ဟူ​သောအသုံးအနှူန်း​လေးဖြစ်​သည်​။
ကျွန်​မတို့သူငယ်​ချင်းတစုကအားအားယားယားသူများ
အ​ကြောင်းစပ်​စုပြီးအတင်း​ပြောတတ်​သူများအားရပ်​ကွက်​ဆန်​သူများဟုအမည်​​ပေးထားကြပါသည်​။မြန်​မာပြည်​၌ရပ်​ကွက်​ဆန်​သူဦး​ရေမှာအလွန်​များပြားလှ​ပေ
သည်​။ကျွန်​မတို့ရပ်​ကွက်​၌လည်းထို့အတူပင်​ဖြစ်​​ပေ
သည်​။ကျွန်​မတို့မိသားစု၏ပင်​ကိုယ်​သဘာဝဓ​လေ့စရိုက်
သည်​သူများအ​ကြောင်းသိပ်​စပ်​စု​လေ့မရှိ​ပေ။ထို့အတူ
အိမ်​နီးနားချင်းများနှင့်​​ခင်​ခင်​မင်​မင်​ရင်းရင်းနှီးနှီး​ခေါ်​ပြော
ဆက်​ဆံ​ခြင်းသည်​ရှိသင့်​သ​လောက်​​တော့ရှိပါသည်​။အကူအညီလာ​တောင်းသူများကိုလည်းကူညီနိုင်​သင့်
သ​လောက်​ကူညီတတ်​ပါသည်​။သို့​သော်​လည်းသူတပါး
၏ကိစ္စရပ်​များ၊အတွင်း​ရေးများ၊​သူတပါး​ပြောမပြချင်​သည့်
ကိစ္စများအားစပ်​စု​လေ့မရှိ​ပေ။
အဘွားအိမ်​မှခွဲထွက်​၍ကျွန်​မတို့မိသားစုအိမ်​အသစ်​၊ရပ်​ကွက်​အသစ်​သို့​ပြောင်း​ရွေ့​နေ​သောအခါ၌လည်းမိသားစု
မှာမိုးလင်းမှမိုးချုပ်​မိမိတို့အလုပ်​နှင့်​မိမိရှူပ်​​နေတတ်​ကြပါသည်​။ထို့​ကြောင့်​ပတ်​ဝန်းကျင်​နှင့်​ရယ်​ပြပြုံးပြသည်​ကလွဲ၍ဆက်​စပ်​မှူသိပ်​မရှိလှ​ပေ။
အထူးသဖြင့်​စာ​ရေးသူကျွန်​မဖြစ်​သည်​။ငယ်​စဉ်​ကတည်းကအဘွားအိမ်​ရှိသည့်​ရပ်​ကွက်​ပတ်​ဝန်းကျင်​ရှိ​ကျောင်း၌
သာတက်​ခဲ့သည်​။ထို​ကျောင်းမှာတက်​ခဲ့သည့်​သူငယ်​ချင်း
များနှင့်​သူငယ်​တန်းမှ၁၀တန်းထိ​ပေါင်းသင်းခဲ့သည်​။၁၀တန်း​ဖြေအပြီးအိမ်​​ပြောင်းလာ​သောအခါ၌ရပ်​ကွက်​အသစ်​၌ရွယ်​တူအ​ပေါင်းအသင်းမရှိခဲ့​ပေ။ကျွန်​မ၏ပင်​ကိုယ်​သဘာဝစိတ်​သည်​အားလပ်​ချိန်​၌စာဖတ်​မည်​။အိမ်​ရှိအလုပ်​များအားကူလုပ်​မည်​။ထိုသို့​သော​အေး​ဆေး
သည့်​စရိုက်​သာရှိသည်​။
ကျွန်​မ​မွေးကတည်းကကြီးပြင်းခဲ့​သောရပ်​ကွက်​ပတ်​ဝန်း
ကျင်​ရှိလူများသည်​မိမိတို့၏သားသမီးများပညာ​ရေးကိုဦး
စား​ပေးသည့်​​အေး​ဆေးတည်​ငြိမ်​လှသည့်​ပတ်​ဝန်းကျင်
ဖြစ်​သည်​။ထို့​ကြောင့်​လည်းပညာ​ရေးဦးစား​ပေးသည့်​မိဘများနှင့်​ပတ်​ဝန်းကျင်​​ကြောင့်​ကျွန်​မသည်​​ကျောင်းစာနှင့်​စာဖတ်​ခြင်းကို​မွေ့​လျော်​ခဲ့သူဖြစ်​သည်​။
သို့​သော်​အသစ်​​ပြောင်း​ရွေ့သည့်​အိ​မ်​အသစ်​ရှိသည့်​လမ်း
ထဲ၌​နေထိုင်​သူအိမ်​နီးချင်း​တော်​​တော်​များများသည်​သူတပါးအ​ကြောင်းအားစပ်​စုအတင်း​ပြောရပ်​ကွက်
ဆန်​သည့်​ပတ်​ဝန်းကျင်​မျိုးဖြစ်​သည်​။မိမိ၏ဖခင်​သည်​လည်းရှိသည့်​​ငွေက​လေးဖြင့်​အဆင်​​ပြေသည့်​ရပ်​ကွက်​၌
အိမ်​ပိုင်​က​လေးတစ်​လုံးကိုပိုင်​ဆိုင်​​စေရန်​ဖန်​တီးခဲ့ရခြင်း
ဖြစ်​သည်​​။၎င်းအိမ်​သို့​ပြောင်း​ရွေ့လာပြီး​နောက်​​ဘေးပတ်
ဝန်းကျင်​၌ရွယ်​တူတန်းတူမိန်းက​လေးလည်းအများအပြားရှိပါသည်​။သို့​သော်​လည်း၎င်းတို့စရိုက်
အား​လေ့လာကြည့်​သ​လောက်​သိရသည်​မှာငယ်​ငယ်​ရွယ်​ရွယ်​နှင့်​ရည်းစားထားအလှပြင်​ပညာမကြိုးစားသည့်
အပြင်​အ​ချေးအငှားထူလွန်းလှသည့်​​ပေါ့​ပျက်​ပျက်​စရိုက်​မျိုးသာ​တွေ့ရှိရ၍ကျွန်​မစိတ်​ထဲ၌အ​ပေါင်းအသင်းမလုပ်​ချင်​လှ​ပေ။ထို့​ကြောင့်​လည်းလမ်း၌ဆုံလျှင်
ရယ်​ပြပြုံးပြသည်​ကလွဲ၍မ​ပေါင်းသင်းခဲ့​ချေ။
ထို့​ကြောင့်​ကျွန်​မ၏ပတ်​ဝန်းကျင်​၌ကျွန်​မ၏စရိုက်​သည်​သီးသန့်​ဆန်​စွာရှိ​နေခဲ့သည်​။ထို့အပြင်​ပတ်​ဝန်းကျင်​၌မိန်း
က​လေးငယ်​ငယ်​က​လေးတချို့သည်​​ယောက်ျား​လေးအ
သက်​ကြီးကြီးအဖိုးကြီးများနှင့်​တွဲသွားတွဲလာလုပ်​၍ကား
ဖြင့်​အကြိုအပို့လုပ်​​နေသည်​ကို​တွေ့မြင်​မိ၍ကျွန်​မအ​ဖေ
သည်​ဤပတ်​ဝန်းကျင်​၌အိမ်​ဝယ်​မိသည်​မှာမှား​လေပြီဟု
မကြာခဏ​ပြော၍ရပ်​ကွက်​သန့်​သန့်​၌အိမ်​အသစ်​ဝယ်​နိုင်​ရန်​ကြိုးစားရမည်​ဟုမကြာခဏ​ပြော​လေ့ရှိခဲ့သည်​။
ကျွန်​မတို့လမ်းထဲ၌​ပြောင်းဖူးပြုတ်​၊ကန်​စွန်းဥပြုတ်​​ရောင်းသည့်​မီးဖို​ဘေး၌မိန်းမကြီးငယ်​များလူစု၍ငုတ်​တုတ်​ထိုင်
ဝိုင်းဖွဲ့ကာလမ်းထဲမှဖြတ်​သွားဖြတ်​လာများအားအတင်း
ထိုင်​တုပ်​​နေခြင်းကိုလည်းအမြဲ​တွေ့မြင်​​နေခဲ့ရပါသည်​။
ထို့ပြင်​ပတ်​ဝန်းကျင်​၌ညဘက်​မူးယစ်​ရမ်းကား၍ဆဲဆို
ကြသူများလည်းရှိပါ​သေးသည်​။ထို့အပြင်​ကျွန်​မတို့၏ခပ်​လှမ်းလှမ်းအိမိတစ်​အိမ်​၌တိုက်​အိမ်​တစ်​အိမ်​ရှိသည်​။ထိုအိမ်​ပိုင်​ရှင်၌သားနှင့်​သမီး၂​ယောက်​သာရှိသည်​။သမီး
ဖြစ်​သူအ​တော်​အသင့်​စာ​တော်​၍စီးပွား​ရေးတက္ကသိုလ်​တက်​​နေသူဖြစ်​သည်​။သို့​သော်​လည်းပတ်​ဝန်းကျင်​ရှိလူများ၏​​အောင်​သွယ်​​ကောင်းမှူ​ကြောင့်​အကျင့်​စာရိတ္တ
ဆိုးရွားလွန်းသည့်​သူနှင့်​အိမ်​​ထောင်​ကျသွားသည်​ကိုကြည့်​၍အ​ဖေသည်​သမီးပျို​လေးကျွန်​မအားပူပင်​​နေရ
ပါသည်​။ထို့​ကြောင့်​လည်း​ဘေးပတ်​ဝန်းကျင်​၏စရိုက်​အား​ကြောက်​လွန်းလှသဖြင့်​ကျွန်​မအားအ​ပေါင်းအသင်း
မလုပ်​ရန်​သတိ​ပေးဆုံးမခဲ့​ပေသည်​။
ထို့​ကြောင့်​လည်းပတ်​ဝန်းကျင်​ရှိရွယ်​တူမိန်းက​လေးများ
ကကျွန်​မအားမာနအလွန်​ကြီးသူဟုထင်​​ကောင်းထင်ခဲ့
ကြ​ပေလိမ့်​မည်​။
ထို့​ကြောင့်​လည်းကျွန်​မလမ်းထဲ၌ဖြတ်​သန်းသွားသည့်​အခါတွင်​မကြားတကြား​စောင်း​မြောင်း​ပြောဆိုခြင်း
များ​လှောင်​​ပြောင်​ရယ်​​မောခြင်းများအားမကြာခဏကြုံ
ရ​လေ့ရှိပါသည်​။သို့​သော်​လည်းမည်​သို့ရန်​စ​စောင်း​မြောင်း​ကြပါ​စေ၊ကျွန်​မသည်​မိမိအလုပ်​ကိုသာမိမိပုံမှန်​လုပ်​၍​နေ
ပါသည်​။၎င်းတို့အားလည်းအင်​မတန်​​အောက်​တန်းကျသည့်​စရိုက်​ရှိသူများဟုစိတ်​ထဲ၌သတ်​မှတ်​ထားခဲ့ပါ
သည်​။
သို့​သော်​လည်း​လမ်းထဲ၌​အေး​ဆေးတည်​ငြိမ်​၍ကျွန်​မတို့
မိသားစုနှင့်​စရိုက်​တူလှသည့်​မိသားစုအချို့ကမူကျွန်​မအားနားလည်​ကြ၍၎င်းတို့အားဂရုမစိုက်​ရန်​​ပြောခဲ့ကြပါ
သည်​။ကာလအတန်​ကြာ​သောအခါ၌ဆိုးရွားလှသည့်​စရိုက်​ရှိသည့်​လူအချို့​ပြောင်း​ရွေ့သွား၍လမ်းထဲ၌
လူရည်​လူသန့်​များလာခဲ့သည်​။မိမိတို့မိသားစု​ပြောင်း​ရွေ့
ကာစအ​ခြေအ​နေ​လောက်​မဆိုးရွား​တော့​​ပေ။
ထို့​ကြောင့်​အတင်းတုပ်​သူ၊ရပ်​ကွက်​ဆန်​သူများနည်းပါးသွားခဲ့သည်​။မြန်​မာလူမျိုး​များ၏ရပ်​ကွက်​ဆန်​မှူစရိုက်
အချို့အားsocial media facebook၌လည်း
မြင်​​တွေ့​နေရပါသည်​။မိမိနှင့်​ရင်းနှီးကျွမ်းဝင်​သူလည်းမဟုတ်​၊ရန်​ညိုှးရန်​စလည်းရှိသူမဟုတ်​သူ၏ပို့စ်​၌တခြား
သူတစ်​​ယောက်​တစ်​​ယောက်​ကကနှိမ့်​ချဆဲဆိုသည့်​​comment​ကိုမြင်​၍ဝိုင်း၍ဆွမ်းကြီး​လောင်းဆဲဆို
မန့်​ကြသည်​ကိုလည်း​တွေ့ရသည်​။ကိုယ်​နှင့်​မပတ်​သတ်
သည့်​အ​ကြောင်းအရာများကိုလည်းဆဲဆိုက​လော်​တုတ်​​ကြသူအ​မြောက်​အမြား​တွေ့​နေရပါသည်​။social media facebookသည်​ရပ်​ကွက်​ဆန်​လွန်းသည့်
မြန်​မာလူမျိုး​များကြောင့်​အတင်းအဖျင်း​ပြောရာ​နေရာဖြစ်​သွားခဲ့​လေသည်​။
မိမိလည်းအကျိုးမရှိသူတပါးလည်းအကျိုးမရှိသည့်​သိမ်​ဖျင်း​သောစကားများ၊ရုတ်​ရင်းကြမ်းတမ်းသည့်​စကားများ
အားတတ်​နိုင်​သ​လောက်​​ရှောင်​ကြဉ်​၍ရပ်​ကွက်​ဆန်​သည့်​အကျင့်​စရိုက်​အ​ပြောအဆိုများအား​နည်းပါးသည်
ထက်​နည်းပါး​အောင်​ကျင့်​ကြံ​နေထိုင်​သင့်​​ကြောင်းမိမိကိုယ်​မိမိသတိ​ပေးဆုံးမရင်းဖြင့်​ဤစာစုအားနိဂုံးချုပ်
လိုက်​ပါ​တော့သည်​။

မြန်​မာလူမျိုးများsteemitတွင်​​အောင်​မြင်​ကြပါ​စေ။
အိအိခိုင်​​ရေးသားသည်​။
MSC No.173.

image
Credited image from https://pixabay.com/en/city-road-community-building-2042634/

Sort:  

မြန်​မာလူမျိုးများsteemitတွင်​​အောင်​မြင်​ကြပါ​စေ။မမလဲစတီးမစ်မှာအောင်မြင်ပါစေ။တစ်ပို့စ်ကိုဒေါ်လာတစ်ရာအထက်ရပါစေဗျာ။

ဟီး​ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေ။

ကျနော်လည်း ပတ်ဝန်းကျင်ဆိုးတွေနဲကြုံခဲ့ရဖူးတယ်

ကိုယ်နေတဲ့ရပ်ကွက်မကောင်းရင် စိတ်ဆင်းရဲစရာပဲနော်။

ဟုတ်​တယ်

လူ့ပတ်ဝန်းကျင်ရဲ့ သဘာဝတခုပါ
အဲဒါတွေကိုဂရုစိုက်နေစရာမလိုပါဘူး

အမှန်​ပါပဲရှင်​။

သမီးပြောတာအမှန်တွေဘဲ။ဘုရားရှင်ဟောထားသော..
မချစ်မနှစ်သက်သောသူနဲ့ပေါင်းဖေါ်နေထိုင်ရခြင်းသည်ဆင်းရဲဒုက္ခဖြစ်သည်ဆိုတာ..အတော်မှန်တယ်။

ဟုတ်​ကဲ့

အခုရပ်ကွက်ဆန်ရုံနဲ့မရတော့ဘူးလေ ကမ္ဘာဆန်တဲ့ခေတ်ဖြစ်နေပြီနော်၊ Globalization age ဖြစ်နေပြီ။

ဟုတ်​တယ်​ဆရာ​ရေ။

Globalization ဆိုတာ ကမ္ဘာကိုရွာလို့ပြောတာ အိခိုင်ကရပ်ကွက်လို့ပြောတာ သူကပိုမြင့်သလားလ်ု့

ကိုယ်နဲ့မလိုက်ဖက်တဲ့ ပတ်ဝန်းကျင်မှာနေရတာလည်း စိတ်ဒုက္ခတစ်မျိုးပဲ

ဟုတ်​တယ်​ရှင့်​။

ကိုယ့်ထမင်းကိုစားပြီးကြီးတော်နွားအငှားကျောင်းနေသူများပေါ့

ဟီးဟုတ်​ပါ့

မှန်ပါတယ်ဗျာ...social media တွေလည်း မြန်မာပြည်ရောက်မှ ဘဝပြောင်းသွားရှာတယ်

ဟုတ်​ပါတယ်​ရှင်​။တခါတခါအရမ်းဆဲတာ​တွေ့​တော့ကိုယ့်​လူမျိုး​တွေအဲ​လောက်​ရိုင်းရလားလို့စိတ်​ထဲဘဝင်​မကျဘူးရှင်​။

Loading...

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97