၁၃ / ၅ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က market correction ဝင်နေပြီ ဖြစ်သော Steem သည် အနိမ့်ဆုံး ဈေးအဖြစ် USD$ 2.59 အထိ ကျဆင်းသွားခဲ့ပါသည်။ ထို့ နောက် ဈေးကွက် ဝယ်လိုအား ပြန်ကောင်းလာကာ အမြင့်ဆုံး ဈေး အဖြစ် USD $ 3.04 အထိ ရောက်ရှိသွား ပြီး ထပ်မံကျဆင်းလာကာ ယခု အချိန်တွင် Bittrex ဈေးကွက် အတွင်း ၌ Steem အား USD $ 2.80 ခန့်ဖြင့် ဝယ်ရောင်းနေကြပါသည်။

လွန်ခဲ့သော ၂၄ နာရီ အတွင်း Steem အား Bittrex ဈေး ကွက် အတွင်း၌ ဝယ်ရောင်းလုပ်ခဲ့သော ပမာဏ မှာ ဒေါ်လာ ၈ သိန်းကျော် ဝန်းကျင်ခန့်သာရှိ၍ Steem မှာ coin marketcap ၏ အဆင့် ၃၃ နေရာတွင် ရပ်တည်လျက်ရှိပါသည်။

Screen Shot 2018-05-13 at 8.07.47 AM.png

ထို့ အတူ SBD ဈေးသည်လည်း လွန်ခဲ့သော ၂၄ နာရီ အတွင်း အနိမ့်ဆုံး ဈေး အဖြစ် USD$2.04 သို့ ကျဆင်းသွားခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် SBD အား Bittrex ဈေးကွက် အတွင်း USD $ 2.20 ခန့်ဖြင့် ဝယ်ရောင်းနေကြပါသည်။

SBD ဝယ်ရောင်းပမာဏမှာလည်း Bittrex ဈေးကွက်အတွင်း၌ လွန်ခဲ့သော ၂၄ နာရီ အတွင်းက ဒေါ်လာ ၂ သိန်းကျော် ဝန်းကျင်သာရှိခဲ့ပါသည်။

Screen Shot 2018-05-13 at 8.08.14 AM.png

နာက် ၂၄ နာရီ အတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးများ ဆက်လက်ကျဆင်းနေအုံးမည်ဟု ခန့်မှန်းရပါသည်။ ဈေးကွက် အတွင်း အချို့ coin များ ဈေးတက်စ ပြုလာပြီ ဖြစ်သော်လည်း Steem & SBD မှာ ဝယ်ရောင်း လုပ်သူများ၏ စိတ်ဝင်စားခြင်း နည်းလာသည့် အတွက် ဈေးကွက် အတက်သို့ ရောက်ရန် အချိန်ယူရမည်ဟု ခန့်မှန်းရပါသည်။

Screen Shot 2018-05-13 at 8.08.29 AM.png
Screen Shot 2018-05-13 at 8.08.43 AM.png
05.jpg
06.jpg

Sort:  

ဒီနေ့ပဲ
SBD
ဝယ်ဖို့ ဖောင်တင်ထားတယ်....
ရောက် မရောက်
စစ်ကြည့်ပေးပါဦးနော်။
Thanks @exchange.msc

ဘယ်လင့်ကနေဝင်သုံးရမလဲ။လင့်တင်ပေးပါ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85