၁၆ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD$1.70 ဝန်းတွင်ရှိနေခဲ့သော Steem ဈေးမှာ အမြင့် coin များ ဈေးကျဆင်းလာခြင်းနှင့် အတူ ယနေ့နံနက်တွင် USD$ 1.64 အထိ ကျဆင်းလာခဲ့ပြီ ဖြစ်ပါသည်။ Steem ဝယ် ရောင်း ဈေးကွက် မှာ လက်ရှိအနေထားတွင် USTD ဖြင့် ရောင်း ဝယ်သော Huobi ဈေးကွက်မှ ၂၄ နာရီ ဝယ်ရောင်း ပမာဏ ဒေါ်လာ ၂ သိန်းကျော်ဖြင့် ဦးဆောင်လျက်ရှိသော်လည်း Steem အနေဖြင့် ကိုရီးယား ဝမ်ဖြင့် ရောင်းဝယ်သော Bithumb တွင် USD$1.70 ဖြင့် အမြင့်ဆုံး ရှိနေပါသည်။ Steem အနေဖြင့် coinmarketcap ၏ အဆင့် ၃၃ နေရာတွင် ရပ်တည်လျက်ရှိနေပါသည်။

01.png

ယမန်နေ့က USD $ 1.35 တွင်ရှိနေသော SBD ဈေးမှာ ယနေ့နံနက်တွင် USD$ 1.25 အထိကျဆင်းနေခဲ့ပြီ ဖြစ်ပါသည်။ SBD အနေဖြင့် Bittrex ဈေးကွက်တွင် ၂၄ နာရီ ဝယ်ရောင်း ပမာဏ ဒေါ်လာ ၃ သောင်းကျော်သာရှိခဲ့ပါသည်။ လက်ရှိ SBD ဈေးကွက်အား Upbit မှ ၈၄ % ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။ SBD ဈေးအနေဖြင့် poloniex ဈေးကွက်တွင် USD$ 1.50 ခန့်အထိရှိနေသော်လည်း deposit သွင်း၍ မရကြောင်း သိရပါသည်။

02.png

နောက် ၂၄ နာရီအတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးဆက်လက် ကျဆင်းနေမည်ဟု ခန့်မှန်းရပါသည်။ Steem အနေဖြင့် USD 1.50 ခန့် နှင့် SBD အနေဖြင့် USD 1.25 အထိကျဆင်းလာမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61191.20
ETH 2972.28
USDT 1.00
SBD 3.48