၁၇ / ၀၈ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

0001.png

ယမန်နေ့က USD$ 0.82 အထိ အနိမ့်ဆုံးကျဆင်းသွားခဲ့သော steem ဈေးမှာ bittrex ဈေးကွက်တွင် ယနေ့နံနက်၌ USD$ 0.90 အထိ တက်သွားခဲ့ပါသည်။ Bittrex ဈေးကွက် အတွင်း ၌ steem အား လွန်ခဲ့သော ၂၄ နာရီ အတွင်း ၌ USD $ ၂ သိန်းကျော် ဝန်းကျင်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် steem ဈေးကွက်အား ၂၄ နာရီ ဝယ်ရောင်းပမာဏ ၁.၃ သန်းဖြင့် ကိုးရီးယား ငွေကြေးဖြင့် ရောင်းဝယ်သော Bithumb က ၃၈% ထိန်းချုပ်ထားပါသည်။

steem အား BTC ဖြင့် ရောင်း ဝယ်သော ဈေးကွက် တွင် Binance က ၂၄ နာရီ ဝယ်ရောင်းပမာဏ ၃ သိန်းကျော်ဖြင့် ဈေးကွက်၏ ၁၁ % အား ထိန်းချုပ်ထားပါသည်။ လက်ရှိ steem ဈေးကွက် တွင် ကိုးရီးယား ဝမ်ဖြင့် ရောင်းဝယ်သော Bithumb အတွင်း၌ USD$ 4 ခန့် ဖြင့် ရောင်းဝယ်နေကြသော်လည်း ပြင်ပ လူများ bithumb ဈေးကွက် အတွင်း အကောင့် ဖွင့်ရန် ခက်ခဲလျက်ရှိပါသည်။

002.png

ယမန်နေ့က USD $ 0.90 ကျော်ခန့်တွင် ဈေးကစားလျက်ရှိသော SBD ဈေးမှာလည်း Bittrex ဈေးကွက် အတွင်း၌ ယနေ့နံ နက်တွင် USD $ 1 အထိ ဈေးတက်သွားခဲ့ပါသည်။ Bittrex ဈေးကွက်တွင် SBD အား ၂၄ နာရီ ဝယ်ရောင်းပမာဏ ဒေါ်လာ USD ၇ သောင်း ဝန်းကျင်ခန့်သာရှိခဲ့ပါသည်။ လက်ရှိ SBD ဈေးကွက်အား ကိုးရီးယား ဝမ်ဖြင့် ရောင်းဝယ်သော Upbit ဈေးကွက်မှ ၆၀% ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။

နောက် ၂၄ နာရီ အတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ USD $ 1 အောက်တွင်သာ ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ steem အနေဖြင့် Bittrex ဈေးကွက် အတွင်း ၌ လက်ရှိ အချိန်တွယ် ဝယ်လိုအား USD $ တသိန်းခန့်သာ ရှိသော်လည်း ရောင်းလိုအား မှာ USD $ ၂ သိန်းကျော် ဝန်းကျင်ရှိနေပါသည်။ SBD ဈေးအတွက်မူ Bittrex ဈေးကွက်အတွင်း ၌ ဝယ်လိုအား USD$ ၆ သောင်း ဝန်ကျင်ခန့်သာရှိ၍ ရောင်းလိုအားမှာ USD$ ၂ သိန်းကျော် ဝန်းကျင်တွင်ရှိနေပါသည်။

MSC- Exchange

Sort:  

အခုလိုတင်‌ပြ‌ပေးတဲ့‌အတွက်‌‌ကျေးဇူးပါ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61191.20
ETH 2972.28
USDT 1.00
SBD 3.48