၁၇/ ၅ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့တနေ့လုံး USD $ 2.70 ခန့်တွင် ဈေးငြိမ်နေခဲ့သော Steem မှာ ယနေ့နံနက်တွင် ဈေးစတင်လှုပ်ရှားလာပြီ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် Bittrex ဈေးကွက်အတွင်း၌ Steem အား USD 2.80 ဝန်းကျင်တွင် ဝယ်ရောင်းလျက်ရှိပါသည်။

Steem ဈေးကွက် တွင် ကိုးရီးယား ဝမ်ဖြင့် ရောင်း ဝယ်သော Upbit ဈေးကွက် မှ ၂၄ နာရီဝယ်ရောင်း ပမာဏ ဒေါ်လာ ၁.၂ သန်း ဖြင့် ဦးဆောင်လျက်ရှိကာ Bittrex ဈေးကွက်မှာ တတိယနေရာတွင် ရှိနေပါသည်။ Bittrex ဈေးကွက် အတွင်း Steem အား ၂၄ နာရီ အတွင်း ဝယ်ရောင်းခဲ့ကြသော ပမာဏမှာ ဒေါ်လာ ၈ သိန်းကျော်သာရှိခဲ့ပါသည်။

01.png

ယမန်နေ့က USD $ 2.15 ဝန်းကျင်တွင် ရှိခဲ့ သော SBD ဈေးမှာ ယနေ့ နံနက်တွင် Bittrex ဈေးကွက် အတွင်း၌ USD$ 2.20 ခန့်ဖြင့် ရောင်း ဝယ်နေကြပြီ ဖြစ်ပါသည်။

SBD ဈေးကွက်အား ကိုးရီးယား ဝမ်ဖြင့် ရောင်းဝယ်သော UPbit trading site တွင်း ဒေါ်လာ ၂.၈ သန်း အထိ ရောင်းဝယ်ခဲ့ကြပြီး ဈေးကွက် တခုလုံး ၏ ၈၈% အား ကိုးရီးယားမှ ထိန်းချုပ်ကစားနေကြခြင်း ဖြစ်ပါသည်။

Bittrex ဈေးကွက် အတွင်း Steem အား ၂၄ နာရီ အတွင်း အများဆုံး ရောင်းဝယ်ခဲ့ကြသော ပမာဏမှာ ဒေါ်လာ ၁ သိန်း ၈ သောင်း ခန့်သာ ရှိခဲ့ပါသည်။

02.png

နောက်၂၄ နာရီအတွက် Steem & SBD ဈေး ခန့်မှန်းချက်မှာ ဈေးကွက် တွင် coin အများ အပြား စိမ်းနေကြပြီ ဖြစ်သော်လည်း Steem နှင့် SBD တို့မှာ ကိုးရီးယား ဈေးကွက်အား မှီခို၍သာ ရှေ့ဆက်နေကြရအုံးမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြင်ပ တွင် coin ဝယ်ရောင်း ဈေးကစားသူတို့ စိတ်ဝင်စားလာအောင် မစွမ်း နိုင်သရွေ့ Steem & SBD အနေဖြင့် USD$ 3 ဝန်းကျင်တွင်သာ ရှင်သန်နေကြရအုံးမည် ဖြစ်ပါသည်။

Steem အနေဖြင့် နောက် ၂၄ နာရီ အတွင်း USD$ 3 အထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပြီး SBD အနေဖြင့် USD$ 2.50 လောက်အထိ တက်လာနိုင်မည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်းခြင်းသာဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်းနေပါသည်။

03.png
04.png

MSC-Exchange Site သို့ဝင်ရန် ကလစ်နိပ်ပါ

msc-5.jpg
msc-6.jpg

Sort:  

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64513.89
ETH 3155.04
USDT 1.00
SBD 4.00