၂၁ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD $ 1.6 ဝန်းကျင်တွင် ဈေးငြိမ်နေခဲ့သော Steem သည် ၂၄ နာရီ အတွင်း အမြင့်ဆုံး ဈေးဖြစ်သော USD $1.71 သို့ ရောက်ရှိသွားခဲ့ကာ တဖြေးဖြေးပြန်လည်ကျဆင်းလာပြီးနောက် လက်ရှိအချိန်တွင် USD$ 1.63 ဝန်းကျင်းတွင် ဈေးငြိမ်နေခဲ့ပြီ ဖြစ်ပါသည်။ Steem အနေဖြင့် Bittrex ဈေးကွက်တွင် ၂၄ နာရီ ဝယ်ရောင်း ပမာဏ ဒေါ်လာ ၂ သိန်းကျော်ခန့်သာ ရှိခဲ့သော်လည်း Upbit ဈေးကွက်တွင် ဒေါ်လာ ၃ သိန်းကျော် ပမာဏ အထိ ဝယ်ရောင်း ဖြစ်ခဲ့ပါသည်။ လက်ရှိ Steem ဈေးမှာ Gopax ဈေးကွက်တွင် USD 1.76 အထိ ဈေးရှိနေသော်လည်း ၂၄ နာရီ ဝယ်ရောင်း ပမာဏမှာ ဒေါ်လာ ၆ ထောင် ကျော်သာ ရှိခဲ့ပါသည်။

01.png

ယမန်နေ့က USD $ 1.30 ခန့်ရှိခဲ့သော SBD မှာ ယနေ့နံနက်တွင် USD $1.25 အထိ ဈေးကျသွားခဲ့ပြီ ဖြစ်ပါသည်။ SBD အနေဖြင့် Bittrex ဈေးကွက်တွင် ၂၄ နာရီ ဝယ်ရောင်းပမာဏ ဒေါ်လာ ၄ သောင်းကျော် ခန့်သာ ရှိခဲ့သော်လည်း ကိုးရီးယာ ဝမ်ဖြင့် ရောင်းဝယ်သော Upbit ဈေးကွက်တွင် ဒေါ်လာ ၈ သိန်းကျော်အထိ ဝယ်ရောင်း ဖြစ်ခဲ့ပါသည်။ လက်ရှိ SBD ဈေးကွက် အား Upbit မှ ၉၀ % ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။

02.png

နောက် ၂၄ နာရီ အတွင်း Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးများဆက်လက်ကျဆင်းနိုင်ပါသည်။ Steem အနေဖြင့် USD $ 1.45 ခန့် နှင့် SBD အနေဖြင့် USD $1.20 ခန့်အထိကျဆင်းလာနိုင်ပါသည်။ ဤသည်မှာ ဈေးကွက် ခန့်မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက် မှာ အချိန်မရွေး ပြောင်း လည်းသွားနိုင်ပါသည်။

MSC Exchange

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62349.28
ETH 3026.88
USDT 1.00
SBD 3.67