သာအေး ပြောတဲ့ သာအေး အကြောင်း....

in #myanmar6 years ago

ရာသီဥတုကသာယာနေတယ်ဗျာ အိပ်ယာကမထချင်ထချင်နဲ့
ငိုက်လျှက်လမ်းရှောက်ရင်း စနေ တနင်္ဂနွေနှစ်ရက် မနက်
စောစောအလုပ်သွားရတာ အခုဆို "သာအေး'" ၃နှစ်တင်းတင်း
ပြည့်ခဲ့ပီပေါ့ မိုးအေးကအုံ့ လေက တဖြူးဖြူးနဲ့ ရွာမှာဆို
ဘယ်ကလာ အလုပ်သွားမယ် မနက်စောစောမကလို့ ဘာဘဲ
ဖြစ်ဖြစ် မျက်နှာသစ်ပီးတာနဲ့ ပြေးပီ အရင်ဦးဆုံး ရွာထိပ်က
ထန်းတောကို အမြည်းလေးနဲ့ အေးအေးဆေးဆေး နှပ်
ကောင်းနေတဲ့ အချိန်တွေပေါ့ဗျာ အခုတော့ မြို့ကြီးပြကြီး
တွေကို နည်းနည်းတော့ စိတ်ကုန်ချင်သလို ဖြစ်လာပီဗျာ

image

ဒါပေမယ့်လည်းဗျာ "လူ့ဘ၀မှာ ငွေမရှိရင် မျက်နှာငယ်"
အလုပ်မရှိ လူရာမ၀င် " ဆိုတဲ့ သာဓကလေးတွေလည်း
ရှိခဲ့ဖူးတာမို့ အော်....မဖြစ်ချေဘူး ဘယ်လောက် အိပ်ချင်
နေပါစေ မက်တပ်လမ်းလျှောက်ရင်း အိပ်ရင်းလည်း
ဒီ စနေတနင်္ဂနွေ နှစ်ရက်ကိုတော့ အလုပ်မပြတ်အောင်
ရုန်းကန်ရအုန်းမယ် စိတ်ကိုအလိုလိုက်လို့တော့ မဖြစ်ချေဘူး
စိတ်ကိုအလိုလိုက်မိရင် ကျနော့်မိန်းမ မဒမ်သာအေးလို ပျင်းရိ
လေးလံလာမှာလည်း စိုးရိမ်ရသေးဗျ..ဟီးးးးး.....

image

ရာသီဥတုသာယာလွန်းချက်ကတော့ဗျာ ဈေးဝယ်လာတဲ့
ဧည့်သည် ၁၀၀% မှာ ၉၀ % က ဘီယာပုလင်းလေး
လက်ကကိုင် အမြည်ထုတ်လေးဆွဲလို့ အေးအေးလူလူ
ဈေးဝယ်ထွက်နေတာက မချိမခံသာဖြစ်မိတယ်ဗျာ...
ကိုယ်လည်း တစ်နေ့ Steem coin 100$ ဈေးရောက်ရင်
ဘီယာပုလင်းလေး လက်ကကိုင် အမြည်လေးဆွဲပီး
ကမ္ဘာပါတ်အုန်းမယ်...ကိုယ်တွေးထားတာလေးကိုပြောပြတာပါ
ဧည့်သည်တွေကတော့ ဘီယာလေးသောက် အမြည်းလေးစား
လမ်းကို လျှောက်ယုံလေးလျှောက်နေကြတာ ဈေးကမ၀ယ်
တေနာလေးတွေ အမြင်တအားကပ်လာပီလေ ဟုးးးးးး
သူဌေးက ညနေ ၃နာရီ ထိုးပီဆိုတာနဲ့ ရောက်လာပါပီ
ဆိုင်ကို မေးနေကျစကားလုံးလေးက ရောင်းကောင်းလား"
ကိုယ်လည်းဒီနေ့ကျမှ မေးမှမေးရက်တယ်နော် ဟု စိတ်ထဲက
ဖြေပေးလိုက်ချင်တာ ဟုတ်တယ်လေ တစ်နေကုန် မစဲတဲ့မိုး
ဖွဲဖွဲလေးကျနေတာကို ဈေးရောင်းကောင်းလားတဲ့ဗျာ..

image

ညနေထိရောက်လာပီ မိုးကမစဲ ညဈေးကို ဆက်ကူးရအုန်းမယ်
အဲ့ဒီနေ့ဈေး ဆိုင်သိမ်းခါနီးအချိန်ထိ ဘတ်ငွေက ၃၅၀၀ ဘဲရသေး
ကိုယ့်နေ့စားခတင် ၁၂၀၀ ဆိုတော့ သူဌေးမျက်နှာက ချီးမှန်
နေသလိုဘဲ မတက်နိုင်ဘူးလေ ကိုယ်လျှောက်သွားနေတာမှမဟုတ်
မိုးရွာလို့ဧည့်းည်မလာတာ လာတဲ့ဧည့်သည်ကလည်း အမူး..
သောက်နေတာဆိုတော့ ဈေးဝယ်ဖို့ထက် ဖာ ဘဲစိတ်ဝင်စား
နေကြတာလေ အော် ဖာဆိုတာနဲ့ တစ်မျိုးမတွေးနဲ့အုန်း သူတို့
ဝယ်ထားတဲ့ ဂျက်ဖာတွေ ရေစိုမှာဆိုးလို့ မူးမူးနဲ့ ရေမစိုအောင်
ကာကွယ်နေကြတာကိုပြောတာနော် ဟီးးးးး.......
ညနေအိမ်ပြန်ချိန်လေး ၈၀၀၀ ဖိုးလာဝယ်သွားတဲ့ ဧည့်သည်တွေကို
သူဌေးက ထိုင်ပီးကန်တော့မတက် ကျေးဇူးတင်နေတာ
ကိုယ်လည်း အဲ့ကျမှ ဟူးးးးးး တော်ပါသေးရဲ့ အလုံးကျသွားပီ...
မိုးက ညဈေးကို ကူးမည့်အချိန်ထိ ကျနေတုန်းဆိုတော့
ရွာမှာနေကတည်းက ထီးဆိုတာဘာမှန်မသိ ထန်လတ်လောက်သာ
သိတဲ့ ကျွန်တော် ထီးမပါတော့ မိုးပျံရထားစီကို ဒုန်းစိုင်းပြေး
ရတာပေါ့ဗျာ ရထားဂိတ်ရောက်လို့ အမောပြေမလား အောင့်မေ့တယ်
ထွီ....ပြည့်လျံနေတာဘဲ......😤😤😤😤😤😤😤

image

Post writer : ThiHaKo(@gelatofresco)
From Myanmar
Photo by me
MSC 019

Sort:  

ကျနော်ကတော့သင်တန်းသွားရင်းနဲ့ဘဲ bus ပေါ်မှာ လာအားပေးခဲ့တယ် ကိုသာအေးရေ

ဟုတ်အကိုသီဟကျေးဇူးပါခင်ဗျ

မင်း post ကိုဖတ်ရင်မျက်နှာသစ်လိုက်တာပေါ့ကွာ

ဦးလေးအားပေးတာပျော်ပီလေ

အလုပ်ကြိုးစားတဲ့ ကိုသာအေး တစ်နေ့တော့ အဲဒီအကျိုးတွေ ခံစားရမှာပေါ့အစ်ကို။ပို၍အေးချမ်းပြီးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်အစ်ကို။

ကျေးဇူးပါအကိုပေးတဲ့ဆုလေးပြည့်ပါရစေခင်ဗျ

အဟိ...အစုံသုပ်​ပဲ​ဗျ..​နော်​..

ဟုတ်ပါ့ဗျာ

Free Upvote plus you get 0.1 steem just to sign up !
http://mcg6000.com/booster

အာ့မျိုး ယုံရင် သွားကြည့်လေ main key လေးနဲ့ 😊


Warning Phishing Link!
  • Do Not Click on Bad Links
    They Steal Account.

  • 그들은 계정을 훔치는 나쁜 링크를 클릭하지 마십시오. !

  • Jangan klick Tuatan Buruk , mereka curi akun kamu

If you have provide your password to the link , make sure you change your password immediately!

ရထားဂိတ်​မှာအ​မောဆို့သွားတာလား?😁😁

အေးဆိုဗျာ လူက ညှပ်သိပ်နေတာဘဲ

သနားပါတယ် ဖလက် ဖလက်ကို မောလို့ ရေသောက်ပါအူး🥛🥛😁

ရေကလမ်းသွားရင်းသောက်ရတာ

မိုးအေးအေးနဲ့တော့ ကွေးကောင်းပြီလေ😂😂

ကွေးမရသေးပါဘူးဗျာ

တော်သေးတာပေါ့ အိမ်ပြန်ချိန်လေး ကံကောင်းသွားလို့ မဟုတ်လို့ကတော့ ကိုသာအေးတစ်ယောက်မျက်နှာပူနေရမှာ မြင်ယောင်သေး

ဟုတ်ပါတယ်ဆို အပြန်နောက်ကျမှာဆိုးတာ

ငွေ မရှိရင် မျက်နာငယ်တယ် ဟုတ်တယ်

မှန်သောစကားပါဗျာ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62699.43
ETH 2963.61
USDT 1.00
SBD 3.61