သဘာဝဟာ သဘာဝပါ

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့တော့ ဆေးခန်း ဖွင့်ထားရာ မြင်းသည်ရွာမှ
ညောင်ကုန်းရွာ မြင်သာဘုန်းကြီးကျောင်းသို့ လူနာ
ဆေးကုသမှု ပြုရန် သွားခဲ့ပါတယ်။
ထိုသို့ သွားရာလမ်း၌ မြက်စားနေသော နွားနှင့် အစာရှာရန်
နားနေကြသော ဗျိုင်းတွေကို မြင်ရသောအခါ
ဓာတ်ပုံရိုက်ယူချင်စိတ် ပေါ်ပေါက်လာ၍ အောက်ပါပုံကို
ရိုက်ခဲ့ပါတယ်။
IMG_20191002_101039.jpg
သဘာဝကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်လင့်ကစား
သဘာဝရှုခင်းအလှများကို မြင်ရသည့်အခါ ဓာတ်ပုံ
မရိုက်ဘဲ မနေနိုင်ပါ။
ဓာတ်ပုံရိုက်ယူထားမှလည်း ယခုလို စတီးမစ်၌ ပို့စ် တင်လို့
ရမည် မဟုတ်ပါလား။

ယနေ့ ရသီဥတု အခြေအနေမှာ တိမ်ထူထပ်နေပြီး ပူလိုက်
အုံ့လိုက် ဖြစ်နေပါတယ်။ ကောင်းကင်ပြင်သည်လည်း
တစ်ခြမ်း‌ နေသာ တစ်ခြမ်း တိမ်ထူ ဖြစ်နေပါတယ်။

ထို့အတူ ကျွန်တော်၏ စိတ်သည်လည်း ပျော်လိုက် ပျင်းလိုက်
ဖြစ်နေသလို စတီးမစ် သုံးရသည်မှာလည်း စိတ်မပါတပါ
လုပ်လက်စက ရပ်မရ ဖြစ်နေတော့သည်တကား။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
@golden.future

Sort:  

Congratulations @golden.future! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 250 as payout for your posts. Your next target is to reach a total payout of 500

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steem users. Learn how here!

Thank for new badge

Posted using Partiko Android

Lovely picture 👌

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62989.29
ETH 3048.32
USDT 1.00
SBD 3.99