အေးချမ်းသာယာ ကရင်ဖြူရွာ

in #myanmar6 years ago

image

ဒီနေ့ မှ နေကပို၍ ပူနေသယောင်ပင် ရွာမှ ထွက်လာတော့ နှင်းပင်မကွဲသေး။ ကျုံဒိုး မြို့ပေါ်ရောက်တော့ အပူဒဏ်စခံရသည်။ တစ်ကိုယ်လုံး ချွေးတို့ ရွှဲလျက် လက်တို့ ပင် ချွေးစေးများဖြင့် စေးထန်းထန်းဖြစ်နေပေသည်။ မလာ၍ ကလည်းမဖြစ် မိမိနှင့် ဆွေမျိုးတော်သည့် ဝမ်းကွဲ အမတစ်ဦး၏ မင်္ဂလာပွဲမို့  အလုပ်အကိုင်နေ့  မတိုင်ခင် ဖွားအေကို လာပို့ ရသည်။ ပြီးလျှင် ချက်ချင်းပြန်ရမည်။ မနက်ဖြန် အလုပ်အကိုင်ကိုတော့ အမိုးတို့ နှင့်အတူ ပြန်လိုက်လာရပေဦးမယ် ။မင်္ဂလာပွဲ တစ်ခု ကျင်းပသည်ဆိုလျင် မိမိတို့  တောရွာများအဖို့  ဆွေမျိုးအင်အား ပြသည့်ပွဲပမာ မတော်လည်းစပ်၊ တော်လည်းစပ်ပြီး ဝိုင်းဝန်းကူညီ လုပ်အားပေးရသည်မှာ အစဉ်အလာ တစ်ခုလိုပင် ဖြစ်နေတော့သည် ။
image
မင်္ဂလာပွဲကြီး ပြီးမြောက်သွားပြန်တော့လည်း သူ့ ဆွေမျိုး၊ ငါ့ဆွေမျိုး အကုန်ပြန်ကြလေပြီ။ မိမိကားမပြန်ချင်သေးပေ။ အစ်ကို တွေနှင့်အတူ သူငယ်ချင်းနေထိုင်ရာ ရွာလေးကိုလိုက်ချင်လှပေသည် ။သို့ သော် အမိုးက စိတ်မချ၍ မလွှတ် ။ဒီလိုတော့ အဖြစ်မခံနိုင်။ အမိုးစကား နားထောင်ပြီး အိမ်တွင်းပုန်းနေရတာကြာတော့ လူက အပင်တောင်ပေါက်တော့မယ် ။မျက်စိမပွင့်၊ နားမပွင့်နှင့်ဆိုတော့ စိတ်ကို ဒုံးဒုံးချလိုက်မိသည်။ အမိုးမလွှတ်လည်းသွားမည်။ အိမ်ပေါ်ကမောင်းချလည်း ခံမည်ဟုသာ။ သူငယ်ချင်းတို့ ရွာကား သူလိုငါလို နေထိုင်ရာ ကရင်ရွာကလေးဆိုသော်ငြား အလွန်ပင် ရှေးရိုးဆန်သည်။ မိမိတို့ နှင့် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် နေထိုင်ကြသော ကရင်ဖြူရွာကလေးမို့  ပို၍ စိတ်ဝင်စားမိသည်။
image
image
မနက်အစောကြီးသွားရမည်ဆိုတော့ ညကတည်းက ပြင်ဆင်လို့  မနက်ကျတော့ အစ်ကိုတွေရယ် သူငယ်ချင်းမတွေရယ်နဲ့ ရွာသို့  သွားခဲ့ကြသည်​။ ရွာက အနည်းငယ် ခေါင်သည်။ သို့ ပေမဲ့ သစ်ပင် တောတောင်များ အုံ့ ဆိုင်းနေကာ အေးချမ်းသာယာလှပါသည်။ရွာနှင့်​မလှမ်းမကမ်းတွင်​ လေးထော်ခို့  ရေတံခွန်ဆိုတာကလည်း ရေများတစ်ဝုန်းဝုန်းနှင့်စီးဆင်းလျက်​ ပျော်ရွှင်ဖွယ်ရာအတိပင်။ ရွာလေးကား ရှေးဆန်သည် ခေတ်မှီသည်ဟုပင် ဆိုပါရစေ။ ကိုယ်ပိုင် ရေအားလျှပ်စစ်စက်သေးလေးများဖြင့် မီးရအောင် သွယ်တန်းထားသည် ။ထူးဆန်းသည်ကား ထိုရွာရှိ ကရင်လူငယ်များလိုလို အများစုက သျောင်ထုံးများထားရှိကြသည် ။ရှေးခေတ် လူကြီးများသဖွယ် ကိုယ်ကျင့်သီလ လည်းပြည့်စုံကြသည်။ ကိုးကွယ်ရာကား ဗုဒ္ဓဘုရားရှင်ဖြစ်ပေမဲ့ အသက်ကြီးပြီး ဝတ်ဖြူစင်ကြယ်ဝတ်ထားသော ဘရသေ့ဟု ခေါ်သည့် သူတော်စင်ကြီးမျာအပေါ်လည်း ကိုးကွယ် ယုံကြည်ကြပါသေးသည်။
image
image
သီလဆောက်တည် ကျင့်သုံးရမည့်ရက်ဆိုလျှင် ကရင်ဖြူတို့ ရိုးရာ သင်တိုင်းဝတ်စုံများ ဝတ်ဆင်ကြရသည် ။ဘာသာရေးဂိုဏ်းတစ်ခုအနေနှင့် ဘိုးရသေ့ခေါ် ဝတ်ဖြူစင်ကြယ် သူတော်စင် ကြီး၏ ဆုံးမသြဝါဒကို ခံယူကျင့်သုံးရသည်။ အလွန်ပင် အေးချမ်းလှပါဘိ။ ထိုရွာကလေးရှိ မည်သူတစ်ဦးတစ်ယောက်မျှ လောဘ၊ ဒေါသ ရယ်လို့  မရှိသလောက်ပင် ရှားပါးလှသည်။နေစရာအတွက်​လည်း တောထဲမှ ရရှိသော သစ်၊ ဝါးများဖြင့် အိမ်လေးများဆောက်ကာ နေထိုင်ကြသည် ။အိမ်တိုင်းလိုလို ချမ်းသာသည်ဟုမဆိုနိုင်​သ်ာလည်း​​ ထွန်စက်များ​​၊​​ထော်လာဂျီများရှိကြသည်။သို့ ​သော်​​​ ​​​​​​ပိုက်ဆံ အသပြာဟူ၍ မသုံးစွဲတတ်ကြပေ။ ကွမ်းသီးခြံများ လုပ်ကိုင်ကြပြီး ထိုကွမ်းသီးများဖြင့် ဆန်၊ ဆီ ၊ ဆားလဲလှယ် သုံးစွဲကြသည် ။လူနည်းစုကတော့ မြို့ပေါ်တတ်၍ ရောင်းချပြီး လိုအပ်သည်များ ပြန်၍ ဝယ်လာလေ့ရှိသည် ။ရွာတွင်တော့ ငေစက္ကွူက အသုံးမဝင်သလောက်ကို တန်ဖိုးမဲ့ပါသည် ။
image
မိမိသည်လည်း ကရင်လူမျိုး၊ သူတို့ သည်လည်း ကရင်လူမျိုး သို့ သော် ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု နေထိုင်မှု စသည့်ဓလေ့များကား
ကွဲပြားခြားနားလှသည် ။ကလေးသူငယ်မှစ၍ လူကြီးတိုင်အောင် မြင်ရတွေ့ရ သူအဖို့ မှာ အေးချမ်းလှပေသည်။ ရှေးဆန်သည်ဟုဆိုငြားသော်လည်း စိတ်နေစိတ်ထားမှာ မိမိတို့  မြို့နေလူတန်းစားထက် များစွာ သာလွန်ပါသည် ။ ရွာတွင်းသို့  လူစိမ်းများ တော်ရုံအဝင်မခံချေ။ မိမိတို့ မောင်နှမ တစ်စုကား ဖခင်၏ ရင်းနှီးမှုဖြင့်သာ ဝင်ရောက်လည်ပတ်ခွင့်ရခြင်းဖြစ်ပါသည်။ မိမိအတွက်တော့ သူငယ်ချင်း အသစ်များ ရရှိသလို ဗဟုသုတ များလည်းတိုးခဲ့သဖြင့် အမြတ်ထွက်ခဲ့သည်ဟုသာ ဆိုချင်ပါသည်။ ထိုရွာကလေး၏ အေးချမ်းသာယာမှုနှင့် ရွာသူရွာသားများ၏ ဖော်ရွေမှုကား ယနေ့ ထိ မမေ့နိုင်တော့ပါ။ အခါအခွင့်သင့်လျှင် သွားရောက် လည်ပတ်ချင်ပါသေးသည် ။

မိမိအား ချစ်သူ၊ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

MSC-181
Author-@gunapeya
Photo by Naw May

Sort:  

အရမ်း​အေးချမ်းပြီး ​လောဘ ​ဒေါသ​တွေ ကင်းစင်​​နေတဲ့ ရွာ​လေးကို မ​ရောက်​ဘူး​ပေမယ့်​ အရှင်​ဘုရား အ​ရေးအသားနဲ့တင်​ ​ရောက်​ဖူးသလို ခံစားရပါတယ်​ ဘုရား ..

ကျေးဇူးပါ မြန်မာပြည်သားရေ နောက်ဆို ပိုပြီး ကြိုးစားချင်စိတ်ဖြစ်လာတယ်

ရိုးသားပွင့်လင်းတဲ့ကရင်လူမျိုးလေးတွေပေါ့။ချစ်စရာလဲကောင်း။တူညီဝတ်စုံလေးတွေနဲ့ဆိုတော့တော်တော်လေးလဲလှတယ်။စည်းလုံးသလိုဖြစ်တာပေါ့ဦးဇင်းရေ။

ဒါပေါ့ g4 တစ်ရက်လောက် သွားလည်ကြမယ်လေ

လောဘ ​ဒေါသ​တွေနည်းတဲ့ရွာ​လေးဘဲ
ရောက်​ဖူးချင်​မိတယ်

သွားလည်ဖြစ်ရင် ခေါ်မယ်လေ

ဒါမှ ဒို့ဦးဇင်းကွ

အုအင် ပါတေ ဝမ်းသာနာလဲ

အတော်လေးကိုအေးချမ်းသာယာတဲ့ရွာလေးပေါ့နော်

ဟုတ်တယ် အဲ့ထက်ကို ပိုသာယာပါတယ်

ဦးဇင်း အရေးအသားနဲ့တင် ရွာလေးရဲ့ အနေအထားကို မှန်းဆလို့ ရပါတယ် ဘုရား

ဟုတ်တယ် မတ်စုရေ ဒီထက်ပိုပြီး သာယာတယ်လို့ သာ ပြောပါရစေ

အရေးအသားနဲ့တင်ပြပုံကလေးတွေက လက်ကျမသွားပါဘူး၊ ဒီတိုင်းဆက်ထိန်းထားပါကောင်းမွန်သေသပ်လှပါတယ်။

ကျေးဇူးပါ ဆရာ တစ်ခါတစ်လေ လက်ပြတ်ပြီထင်လို့  စာရေးဖို့ တောင် ရှက်နေခဲ့ဖူးပါတယ်

အေးချမ်း ငြိမ်းချမ်းတဲ့ဒေသလေးရောက်ချင်ပ

ဦးထွေးရေ ငယ်တုန်းသွားထားနော့

အာ့ဆို ဦးဇင်းက ကရင်လူမျိုးပေါ့

ကပြားပါ အဖေကရင် အမေရခိုင် ဦးဇင်းက ထားဝယ်

တပည့်တော်ရောက်ဖူးတဲ့ရွာလေးတစ်ရွာမှာလည်း အဲ့လိုပါပဲဘုရား ဒါမယ့်သူတို့တွေက ခရစ်ယာန်ရွှာလေးပါ

ဟုတ်တယ် အဲ့လိုတောရွာလေးတွေကမှ တကယ်နေလို့ ပျော်ရွှင်ဖွယ် ဖြစ်တာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94