ငယ်ငယ်တုန်းက စာသင်သားဘဝ( ၁ )

in #myanmar6 years ago

image
" ကလောင် ကလောင် " ဟူသော စာအံ့ကျောင်းဆင်း ခေါင်းလောင်းသံ ကြားတော့မှ စာကျက်ခြင်းအလုပ်ကို ရပ်နားရသည်။ နာရီကြည့်မိတော့ ၁၀ နာရီ အတိပင် စာအံ့ကျောင်း စောင့်သည့် စာချဆရာတော်ကား အချိန်တိကျသည်။ တစ်မိနစ်မှ နောက်ကျတာ မကြိုက်သလို စာကျက်ဆင်းခိုင်းသည့် အချိန်ကိုလည်း တစ်မိနစ်မှ မစွန်းစေရ အတိအကျ ဆင်းပေးသည်။ စာကျက်လွှတ်သည်နှင့် မိမိနေရာအဆောင်ပြေးပြီး မားမားခေါက်ဆွဲပြုတ် နူးနူးအိအိလေးစားရင် စာကျက်တုန်းက မခံသာအောင် ဂြီဂြီ အော်နေသော ဗိုက်ကို ပြန်ပြီး ချောမော့ရလေသည်။ မားမားပြုတ်စားရင်းမှ မိမိ၏ စာသင်သားဘဝ တစ်ဆစ်ချိုး ပြောင်းလဲခဲ့သည်ကို ပြန်ပြီးမြင်ယောင်မိလိုက်သေးသည် ။
image
၂၀၀၇ ခုနှစ် မိမိ၏ စာသင်သားဘဝ စတည်ရာ မော်လမြိုင် ဆင်ဖြူ စာသင်တိုက်ကြီးမှာပေါ့။ အဲ့အချိန်က သံဃာ အပါး ၃၅၀ မျှသာရှိပါသေးသည်။ မိမိနှင့် အတန်းတူ အရွယ်တူ ကိုရင်ငယ်လေးများကလည်း ၁၀၀ ကျော်ကျော်နှင့်မို့  ပျော်စရာကောင်းလှသည်။ ယခုကဲ့သို့  ခေတ်မီပစ္စည်းတွေ မပေါ်သေးသည့် အချိန်ကာလလည်းဖြစ်တော့ ရေဒီယိုတောင် ဘယ်လိုဖွင့်ပြီး နားထောင်ရမယ်ဆိုတာ မသိကြတဲ့အရွယ်တွေမို့  တစ်ပါးနှင့် တစ်ပါး ညီအစ်ကိုရင်းများပမာ အချိန်ပေးခဲ့ကြသည်။ ရင်နှီးခဲ့ကြသည။် မိမိတို့  မူလတန်း စာချဆရာတော်ကား အလွန် အရိုက်ကြမ်းသည်။ ပိုဆိုးသည်ကား ဆွမ်းကျောင်းဘုန်းကြီး ဖြစ်နေခြင်းပင်တည်း။ ထိုအချိန်က မိမိတို့  ညဘက် စာအံ့ကျောင်းဆင်းသည့်အချိန်ဆို တစ်ဦးနှင့်တစ်ဦး မျက်စပစ်ပြသည်နှင့် အထာနပ်ကြသည်။ ဆွမ်းကျောင်းမှ ဟင်းပေါင်းခိုးစားရန် အဖော်ညှိကြသည်။ မဲစနစ်ဖြင့် မဲကျသူ သွားခိုးရသည်။ ဘုန်းကြီးမမိဘဲ ပြန်လာနိုင်ရင်တော့ ခေတ်စကားနှင့်ပြောရလျင် အကောင်ပဲ HERO ကြီးပဲပေါ့ ။မိမိအလှည့်မှာတော့ ဘုန်းကြီးမိလို့ ထားဝယ်ကြိမ်လုံးစာမိတဲ့အခါက များလှသည်။ ဗိုက်ဆာလို့  မလှုပ်ချင်ရသည့်အထဲ ကြိမ်လုံးနှင့်ပါညားတော့ အဖော်များက တွဲယူရသည်အဖြစ်ပေါ့ ။ ဆွမ်းကွမ်းကလည်း သိပ်ပြည့်စုံသည်တော့မဟုတ်ပေ။ သို့ သော် နေ့ ဆွမ်းဆို သိပ်မဘုဉ်းပေးချင်ကြပါ ။ ညဘက် စာကျက်ဆင်းချိန်ဆိုလျင်တော့ ဖြစ်နိုင်ရင် လူသားပါစားမိမှာ ဧကန်ပင်။ နေပူပြင်းတဲ့ ရက်တွေဆိုလျင် မိမိတို့  အာရုဏ်ထဲက သိမ်းဆည်းထားသည့် ထမင်းကျန် ဟင်းကျန်က ည၉နာရီ ၁၀ နာရီဆိုလျှင် သိုးစော်နံပြီး ချဉ်တောင် ချဉ်နေပါသည်။ မိမိကား အစာဂျီးများသူမို့  မစားဘူးဟု မာန်တင်းနေပေမဲ့လည်း နောက်တော့လည်း စားခဲ့ရဖူးပါသည်။ အပြစ်မြင်ကောင်း မြင်နိုင်ပါသည်။ ကိုရင်တွေ ညစာစားတဲ့အတွက် အပြစ်ဖြစ်နိင်ပါသည် သို့ ပေမဲ့ တစ်နေကုန် အော်ဟစ်ထားရတဲ့ အတွက် ဝမ်းဗိုက်ဟာနေသည့်အဖြစ်ကို ဖြည့်တွေးစေချင်ပါသည် ။
image
မိမိတို့  ဆွမ်းခံထွက်လျှင် မားမားခေါက်ဆွဲ တစ်ထုပ်လောက် လောင်းသည့်အိမ်ဆိုလျှင် တကယ်ဇောတိက သူဌေးကြီးဟုပင်ထင်မိသလို ခေါက်ဆွဲထုပ်ရသည့် ကိုရင်မှာလည်း ကျောင်းထိုင်ဆရာတော်အလား ဘုန်းကြီးလှပေသည်။ ထိုတစ်ထုပ်မှာ ဆယ်ပါးလောက်ကို ထမင်းသိုး ဟင်းသိုးဘေးမှ လွတ်ကင်းစေနိုင်သည်ကိုး။ ညစာအံ့ကျောင်းဆင်းသည်နှင့် ခေါက်ဆွဲထုပ်လေး သင်္ကန်းထဲဖွက် မင်းက ရေနွေးရှာ၊ မင်းကအရွက်တွေ သွားခူး၊ မင်းက ဇွန်းလိုက်ရှာ ၊မင်းက ဆေးကြော စသဖြင့် အမိန့် ပေးစေခိုင်းနိုင်သော အာဏာ အော်တိုမက်တစ် ရရှိလေသည။် ပြီးလျှင် ရေနွေးဇလုံကြီးထဲ အရွက်တွေခြွေထည့်ပြီး ဇွန်းကိုယ်စီကိုင်ကာ ခေါက်ဆွဲထုပ်ထည့်မည့်အချိန်ကို စောင့်ရသည်မှာ အကယ်ဒမီပေးပွဲ ထက်ပင် ရင်ခုန်စရာ ကောင်းလှပါသေးသည်။ တစ်ခါတစ်လေဆိုလျင် ရေနွေးပင် မရှိ ၊ ဒီတော့ ရေများများထဲ ခေါက်ဆွဲထုပ်ထည့်ပြီး လျှာတပြင်ပြင်နှင့် ခေါက်ဆွဲပျော့မည့်အချိန်ကို စောင့်ရသည။် တစ်ခါတစ်ရံဆို ကျောင်းဝင်းရှိ အပင်များဘက်လှည့်ရသည် ပိန္နဲသီး မှည့်သည့် နုသည် ရင့်သည့် နားမလည် အစိမ်းဆို ငပိနှင့်တို့ စားသည် ။အစေ့ကို ပြုတ်စားသည် ညတိုင်းလိုလို အမြဲတမ်းသူငယ်ချင်းတွေနှင့် ဗိုက်ပြဿနာ ဖြေရှင်းခဲ့ရသည့်အချိန်များကို ခုချိန်ထိ လွမ်းမောမိပါသေးသည်။
image
ကိုရင်တို့  ဗိုက်ဆာလျှင် မုန့် ဝယ်စားပါလားဟု မေးစရာရှိပါသည်။ သို့ ပေမဲ့ စာသင်သား ဆိုတာ ဘာမှန်းတောင် မသိတဲ့ မိမိရွာရဲ့ ထောက်ပံ့မှုကမရှိ အမေ့ဆီက စာသင်တိုက်တတ်ဖို့  လမ်းစရိတ်တောင်းရတာပင် အားနာခဲ့ရပါသည်။ အားလုံးသူလို ကိုယ်လိုပင် ပိုက်ဆံရှိသော်လည်း အပြင်ထွက်ခွင့်မရှိ ။ဆွမ်းခံချိန်မှ လွဲ၍ ကျန်သည့်အချိန် မထွက်ရပေ။ အပြင်ခိုးထွက်ပါက ဆရာတော့် အဆောင်မှ ကျိုက်ထီးရိုးတောင်တတ်သည့်နေရာတွင် သုံးသည့် ဝါးလုံးအစည်းကြီးက ပြုံးဖြီးဖြီးနှင့်။ ရီပြလို့  သဘောကောင်းမယ် မထင်နဲ့ အနည်းဆုံး သုံးရက် အများဆုံးတစ်ပတ်တော့ အိပ်ရာထဲ လဲအောင် လုပ်နိုင်စွမ်းရှိသည် ။ထို့ ကြောင့် အရိုက်ခံရတာထက် ဗိုက်ဆာသည့်ဒဏ်က ခံသာသေးသည်ဟုဆိုကာ အပြင်ထွက်ဖို့  ယောင်လို့ တောင်မစဉ်းစားခဲ့ဖူးချေ။ ဒီလိုနဲ့ပဲ ကျောင်းဝန်းထဲက အပင်က အသီးတွေ ခိုးစားလိုက၊် ထမင်းသိုး ဟင်းသိုးကြိတ်မှိတ်စားလိုက်၊ ရေဇလားထဲ ခေါက်ဆွဲထုပ်ထည့်မွှေပြီး လုသောက်လိုက်နှင့် ပျော်ပျော်ရွှင်ရွှင် နေခဲ့ရသည်။
image
မိမိတို့  စာသင်တိုက်မှာကား တစ်ပတ် တစ်ခါဆိုသလိုပင် ဆံချရသည်။ တခြားကိုယ်တော်များလို ဆံပင်လက်လေးသစ်နှင့် ညှင်းသိုးသိုး ပုံစံများ နေခွင့်မရှိပေ အဖိတ်နေ့ ဆိုလျှင် ဆံပင် တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ ရိတ်ကိုရိတ်ရသည် ။ မရိတ်ဘဲ နေ၍ ညစာဝါတတ်သည့်အခါများ တွေ့မိလျှင် တစ်ပင်ချင်းစီ ဆွဲနှုတ်ခြင်းခံရသည် ခေါင်းတစ်ခုလုံး ကျိန်းစပ်၍ နေမထိ ထိုင်မသာ ခံစားရမည်ဖြစ်သည်။ ထို့ ကြောင့် အဖိတ်နေ့ ဆိုလျှင် ခေါင်းရိတ်ကို ရိတ်ကြရသည် ။ မိမိတို့  ကိုရင်ငယ်များအား အရေးယူ ခေါင်းရိတ်ပေးသည့် ဦးဇင်းယူ၍ မရှိကြ သူတို့ လည်း ကိုယ့်ခေါင်း ကိုယ်ချ ( ရိတ်ဟူ၍ မသုံးပါ ဓားအမြဲပြတ်တတ်သောကြောင့် ချ ) ဟူသော ဝေါဟာရသာ သုံးပါသည် ။ မိမိတို့  ကိုရင်ငယ်တွေမှာတော့ ကိုယ့်ခေါင်းကို မချရဲပေ သူများခေါင်းဖြင့် လက်ကို လေ့ကျင့်ကြရသည်။ မိမိခေါင်းသည်လည်း တခြားကိုရင်ငယ်များ၏ ဓားစွမ်းပြရာ လေ့ကျင့်ရေးကွင်း ဖြစ်ခဲ့ဖူးပါသည်။ သူတစ်ပါးခေါင်းကို ရိတ်၍ ဓားပြတ်လျှင် " မင်း ခေါင်းက အပူဖုတွေ များတာကိုး အပူဖုလေးတွေ ပြတ်တာပါကွာ ဘာမှ မဖြစ်ပါဘူးဟု " ဆင်ခြေပေးတတ်ကြသည်။ မိမိခေါင်းထိလျှင်တော့ ငယ်သံပါအောင် အော်လေ့ရှိသည်။ ဒီလိုနှင့် ကိုယ့်ခေါင်းကို ချရဲသည့် အထိ လေ့ကျင့်ယူခဲ့ရသော ဘဝများပါတည်း။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

MSC-181
Author-@gunapeya
Photo Credit Image Source,

Sort:  

ဖတ်​ရတာ စာသင်​သားကိုယ်​ရင်​​လေး​တွေ ဘဝကို ရုပ်​ရှင်​ထိုင်​ကြည့်​​နေရသလို ကို ​ကောင်းပါတယ်​ ဘုရား .. က​လောင်​စွမ်းထက်​ပါ​ပေ့ ဘုရား ..

မျက်ရည်ခြူတာတော့ မဟုတ်ပါဘူး နောက်ဆို ဟာသလေးတွေပါ ပါလာတော့မှာ

အသိုးတွေမစားနဲ့နော်ဦးဇင်းရေ။ကင်ဆာဖြစ်တတ်တယ်။ဂျိုးတွေလဲမစားနဲ့။အခုခေတ်ကကင်ဆာကအသားမှာပါဖြစ်တာ။ကောင်းကောင်းလေးပဲစားပါဦးဇင်းရေ။ဘ၀ဇာတ်ကြောင်းလေးဖတ်ရတာတော်တော်ကောင်းတယ်ဗျာ။စာပေတွေအများကြီးလေ့လာနိုင်ပြီးတော့နိုင်ငံ့ဂုဏ်ဆောင်တဲ့ ဓမ္မာစရိယအကြော်အမော်ကြီးဖြစ်ပါစေဗျာ။

ကျေးဇူးပါ ဒကာမကြီးဇာဇာရေ ခုတော့ သီတဂူကျောင်းသားကြီးဖြစ်လို့ နေပါပြီ ငယ်ငယ်တုန်းကလို မစားရတော့ပါဘူး ဒါပေမဲ့ ငယ်ဘဝလေးတွေ ဆက်ရေးဦးမှာပါ

သာဓု သာဓု သာဓုပါဘုရား

ဦးအင်းလည်း ခေါင်းရိတ်ချင်ပြောနော် ရိတ်ပေးမယ်

ဦးဇင်းငယ်ဘဝ ကြောင်းတွေ ကို ဖော်ပလိုက်ပီဆိုတော့ အမှန်အတိုက်းတော့ရေးဘုရား ဂုဏ်ဖော်တာတေကြီးရေးနက်နော် ငယ်ကျိုးငယ်နာတေပါထည့်ရေးပလိုက်

ဇာတ်နာရတဲ့ အပိုင်းလေးတွေ လာတော့မှာပါ ဟီးးးးးး တစ်ရှုးဆောင်ထားပေတော့

တပည့်တော် ကိုရင်ဝတ်တုန်းကတော့ကံကောင်းတယ်ဖျာ့။ ကျောင်းကိုအစာအိမ်ရောဂါနဲ့ဆေးကုလာတဲ့ဦးဇင်းကိုအမှီပြုပြီး ကျောင်းထိုင်နဲ့ ဦးဇင်းဘုန်းပေးပြီးတာနဲ့ ကိုရင်တွေတွယ်ရတာပဲ 😁😁

ဟုတ်တယ် ဦးဇင်းလည်း အစာအိမ်ဖြစ်ဖူးတယ် ဆေးရုံတတ်လိုက်ရသေးတယ် တကယ်ကို ဒုက္ခရောက်ခဲ့တဲ့ ဘဝတွေပေါ့

ငယ်​တုန်းက ကိုရင်​ဘဝမှာ တခြားကိုရင်​​ခေါင်းရိတ်​​ပေးရင်​ အာ့လို​ပြောဘူးတယ်​😂

အပူဖုလေးတွေ ထိတာပါကွာ ခေါင်းမထိပါဘူး ဆိုပြီး ဂျင်းထဲ့ခဲ့ကြတာ အမှန်က လှေကားထစ်လို ဖြစ်ပြီး သွေးတရဲရဲနဲ့ ကွောင်ကြီးရေ ဟားဟား

သာသနာ တာဝန်ထမ်းရတာမလွယ်ဘူးနော်ဦးဇင်း

အဲ့လို နားလည်ပေးနိုင်တဲ့ သူတွေရှိတာ ဝမ်းသာမိတယ်

ဦးဇင်း ဘ၀ဇာတ်ကြောင်းလေး ဖတ်ရတာ အစုံစုံပဲဘုရာ့း။

ဟုတ်တယ် ဦးညီရေ တော်ကြာမျက်ရည်ချုသလိုတောင် ဖြ်းမှာစိုးမိပါတယ် ဒီထက်ဆိုးတဲ့အကြောင်းလေးတွေ ဆက်ရေးပါဦးမယ်

ကိုရင်ငယ်လေးတွေကို ပိုပြီး လှူချင်ပါတယ်
ကိုရင်ငယ်လေးတွေကရှားပါးလို့ 

ဟုတ်တယ် ဦးထွေးရေ မြန်မာလူမျိုးတွေ အလှုအတန်းရက်ရောပေမဲ့ နေရာလွဲမှားနေကြတော့ ထင်သလောက် အကျိုးမဖြစ်ကြဘူး

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86