ဝမ်းရေးတွက်မို့  ချမ်းအေးလည်းထွက်ရသည်

in #myanmar6 years ago

image

ကောင်းကင်ကြီး တစ်ခုလုံး အုံမှိုင်းလျက် ချော့မော့မဲ့သူမရှိသော ကလေးငယ်၏ မျက်နှာကဲ့သို့  ငိုတော့မယောင်ပင်။ သူငိုတာက ကိစ္စမရှိ မိုးအေးအေးနှင့် ရာသီဥတု ကိုယ့်ဘက်ပါသောအခါမျိုးဆို စောင်လေးခြုံကာ ကွေးလို့ ရနေသည်။ စာချဆရာတော်များလည်း အလိုက် အထိုက် စာဝါကို နားလည်မှုနှင့် ပိတ်ပေးထားသည်။ ခက်သည်က ဝမ်းရေးအတွက်ပင် ။ဒီနေ့ က မိမိတို့  ဆွမ်းခံထွက်ရမည့်အလှည့်ဖြစ်နေသည် သံဃာများသည့်အတွက် အဖွဲ့သုံးဖွဲ့ခွဲကာ အလှည့်ကျစနစ်နှင့် ထွက်ရသည်။ ကျန်သော အဖွဲ့က စာကြည့်ချင်ကြည့်၊ မကြည့်လိုကလည်း အေးဆေးသက်သာစွာ နေခွင့်ရပေသည်။ အလှည့်ရောက်တော့ မနွဲ့စတမ်းပေါ့ ။မိုးက တဖြည်းဖြည်းဖွဲလာချေပြီ ။ဆွမ်းခံထွက်လျှင် မိုးရေစိုမည်က ၉၉ ရာခိုင်နှုန်းသေချာပေပြီ မိမိမှာလည်း သင်္ကန်းသုံးစုံကို ဝတ်ထားသောတစ်စုံသာ ခြောက်ခြောက်သွေ့သွေ့ရှိသည် ။ဒီအစုံပါ စိုရွှဲသွားလျှင်တော့ ဖျာလိပ် ခြုံစောင်ပတ်ပြီး နေရမည့် အနေအထားရောက်နေသည်။
image
မော်လမြိုင် နေခဲ့စဉ်က ထိုကဲ့သို့ အဖြစ်မျိုးကြုံခဲ့ဖူးသည် ။နယ်မြို့လေးတွေ ဖြစ်သည့်အလျောက် အေးအေးချမ်းချမ်း နှင့်နေထိုင်ကောင်းပေသော်ငြား မိုးကာလ ဆိုလျှင်လည်း မိုးတိတ်မည့်အရိပ်အယောင်မပြဘဲ အမြဲရွာနေသည် ။ကိုရင်ငယ်ဘဝကတော့ သင်္ကန်းကမပြည့်စုံ၊ ဆွမ်းခံက ကိုယ်တိုင်ထွက်မှ ကိုယ်ဝမ်းဝမည့်အဖြစ်ဆိုတော့ ဆွမ်းခံထွက် ပြန်လာတဲ့အခါ ရေလေးညှစ်ပြီး အမိုးအောက်တွင် လှမ်းရသည် ။မိမိကတော့ ခါးပန်းကြိုးလေး ခေါင်းစည်းပြီး အညာစောင်ကို သင်းပိုင်ကဲ့သို့  ဝတ်ထားရသည်ပေါ့။ သူငယ်ချင်းများအကူအညီတောင်းရအောင်လည်း အကုန်လုံး သူ့ လိုကိုယ့်လိုပင် ။မိုးမပြတ်ရွာ၍ သင်္ကန်းမခြောက်သည့်အခါမျိုးမှာတော့ ရှိတဲ့ခြုံစောင်လေးပဲ ဝတ်နေကြတာများတော့ မြင်တွေ့ရ မထူးဆန်းတော့ပေ။ ယခုလည်း သီတဂူ တက္ကသိုလ် ကျောင်းသားကြီး ထိုအဖြစ်မျိုးနှင့် ကြုံတော့မည့်ကိန်းဆိုက်နေချေပြီ။ ဘုန်းကံကြီးပုံကလည်း မိမိရွာပြန်သည့်အခါမျိုးတွင် လှုမည့်တန်းမည့် ဒကာ ဒကာမများက ခရီးချည်းထွက်နေကြသည့် ဘုန်းရှင်ကံရှင်တည်း။ ကြိုတင်ဇာတ်တိုက်ထားရင်တောင် လွဲချင်လွဲနိုင်သေးသည် ။ယခုကား ခါးပန်းကြိုးခေါင်းစည်းရအောင်လည်း ကိုရင်လေးမဟုတ်တော့ချေ။ ပေါက်တဲ့နဖူး မထူးတော့လည်း လှန်းထားတဲ့ သင်္ကန်းအစိုကိုသာ ပြန်ဝတ်ပြီး သွားရတော့မှာပေါ။့ မိုးက သိပ်တောင်မရွာသေး မိမိက တစ်ကိုယ်လုံး စိုရွှဲနေသည်မို့  နည်းနည်းတော့ ရှက်မိသည်။ ဒါကြောင့် မိုးသည်းပါစေဟုသာ ဆုတောင်းမိတော့သည်။
image
သို့ သော် ဆုတောင်းမပြည့်ခဲ့၊ မိုးဖွဲဖွဲလေး ရွာနေသည့် အနေအထားကနေ တဖြည်းဖြည်းတိတ်လာသည်။ ကောင်းကင်ကြီးလည်း မှိုရတဲ့ မျက်နှာကဲ့သို့  ဝင်းလက်နေသည်။ အလင်းရောင်လေးလည်း သန်းလာခဲ့သည်။ နေရောင်မပွင့်တပွင့် ထွက်လာပြီ။ မိမိမှာတော့ သင်္ကန်းရေစို ဝတ်လာသည်မို့  ထွက်လာကတည်းက ချမ်းစိမ့်စိမ့်နှင့် ယခုမူကား နေတောင်ထွက်လာချေပြီ။ နေပူထဲ သင်္ကန်ရေစိုနဲ့ မိမိကား သူများထက် ထူးပြီး ရှက်စိတ်ဖြင့် ရူးချင်စိတ်တောင်ပေါက်သည်။ သို့ ပေမဲ့ အမြတ်ထွက်သည်။ ကျောင်းပြန်ရောက်သည့်အခါမှာတော့ သင်္ကန်းခြောက်သွားသည့်မို ချွေးနံ့ မှိုနံ့ပျောက်အောင် သေချာလှမ်းပြီး မိမိချွတ်ထားခဲ့သည့် သင်္ကန်းအဟောင်းလေးနှင့် ပြန်လဲလှယ်လိုက်သည် ။ရေချိုးဖို့  စဉ်းစားသော်လည်း ခေါင်းက ဟိုနားက ကိုက်သလို ဒီနားက မူးသလိုနှင့်မို့ ရေနွေးလေးကြိုကာ လက်စွဲတော် ဒီကိုဂျင် လေးသောက်ပြီး သက်သာအောင် ကြံဖန်ခဲ့ရသည်။

မိမိအားချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ

MSC-181
Written by @gunapeya
Photo Credit Source,

Sort:  

ရဟန်းလုပ်ရတာလွယ်တယ်ဆိုတဲ့သူတွေကို ၀တ်ခိုင်းချင်တာပြောမနေနဲ့တော့ ဦးဇင်းရေ။

ဦးဇင်းတို့ ကလည်း သာသနာတော်ရဲ့တန်ဖိုးကို သိပြီး ချစ်မြတ်နိုးလွန်းလို့ ပါ မဟုတ်ရင် အပြောခံ အဆဲခံ ဘဝကနေ ဝေးဝေးနေခဲ့တာ ကြာပေါ့

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

သံဃာတော်များကျန်းမာချမ်းသာကြပါစေ
အစစအဆင်ပြေကြပါစေဘုရား

ဆရာကတော် ပို့ သတဲ့ မေတ္တာကြောင့် အေးချမ်းစွာ သာသနာပြုနိင်ြကြောင်းပါ

ခေါင်းကိုက်​​နေရင်​ ​ဆေး​သောက်​ပြီးမှိန်း​နေပါဘုရား

ကွောင်ကြီး ပါတေ လာရေးထားတာလဲ ဖတ်မရဘူး

မလွယ်ပါလား ချမ်းအေးလဲ

သွားရတာပဲလေ မသွားရင် ဘယ်သူလာကျွေးမှာလဲ

ဝမ်းရေးအတွက် ချမ်းအေးပါလားဘုရား

မော်လမြိုင်စကားနဲ့ဆိုလျင်တော့ လက်ကုန်ပဲ ဦးထွေးရေ. . .

သမုဒ္ဒရာ ဝမ်းတစ်​ထွာလို့ ဆိုလို့ပါလားဘုရား .. ဒီဝမ်း တစ်​​ထောင်​​လောက်​များရှိရင်​ဖြင့်​ ....

ဝမ်းတစ်ထွာမို့ သာပေါ့ ဝမ်းတစ်တောင်သောက်သာ ဆိုလျှင် ဘယ်ပြောကောင်းမလဲ

အဲ့လို မိုးမိတာကလည်း ရှေးရှေးဘဝက ပြုခဲ့သော အထုံပါရမီကြောင့်
ဖြစ်ပါတော့သည် ဘုရား

အဲ့လိုပဲ ခံစားမိပတယ်

ဝမ်းရေးအတွက် ဆွမ်းတွေရော ချမ်းအေးနေရောပ အရှင်ဘုရား

ဦးဇင်းရေးပြမှ သံဃာတော်တွေ ဒီလိုဒုက္ခကြုံရမှန်း သိတော့တယ်ဘုရား။
မလွယ်ပါလားနော်!

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 63839.42
ETH 3215.37
USDT 1.00
SBD 3.83