လမ်းတွင်ဖြစ်သည်

in #myanmar5 years ago

ပြီးခဲ့တဲ့တစ်ပတ်က စစ်ကိုင်းကိုခရီးထွက်ခဲ့ပါတယ်။မိသားစုတွေနဲ့ ခရီးထွက်ရတာမို့ ပျော်စရာလည်းကောင်းလှပါတယ်။နေမပူအောင် မနက်စောစောသွားတာမို့ လူကသိပ်မလန်းပေမယ့် ကားပေါ်ရောက်တော့ ယူပစ်သလိုပါပဲ။တစ်ကားလုံးက မိသားစုတွေပဲဖြစ်တာကြောင့် အော်လိုက်ဟစ်လိုက်သီချင်းဆိုလိုက်နဲ့ ပျော်ချင်တိုင်းပျော်နေမိပါတယ်။

ကားသွားရင်း သွားရင်းနဲ့နေကတော်တော်ပူလာပါတယ်။air conကားပေမယ့် ပူလှပါတယ်။အဝေးပြေးလမ်းမပေါ်ရောက်လေ နေကပိုပူလေနဲ့ တော်တော်ဆိုးပါတယ်။ဒါပေမယ့် အရမ်းအဆိုးတော့မဟုတ်ပါဘူး။air conကအေးစိမ့်မနေတာလွဲလို့ ကျန်တာအဆင်ပြေပြေနဲ့ ခရီးဆက်နိုင်ပါတယ်။

နေပူရှိန်ပြင်းတာကြောင့် ကားက ရပ်နားစခန်းရောက်တိုင်းရပ်ပါတယ်။လူတွေလည်းသက်သာ ကားလည်းအဆင်ပြေစေဖို့ပါ။ဒါကြောင့်မို့ ကားကပုံမှန်နှုန်းထက် နောက်ကျပြီးသွားခဲ့ပါတယ်။ကားရပ်နားစခန်းတစ်ခုရောက်တိုင်း မုန့်တွေဝယ်စားလိုက် အိမ်မှာထဲကထည့်လာတဲ့ မုန့်တွေဖောက်စားလိုက်နဲ့ ပတ်ဝန်းကျင်အသစ်ရဲ့ အရသာကို အပြည့်အဝခံစားပြီးလိုက်ပါလာပါတယ်။

ကျွန်မတို့ကားက နေ့ခင်း၂နာရီကျော်ကျော်မှာ မိတ္ထီလာယာဉ်ရပ်နားစခန်းကို ရောက်ရှိခဲ့ပါတယ်။လူကြီးအချို့က အညောင်းပြေဆင်းလမ်းလျှောက်ရန် အချို့ကလည်း ဝယ်စရာရှိတာဝယ်ရန် ကားပေါ်ကဆင်းသွားပါတယ်။ကျွန်မတို့လူငယ်တွေပဲ မဆင်းဘဲကားပေါ်ကနေ စပ်စုနေမိပါတယ်။ထိုအချိန်မှာပဲ ကျွန်မရဲ့မြင်ကွင်းထဲကို ပုံရိပ်တစ်ခုထင်လာပါတယ်။ အဲ့ဒါကတော့ ငုံးဥပြုတ်တွေ လိုက်ရောင်းတဲ့ ကလေးပါ။ဝတ်စားပုံက တစ်ကယ့်ကိုဘဝသရုပ်ပေါ်လွင်နေပါတယ်။ ကျောင်းစိမ်းဘောင်းဘီဟောင်းလေးရယ် အကျီင်္ဖြူစုတ်စုတ်လေးရယ် ဦးထုပ်အပေါက်လေးကိုဆောင်းပြီး လွယ်အိတ်လေးကိုလွယ်ထားပါတယ်။လက်ထဲမှာလည်း ငုံးဥခြင်းလေးကိုင်ထားပါတယ်။(ဖိနပ်စီးထားလား မစီးထားဘူးလားဆိုတာ သေချာမမှတ်မိတော့ပါ။)
ကားအသီးသီးကဆင်းလာတဲ့ ဧည့်သည်တွေနောက်ကို တစ်ကောက်ကောက်လိုက်ပြီး ဈေးဝယ်ဖို့ပြောနေပါတယ်။အဲ့အချိန်မှာပဲ ကျွန်မတို့ကားပေါ်ပါလာတဲ့ အဘွားကကားဆီပြန်လာနေပါတယ်။ခဏတစ်ဖြုတ်ဆင်းတာမို့ ထီးမယူသွားပါဘူး။နေကလည်း ခြစ်ခြစ်တောက်ပူနေပါတယ်။အဘွားလျှောက်လာတာကို ကလေးလေးမြင်တဲ့အခါမှာ ထမင်းဆိုင်ကထီးလေးသွားယူပြီး အဘွားကိုထီးမိုးပေးလာပါတယ်။ကားနားရောက်တဲ့အထိ ထီးလေးမိုးအြီး တွဲခေါ်လာပါတယ်။ကျွန်မဒီမြင်ကွင်းလေးကိုမြင်ပြီးရင်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားမှုလေးဖြတ်သန်းသွားခဲ့ပါတယ်။သနားစိတ် ကြည်နူးစိတ် စတဲ့ဖော်ပြလို့မရတဲ့ ခံစားမှုတွေ အများကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ကျွန်မတို့ကားပေါ်က လူတွေကလည်း ထိုကလေးလေးဆီကပဲ
ငုံးဥတွေအားပေးခဲ့ကြပါတယ်။ကလေးလေးက သူတတ်နိုင်သလောက် ကုသိုလ်ယူခဲ့သလို ကျွန်မတို့တွေကလည်း တတ်နိုင်သလောက် ဒါနပြုခဲ့ပါတယ်။ဘဝလေးကနိမ့်ကျပေမယ့် စိတ်ဓာတ်မနိမ့်ကျဘူးဆိုတာ ကျွန်မကိုသက်သေပြနေပါတယ်။လေးစားလျက်ပါကလေးလေးရေ...။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

ခရီးတစ်ခါထွက် ရေးစရာ တွေ တစ်ပုံတစ်ပင်

Posted using Partiko Android

ဒီလိုပဲဖြစ်ရမယ်လေ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64513.89
ETH 3155.04
USDT 1.00
SBD 4.00