တစ်ဖက်စောင်းနင်း မဖြစ်စေလို

in #myanmar6 years ago

"လောကမှာအလကားရတဲ့အရာဆိုတာ မိဘမေတ္တာ"တဲ့။မှန်တာပေါ့။အမြဲတမ်းအပေးလက်နဲ့ သားသမီးတွေကို ပေးကမ်းခဲ့တာ အယူုဆိုတာဘယ်တော့မှမရှိခဲ့ဘူး။ကိုယ့်အသွေးကိုယ့်အသားကိုတောင် သားသမီးကတောင်းရင်ပေးဖို့အဆင်သင့်ဖြစ်နေတတ်တာမိဘပါ။မိဘတိုင်း သားသမီးတွေကိုချစ်တာ လက်ခံနိုင်ပါတယ်။ဒါပေမယ့် အခုပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ သားသမီးကိုချစ်ခြင်းတွေက လိုတာထက်ပိုပြီး တစ်ဖက်စွန်းရောက်နေကြတယ်လို့ ကျွန်မထင်ပါတယ်။

ကျွန်မတို့အိမ်ဘေးကမိသားစုမှာ ညီအစ်မနှစ်ယောက်ရှိတယ်။နှစ်ယောက်လုံးကလဲ သားသမီးတွေနဲ့ ။သားသမီးတွေကို ချစ်လိုက်တာကလဲ ပတ်ဝန်းကျင်ကချီးမွမ်းစရာဖြစ်အောင်ပါပဲ။ဒါပေမဲ့ တစ်နေ့ သားသမီးချင်း ဆော့ရင်းကစားရင်းနဲ့ ရန်ဖြစ်ကြတယ်။ လူကြီးတွေအနားမှာ မရှိချိန်ဆိုတော့ ရန်ဖြစ်ရင်းကနေ လက်ပါခြေပါအထိဖြစ်သွားကြတယ်။လူကြီးတွေရောက်လာချိန်မှာ ကလေးနှစ်ယောက်လုံးက ပွန်းရာပဲ့ရာလေးတွေ ရသွားကြတယ်။ကလေးတွေဒဏ်ရာဟာ မပြင်းပေမယ့် သားသမီးနာရင် ကိုယ်ပါနာသလိုခံစားရတဲ့ မိခင်တွေဆိုတော့ တစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်တာတွေ ဖြစ်လာတော့တယ်။ညီအစ်မအချင်းချင်းမပြောသာလို့ မပြောပေမဲ့ တစ်ဦးနဲ့တစ်ဦးက စကားပြောရင်ကပ်ဖဲ့တာလေးတွေ ပါလာတော့တယ်။ဘယ်သူ့ရဲ့သားသမီးအမှားလုပ်မလဲဆိုတာ စောင့်ကြည့်အပြစ်ပြော။ကိုယ့်သားသမီးလုပ်တာ အကုန်ကောင်း။နှစ်ဦးနှစ်ဖက်လုံးက ကိုယ့်သားသမီးမှားခဲ့ရင်တောင် မဆုံးမတော့ဘဲ သူများသားသမီးအမှားကိုပဲ ပြောတော့တယ်။ နောက်ဆုံးမှာတော့ ညီအစ်မနှစ်ယောက်လုံး လုံးဝကိုစကားမပြောဘဲ တစ်ယောက်တစ်အိမ်စီနေလိုက်တော့တာပါပဲ။ါအစားပြန်မရနိုင်တော့တဲ့ မောင်နှမတွေ အခုလိုချစ်ခင်ရင်းနှီးမှုတွေ ပျက်စီးသွားတာဟာ အလွန်ပင်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကလေးနှစ်ယောက်ရဲ့ ရန်ပွဲကနေ တစ်အူုတုံဆင်းမောင်နှမအချင်းချင်းစိတ်ဝမ်းကွဲသွားတာဟာ မဖြစ်သင့်တဲ့ အရာပါ။ကလေးနှစ်ယောက်ရန်ဖြစ်တဲ့အချိန်တုန်းကသာ ဘယ်သူမှားတယ်မှန်တယ်ဆိုတာ ဆုံးဖြတ်မေးမြန်းလိုက်ရင် မှားတဲ့သူကိုလဲ နောက်မမှားအောင်သွန်သင် မှန်တဲ့သူကိုလဲနောက်ဆိုသည်းခံဖို့ဆုံးမပြီး "မောင်နှမအချင်းချင်း သင့်သင့်မြတ်မြတ်နေပါ"ဆိုပြီးဆုံးမခဲ့မယ်ဆို အခုလိုတွေဖြစ်မလာနိုင်တော့ပါဘူး။အခုတော့ကိုယ့်သားသမီးရဲ့စကားကိုသာမျက်စိစုံမှိတ်ယုံကြည်ပြီး တစ်ဖက်ကမ်းရောက်ချစ်ပြတာဟာ ကျွန်မအမြင်မှာတော့ သားသမီးကိုချစ်ရာမရောက်ဘဲနှစ်ရာရောက်တယ်လို့ထင်မိပါတယ်။အသိဥာဏ်မကြွယ်ဝသေးတဲ့ ကလေးတစ်ယောက်ရဲ့စကားကို သေသေချာချာမစဉ်းစားဘဲ လူကြီးတွေက ယုံကြည်လိုက်မိတဲ့ အကျိုးဆက်ကတော့ လုံးဝမကောင်းပါဘူး။

အခုလိုမောင်နှမတွေ ချစ်ခင်ပျက်ပြားတာကို ကြည့်ပြီး ကျွန်မငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ပုံပြင်ဇာတ်လေးတစ်ခုကို သတိရမိပါတယ်။။ပုံပြင်ထဲမှာ သူခိုးတစ်ယောက်က ဘုရင်ရဲ့ ရွှေငွေလက်ဝတ်တန်ဆာတွေခိုးမိလို့ ဘုရင့်ရဲမက်တွေက နောက်ကလိုက်ဖမ်းကြပါတယ်။သူခိုးလဲ ပြေးရင်းပြေးရင်းနဲ့ မလွတ်နိုင်တော့ဘူးလို့ထင်တဲ့အချိန်မှာ အနီးနားမှာရှိတဲ့ လယ်ထွန်နေတဲ့ လူသုံးဦးနားမှာချထားခဲ့လိုက်ပါတယ်။ဘုရင့်ရဲမက်တွေကလဲ လယ်သမားသုံးဦးကို သူခိုးအမှတ်နဲ့ ဖမ်းခေါ်သွားလိုက်ပါတယ်။ဘုရင့်ရှေ့မှောက်ရောက်လို့ စစ်ဆေးနေချိန်မှာပဲ မိန်းမတစ်ဦးဟာ နန်းရင်ပြင်ရှေ့မှာအဝတ်ပေးပါ အဝတ်ပေးပါဆိုပြီး အော်ဟစ်နေပါတယ်။ဘုရင်ကြီးကလဲ ထူးဆန်းလွန်းတာကြောင့် ခေါ်ယူစစ်ဆေးတဲ့အခါ မိန်းမကြီးဟာ အဝတ်တောင်းရခြင်းမှာ ဝတ်ဆင်သောအရာမဟုတ်ခဲ့။ယခုဘုရင်မင်းမြတ်ဖမ်းခေါ်ထားသောသူမှာ မိမိ၏သား မိမိ၏မောင်နှင့် မိမိ၏လင်ယောက်ျားပင်ဖြစ်ကြောင်း သူတို့တွင်အပြစ်မရှိသောကြောင့် ပြန်လည်လွှတ်ပေးရန်တောင်းဆိုပါတော့တယ်။ဘုရင်ကြီးကလဲ သက်သေနှင့်တကွတွေ့ရှိထားသောကြောင့် ပြန်၍လွှတ်ရန်မဖြစ်နိုင်ကြောင်း။သို့သော် မိန်းမကြီး၏ ဥာဏ်ပညာကိုလေးစားသောကြောင့် သုံးယောက်မှတစ်ယောက်ကိုပြန်ခေါ်သွားရန် မိန့်ကြားသောအခါမှာတော့ မိန်းမကြီးဟာ မောင်ဖြစ်သူကိုသာ ပြန်လည်ခေါ်ဆောင်ပါမည်တဲ့။ထိုကဲ့သို့သောအဖြေကို မင်ကြီးကြားသိသောအခါ အဘယ့်ကြောင့်နည်းဟု မေးလိုက်ပါတော့တယ်။မိန်းမကြီးက မိန်းကလေးတစ်ယောက်အနေဖြင့် ရပ်ရွာထဲတွင် လည်ပတ်နေရုံဖြင့် ယောက်က်ျားတစ်ယောက်ကို ရနိုင်ကြောင်း ယောက်ျားရလျှင် သားသမီးမှာလဲပြန်ရနိုင်ပေသည်။မိမိသည်မိဘများမရှိတော့ပြီဖြစ်တာကြောင့် ယခုကဲ့သို့တစ်အူတုံဆင်းညီအစ်ကိုမောင်နှမများကို ပြန်လည်မရနိုင်ပြီဖြစ်တာကြောင့် မောင်ကိုသာလျှင်ရွေးချယ်ရပါကြောင်း ပြန်လည်ဖြေကြားလိုက်ပါသည်။

ကျွန်မဒီပုံပြင်လေးကိုဖတ်မိပြီး ယခုမြင်တွေ့နေရသောကလေးနှစ်ယောက်ကြောင့် ညီအစ်မချင်းစိတ်ဝမ်းကွဲသွားချင်းကိုကြည့်ပြီး အလွန်ပင်ဝမ်းနည်းမိပါတယ်။သားသမီးဆိုတာ မိဘတွေရဲ့နှလုံးသားဆိုရင် ညီအစ်ကိုမောင်နှမဆိုတာကလဲ မျက်လုံးတွေပါ။မျက်လုံးမရှိရင် လောကကြီးရဲ့ သဘာဝအလှတရားကိုမခံစားနိုင်သလို နှလုံးသားမရှိရင် အနုပညာလက်ရာမြောက်တဲ့ ရသတွေကိုမခံစားနိုင်တော့ပါဘူး။ဒါကြောင့်မို့ မည်သူ့ကိုမဆို ချစ်ခြင်းတရားများကိုခွဲဝေပေးရင်းဖြင့် ညီမျှသောစိတ်ဓာတ်ဖြင့် လူလူချင်းအကောင်းမြင်နိုင်ပါစေ။ပြန်လည်အစားမရနိုင်တော့တဲ့ တစ်အူတုံဆင်းမောင်နှမများအချင်းချင်း ချစ်ခင်မှုတွေတိုးပွားနိုင်ပါစေ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

ရေးထားတဲ့အ​ရေးအသား​လေး​တွေ​တော်​​တော်​အဆင်​​ပြေလာပါတယ်​။ ။
ကျွန်​​တော်​ နားမလည်​မရှင်းလင်းတဲ့အပိုင်းက....
ပုံပြင်​ထဲမှာ ဘုရင်​ကြီးက...မိန်းမကြီးရဲ့ညဏ်​​ပညာကိုဘယ်​​​ လို ​ကြောင့်​ ဘယ်​အ​ကြောင်းအရာ​ကြောင့်​​လေးစားတယ်​ဆိုတာကို ရှာမ​တွေ့ဘူးဖြစ်​​နေတယ်​။ အဲ့​နေရာ​လေးနည်းနည်းလိုအပ်​​နေတယ်​။(ကျွန်​​တော်​ပဲလိုအပ်​တာလား​တော့မသိဘူး:-) )
ဒီ့ထက်​ပုံ​ပေါ်​အောင်​ရှင်းလင်း​အောင်​​ရေးကြည့်​ပါ။

ဟုတ်ကဲ့ တောင်းပန်ပါတယ်နော် အဲ့အပိုင်းလေးကိုသမီးတင်ပြမှုအားနည်းတာက သမီးပုံပြင်လေးကိုနည်းနည်းမေ့သွားလို့ပါနော်

ဟုတ်​ ရပါတယ်​ဗျာ... 
လိုအပ်​တဲ့​နေရာ​လေး​တွေ
ပြေားပြ​ပေးဖို့က ကျွန်​​တော်​တာဝန်​ပါ။:-)

အချစ်တွေ ရမယ် အချစ်တွေ ရမယ် ၁၀၀ ဖိုး ၃ ခု :-P

☀ Post Resteem Service Offer ➡ Re-steem Your New Post ➡ Send 0.400 SBD or 0.400 STEEM To @stoneboy ✉ Post Url in the Memo ✉ Your Post Will Be Re-steem to 7300+2800 followers with 2 different accounts.☺

Congratulations @hnineikhaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Semi Finals - Day 1


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

👍👍ဆက်​လက်​အား​ပေး​နေပါမယ်​ဗျ

အားပေးနေပါတယ်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64400.33
ETH 3140.71
USDT 1.00
SBD 3.93