Crystal ကျောက်လေးများ၏အစွမ်း(1)

in #myanmar6 years ago

မင်္ဂလာပါရှင်။

ခရစ်စတယ်ကျောက်လေးတွေနဲ့ပတ်သတ်လို့ တိကျသေချာတဲ့ သိပ္ပံစမ်းသပ်ချက်တွေမရှိသော်ငြားလည်း ကျောက်တစ်ခုချင်းစီမှာ သူ့စွမ်းအင်နဲ့သူ ရှိပါတယ်။ ယနေ့မှာ

"Rose Quartz ခေါ် The Love Stone'' အသုံးပြုပုံကို ဖော်ပြပေးပါရစေ။

image

Image Source > Quora

ပုံမှာပြထားတဲ့ ချစ်စရာ ပန်းရောင်ကျောက်တုံးလေးကို ''Love Stone'' လို့ခေါ်ပါတယ်။ အချစ်နဲ့ပတ်သတ်တဲ့အစီအရင်တွေလုပ်ချင်ရင် ဒီကျောက်တုံးလေးကို အသုံးပြုနိုင်ပါတယ်။ သမီးရည်းစားအချစ်မှ မဟုတ်ပါဘူး ''သူငယ်ချင်းအချစ်'', ''မိသားစုမေတ္တာ'' စသည့် တခြားသော မေတ္တာရေးရာကိစ္စတွေမှာပါ အသုံးပြုနိုင်ပါတယ်။
သင့်ရဲ့နှလုံးသားရေးရာ ကိစ္စတွေအတွက်
ဒီကျောက်တုံးလေးကို ယုံယုံကြည်​ကြည်​နဲ့ အဆောင်အဖြစ် အသုံးပြုနိုင်ပါတယ်။ အရေးကြီးတဲ့အချက်က ဒီ အချစ်ကျောက်တုံးလေးဟာ စနေနေ့ညတွေမှာ ပိုပြီးအစွမ်းထက်ပါသတဲ့။
ကဲ အခုပဲ သင် crush နေတဲ့သူကို စနေနေ့ညမှာ date လုပ်ဖို့ချိန်းလိုက်တော့နော် 😛

''Love Stone'' လေးကို နောက်ထပ်တစ်မျိုး အသုံးပြုလို့ ရနိုင်ပါသေးတယ်။
ဘယ်လိုလဲ သိချင်နေပြီဟုတ်?
သူများကို သွားမ crush ချင်ဘူး။
ကိုယ့်ကိုပဲ လာ crush စေချင်တဲ့သူတွေအတွက် နည်းလမ်းလေးလေ။
မြန်မာလိုပြောရရင်
''မျက်နှာပွင့်တယ်၊
စန်းပွင့်တယ်'' ပေါ့ဗျာ။
''မျက်နှာမြင် ချစ်ခင်ပါစေ'' ဆုကို ရချင်တဲ့သူတွေအတွက်ကတော့
''Love stone '' ကို ဆောင်ထားရုံနဲ့တော့ မရဘူးနော်။
နည်းနည်းလေး အပင်ပန်းခံပြီး အစီအရင်လေးလုပ်ရမယ်။
အစီအရင်လုပ်ဖို့အတွက် နှင်းဆီပွင့်ချပ်လေးတွေလိုပါမယ်နော်။
(ကြိုက်နှစ်သက်ရာအရောင်ကို မိမိဥာဏ်ရှိသလိုအ
သုံးပြုနိုင်ပါသည်။)
ရေထဲမှာ အချစ်ကျောက်တုံးတစ်တုံး နှင့် နှင်းဆီပွင့်ချပ်များကို ထည့်ပါ။ ထိုရေထဲတွင် နာရီအနည်းငယ်မျှ ဝင်နေလိုက်ပါ။ အချစ်သီချင်းအေးအေးလေးများကို ဖွင့်၍ နားထောင်ကာ စိတ်ကို လျှော့၍ အပန်းဖြေနေပါ။ အချစ်ကျောက်တုံးဆီမှ အချစ်စွမ်းအင်များ မိမိခန္ဓာကိုယ်အတွင်း စီးဆင်းနေပြီဟု ခံစားပေးပါ။
ဤနည်းလမ်းဖြင့် မိမိကိုမြင်သူတိုင်း အမုန်းမပွားဘဲ ချစ်ခင်လာပါမည်။ မိမိ၏ အထက်အရာရှိများ၏ ချစ်ခင်စွာ အခွင့်အရေးပေးမှု၊ မျက်နှာသာပေးမှုများကို လိုချင်ပါကလည်း ထိုနည်းလမ်းကို အသုံးပြုနိုင်ပါသည်။

image
Image source > Beadworks Fairfield

image
Image source >mysticwish.co.uk

ထို ''love stone'' လေးများ၏ အစွမ်းကို ယုံကြည်သူများကမူ အဆင်တန်ဆာပုံစံအမျိုးမျိုး ပြုလုပ်ကာ ကိုယ်နဲ့မကွာဆောင်ထားကြသည်ကို တွေ့ရပါသည်။
မြန်မာနှစ်သစ်မှာ စတီးမစ်အဖွဲ့သားများအားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေရှင်။

Writer,
@honeysara
MSC-040

Sort:  

ချစ်​စရာ​လေးcrystal​လေး​တွေက။

မိန်းကလေးတွေအကြိုက် ဒီဇိုင်းဆန်းလေးတွေ...

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61219.98
ETH 2927.64
USDT 1.00
SBD 3.66