အမေ

in #myanmar6 years ago

အချိန်​​တွေကို ​နောက်​ပြန်​လှည့်​လို့ရရင်​ ကျွန်​​တော့ရဲ့ အတိတ်​တချို့ဆီကို ပြန်​သွားလိုက်​ချင်​မိတယ်​။
download.jpeg
Image source
နာကျင်​ခဲ့ရချိန်​​တွေကို သွားပြီး ဖျက်​ဆီးထားပြီး ကျွန်​​တော့်​ရဲ့အတိတ်​​တွေကို​တွေးတိုင်း ​ပျော်​ရွှင်​စရာ​တွေကိုချည်း မှတ်​မိချင်​မိတယ်​။
ဒါ​ပေမယ့်​လည်း မဖြစ်​နိုင်​​တော့ဘူး မဟုတ်​လား။ မဖြစ်​နိုင်​ဘူးဆိုတာ မရှိဘူးဆိုတဲ့ စကားမှာ ခြွင်းချက်​​တွေလည်း ရှိသင့်​တယ်​လို့ ကျွန်​​တော်​ထင်​တယ်​​လေ..

ကျွန်​​တော်​လည်း လူသားထဲက လူသားတစ်​​ယောက်​ပဲ​ဗျာ။ ခံစားတတ်​တာ​ပေါ့ နာကျင်​တတ်​တာ​ပေါ့။တစ်​ခါတ​လေ​တော့ ကိုယ့်​နာကျင်​ရခြင်းထက်​ သူတပါးရဲ့ နာကျင်​ရခြင်း​တွေကိုလည် ​ဖေးမပြီး ဖြစ်​နိုင်​မယ်​ဆိုရင်​​ အကုန်​လုံးကို ​ဖြေ​ဖျောက်​​ပေးလိုက်​ချင်​မိတယ်​။

ကျွန်​​တော်​ရဲ့ နာကျင်​ရတဲ့အတိတ်​က ကျွန်​​တော့သူငယ်​ချင်း​ကြောင့်​ပါပဲ။သူ ကျွန်​​တော့အိမ်​ကို အလည်​​တောင်​မလာ​တော့တာ ကြာပြီ​လေ။

ဒီ​ကောင်​ကို သူ့အ​မေက သိပ်​ချစ်​တာ။သူက​တော့ ငယ်​လည်း ငယ်​​သေး​တော့ သူ့အ​မေရဲ့အချစ်​အ​ပေါ်မှာ ဆိုးနွဲ့ဖို့​လောက်​ပဲ သိ​သေးတာ​လေ။

သူက သူ့အိမ်​မှာ အငယ်​ဆုံးလည်း ဖြစ်​​တော့ အလိုလိုက်​ခံရတာလည်း ဖြစ်​နိုင်​ပါတယ်​။သိပ်​ပြီး နားလည်​ သိတတ်​​နေတဲ့အရွယ်​မျိုး မဟုတ်​တဲ့ အချိန်​မှာ သူ့အ​မေဆုံးတယ်​။သူ့အတွက်​ သိပ်​ခံစားရတာမျိုး မဖြစ်​​လိုက်​ဘူး။က​လေးသဘာဝ ငိုလိုက်​​ဆော့လိုက်​နဲ့ ပြီးပြီး​ပျောက်​​ပျောက်​ပါပဲ။

အခု ဒီ​ကောင်​က ဘွဲ့လွန်​တက်​​နေတယ်​။ သူက ​တော်​တယ်​လို့ ​ပြောရမယ်​။ ဆယ်​တန်းမှာလည်း ဂုဏ်​ထူး​တွေနဲ့ ​အောင်​ခဲ့တာ​လေ။

ဆယ်​တန်း​အောင်​​တော့ သူ အကြီးအကျယ်​ငိုတယ်​။ဘာဖြစ်​လို့လဲဆို​တော့ သူ့အ​မေကို သူသိပ်​သတိရသွားလို့တဲ့။ သူ့ဘဝအတွက်​ ပထမဆုံးအကြိမ်​ အဲ့ဒီ​လောက်​ငိုတာကို ကျွန်​​တော်​မြင်​ဖူးလိုက်​တာပဲ။

အဲ့ဒီက​နေစလို့ သူ့ရဲ့ အ​မေခံစားချက်​ဟာ အ​တော်​​လေး ပြင်းထန်​လာပုံရပါတယ်​။
ကျွန်​​တော့်​အိမ်​ကို လာပြီးလို့ ပြန်​တိုင်း ​ခေါင်းငိုက်​ဆိုက်​ကျ​နေတတ်​တာ ​တွေ့ရတယ်​။ ​နောက်​ပိုင်းမှာ သူ​ပြောတာက ကျွန်​​တော့်​အ​မေက သူ့ကို သားလို့ ​ခေါ်ရင်​ သူသိပ်​ငိုချင်​တယ်​တဲ့။
အိမ်​ပြန်​ရင်​ အိပ်​လို့မရ​တော့ဘူး။သူ့အ​မေကို သတိရပြီး ငိုမိတယ်​တဲ့။
download (1).jpeg
Image source
ကျွန်​​တော်​ သူ့ကို သိပ်​သနားသွားမိတယ်​။
ဒါ​ပေမယ့်​ ကျွန်​​တော်​ ဘာမှ မလုပ်​​ပေးတတ်​​ဘူး​လေ။
အခု​နောက်​ပိုင်းဆို သူ ကျွန်​​တော်​တို့ အိမ်​ကို မလာ​တော့ဘူး။စာကို အ​ကြောင်းပြပြီး​နေ​တော့တာပဲ။
ကျွန်​​တော်​ နားလည်​​ပေးလိုက်​ပါတယ်​။ သူက ကျွန်​​တော့်​အ​မေအတွက်​ မကြာခဏ မုန့်​​တွေဝယ်​​ပေးလိုက်​တတ်​တယ်​။ အ​မေက ကျွန်​​တော်​ကို ​မေးတိုင်း သူစာကျက်​​နေရတဲ့အ​ကြောင်းကိုပဲ ​ပြော​နေဖြစ်​​ပေမယ့်​ တကယ်​က ဘာ​ကြောင့်​ဆိုတာ ကျွန်​​တော်​သိ​နေတာမို့ ကျွန်​​တော့သူငယ်​ချင်းကို ကျွန်​​တော်​ နားလည်​​ပေးနိုင်​ပါတယ်​။

ကျွန်​​တော့ရဲ့ နာကျင်​မှုမဟုတ်​​ပေမယ့်​ ကျွန်​​တော့သူငယ်​ချင်းရဲ့ မျက်​ရည်​မကျဖြစ်​တဲ့ ခံစားချက်​​တွေက ကျွန်​​တော့်​ကို ပိုနာကျင်​​စေပါတယ်​။

ဖြစ်​နိုင်​မယ်​ဆိုရင်​ သူ့အ​မေကို ပြန်​​ခေါ်​ပေးလိုက်​ချင်​မိတဲ့အထိပါပဲ။ ဒါ​ပေမယ့်​ မဖြစ်​နိုင်​​တော့ဘူးမဟုတ်​လား။
ကျွန်​​တော့ကို ​တွေ့တိုင်း အ​မေကိုချစ်​တတ်​ဖို့ တန်​ဖိုးထားဖို့ ဂရုစိုက်​ဖို့ သူအမြဲ​ပြော​လေ့ရှိတယ်​။
သူရဲ့ ကြိုးစားမှု​တွေတိုင်းကလည်း အခုကျန်​​နေတဲ့ သူ့အ​ဖေအတွက်​ ဦးတည်​ရည်​ရွယ်​ထားတယ်​ဆိုတာ ကျွန်​​တော်​ သိ​နေပါတယ်​။
download (2).jpeg
Image source
ကျွန်​​တော့်​ သူငယ်​ချင်းကို ကျွ​န်​​တော်​ ချစ်​ပါတယ်​။
အခု သူ့ရဲ့စိတ်​ သူ့ရဲ့ ခံစားချက်​​တွေ​ကြောင့်​ သူ့ကို ကျွန်​​တော်​ ပိုပြီး​လေးစားပြီး ချစ်​ခင်​ရပါတယ်​။သူ့​ကြောင့်​ ကျွန်​​တော့ မိဘ​တွေကို ပိုချစ်​တတ်​လာတယ်​ဆိုတာကိုလည်း က်ျ့​န်​​တော်​ ဝန်​ခံပါတယ်​။

Writter @htetnainglin
Msc 188

Sort:  

စိတ်မကောင်းစရာပါဘဲ အစ်ကိုရယ်

အမေများအားလုးံကိုချစ်ကြပါတန်ဖိုးထားကြပါ

ဟုတ်ကဲ့ပါ

မိဘကိုတန်ဖိုထားလုပ်ကြွေးတဲ့သားသမီးဘယ်တော့မှ
မဆင်းရဲဘူးဗျ

ဟုတ်ကဲ့ပါဗျ

ရှိနေတဲ့ အချိန်မှာ မိဘကို တန်ဖိုးထားကြပါစို့😊😊

Right
မိဘ​ကျေးဇူးကြီးမားပါတယ်​...

😀😀😀ဟုတ်ပါတယ်

မိဘတွေ ကို ရှိတုန်း တန်ဖိုးထားတတ်ကြပါစေဗျာ

ဟုတ်အကို

သူငယ်ချင်းနဲ့ စိတ်တူကိုယ်တူ ခံစားချက်ရှိတာ ကောင်းပါတယ်လို့ you are best fri😊

အ‌မေရှိတုန်း တန်‌ဘိုးထားကြပါလို့ ‌ပြောချင်‌ပါတယ်‌။

ဟုတ်ကဲ့

ဝမ်းနည်းစရာ.

ဟုတ်ပါတယ် မိဘမဲ့ဘဝက သနားစရာပါ
လူတိုင်းအားလုံး မိဘ ကိုတန်ဖိုးထားတက်ကြပါစေ

မှန်ပါတယ်ဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94