မူလန်

in #myanmar6 years ago

မူလန်
download (6).jpeg
Image source
တရုတ်​အမျိုးသမီး စစ်​သူကြီး တစ်​ဦးရဲ့နာမည်​ပါ။သူမနာမည်​က ဟွားမူလန်​တဲ့။
နေမ​ကောင်းဖြစ်​​နေတဲ့ ဖခင်​ကိုယ်​စား စစ်​​မြေပြင်​ထဲကို ​ယောက်ျား​လေးဟန်​​ဆောင်​ပြီး ဝင်​​ရောက်​​ခဲ့တဲ့ မိန်းက​လေးတစ်​​ယောက်​ပါ။ဘာဖြစ်​လို့ ​ယောက်ျား​လေးလိုဟန်​​ဆောင်​ရသလဲဆို​တော့ အဲ့ဒီ ဝှီစစ်​တပ်​ကြီးရဲ့ အမိန့်​အရ စစ်​ပွဲ​တွေထဲ မိန်းမ​တွေ မ​ခေါ်ရ ​ခေါ်ခဲ့ရင်​ ​သေဒဏ်​တဲ့။
ငယ်​ကတည်းက မဟုတ်​မခံချင်​စိတ်​ရှိတဲ့ မူလန်​။ဖခင်​ဖြစ်​သူရဲ့ သင်​ကြား​ပေးမှုနဲ့ သိုင်းပညာကို တတ်​​မြောက်​ထားတဲ့ မူလန်​ဟာ မိန်းက​လေးသိပ်​​တော့ မဆန်​ပဲ ဖြစ်​​နေပါတယ်​။download (7).jpeg
Image source
စစ်​တပ်​ထဲ ​ရောက်​တဲ့အခါ သူမရဲ့ငယ်​သူငယ်​ချင်း တိုက်​ဂါးနဲ့ ဆုံ​တော့ တိုက်​ဂါးကို နှုတ်​ပိတ်​ရပါ​သေးတယ်​။ပြီး​တော့ ​ယောက်ျား​လေး​တွေကြားထဲက မိန်းက​လေးတစ်​​ယောင်​အ​နေနဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ ဗာဟီရကိစ္စ​တွေက သူမကို အခက်​အခဲ ဖြစ်​​စေပါတယ်​။
ရန်​သူ ရိုရန်​​တွေရဲ့ နယ်​ချဲ့မှုကို ကာကွယ်​ဖို့. ပထမဆုံးတိုက်​ပွဲမှာပဲ တစ်​ဖက်​ရန်​သူရဲ့ တပ်​မှူးကို မူလန်​က သတ်​ပစ်​လိုက်​နိုင်​တဲ့အတွက်​ သူမက လက်​​ထောက်​တပ်​မှူးအဖြစ်​ ရာထူးခန့်​ထားခြင်းခံရပါတယ်​။
မူလန်​တို့ တပ်​မှူးက အဲ့ဒီတိုက်​ပွဲမှာ ကျရှုံးသွားခဲ့ပြီး လက်​​ထောက်​တပ်​မှူးက တပ်​မှူးကြီးဖြစ်​ ၊မူလန်​က လက်​​ထောက်​တပ်​မှူးဖြစ်​​ပေါ့..။
အ​ခြေအ​နေတစ်​ခုနဲ့ ကြုံကြိုက်​ပြီးမှ အဲ့ဒီတပ်​မှူးကြီးဖြစ်​သွားတဲ့ ဝမ်​တိုင်​က မူလန်​ကို မိန်းက​လေးမှန်းသိ​နေခဲ့တာပါ။
တိုက်​ပွဲ​ပေါင်းများစွာကို ဝမ်​တိုင်​နဲ့ မူလန်​တို့ အနိုင်​ယူတိုက်​ခိုက်​ကြပြီး တစ်​ဖက်​ရန်​သူ ရိုရန်​​တွေကို ထိတ်​လန့်​​စေခဲ့ပါတယ်​။
မူလန်​ဟာ တိုက်​ပွဲများစွာကို ဝမ်​တိုင်​နဲ့အတူ ပါဝင်​ဆင်​နွဲကြရင်း ဝမ်​တိုင်​အ​ပေါ် ယိမ်းယိုင်​​နေတဲ့ သူမရဲ့စိတ်​က မိန်းက​လေးဆန်​ဆန်​ ထွက်​​ပေါ်လာခဲ့ပါတယ်​။
ဝမ်​တိုင်​က သူမဟာ ဒီထက်​ပိုလုပ်​နိုင်​သူမှန်းသိ​နေသူမို့ သူမကိုယ်​သူမ ရပ်​တည်​နိုင်​​အောင်​ ကြံစည်​​နေခဲ့သူပါ။
တစ်​​နေ့မှာ​တော့ ဝမ်​တိုင် ရန်​သူ​တွေရဲ့ ​ချောင်း​မြောင်း တိုက်​ခိုက်​ခံရပြီး အကြီးအကျယ်​ ဒဏ်​ရာရသွားခဲ့ပါတယ်​..ဝမ်​တိုင်​ရဲ့ ဒဏ်​ရာဟာ သူ့အတွက်​ ​သေမလား ရှင်​မလားဆိုတဲ့ ​အရာနှစ်​ခုကြားမှာ မှုန်​ဝါး​နေခဲ့ပါတယ်​။
မူလန်​ တစ်​​ယောက်​ ဝမ်​တိုင်​မရှိ​တော့တဲ့အတွက်​ တပ်​မှူးကြီး ဖြစ်​လာတဲ့အခါ တပ်​​တွေကို ဦး​ဆောင်​နိုင်​ပါ့မလား..
သူမဟာ မိန်းက​လေးတစ်​​ယောက်​ဖြစ်​​နေတဲ့အတွက်​ သနားကြင်​နာတတ်​ခြင်းနဲ့ ​ပျော့ညံ့မှု​တွေကို တစ်​ဖက်​ ကကျူး​ကျော်​လာကြတဲ့ ဖခင်​ကိုသတ်​ပြီး နန်းတက်​လာတဲ့ ရက်​စက်​ကြမ်းကြုတ်​တဲ့ ရိုရန်​ဘုရင်​ကို အန်ုင်​ယူနိုင်​ပါ့မလား..
သူမရဲ့တပ်​​တွေကို သူမ ဘယ်​လို ဦး​ဆောင်​သွားသလဲ
ဝမ်​တိုင်​ဟာ ​သေသလား ရှင်​သလား
သူမဟာ တပ်​မ​တော်​ထဲပါဝင်​​နေတဲ့ မိန်းမတစ်​​ယောက်​ ဖြစ်​​နေတာမို့ ဘုရင်​ကြီး သိသွားတဲ့အခါ ဘယ်​လို စီရင်​ချက်​ချလိုက်​သလဲ..
images (6).jpeg
Image source
စိတ်​ဝင်​စားစရာ ဇာတ်​​ကား​ကောင်း တစ်​ကားဖြစ်​တဲ့ Mulanဆိုတဲ့ ကာတွန်းကားကတည်းက ​အောင်​မြင်​ခဲ့တဲ့ဇာတ်​ကားကို တရုတ်​မင်းသမီး​ချော Zhao Wei က ဟွားမူလန်​​နေရာမှာ အဓိက သရုပ်​​ဆောင်​ထားတာ ဖြစ်​ပါတယ်​..။

Writter @htetnainglin
Msc-188

Sort:  

ဇတ်လမ်ကကောင်နေမှ ဆက်ရေးမှာလားဗျ

အစ်‌ကိုလည်းကြည့်‌ဖူးတယ်‌ အရမ်း‌ကောင်းတယ်‌။

တွေးမိတာ ရေးပစ်လိုက်မိတာ ကျေးဇူးပါ

မကြည့်​ရ​သေးဘူး...ဇာတ်​ကားတစ်​ကားတည်းလား?
ဇာတ်​လမ်းတွဲအခန်းဆက်​လား?

တကာပြီး အမ...

ဗဟုသုတ ရပါတယ်​ဗျာ ရုပ်​ရှင်​ကြိုက်​ထင်​တယ်​​နော်

တခါတလေကြည့်မိတာပါဗျ

နောက်​ပိုင်း​လေးက ပိုပြီးအရှိန်​တက်​​စေတယ်​.

ဟုတ်😁

အမှန်အတိုင်းပြောရင် မကြည့်ဖူးဘူး
အခုတော့ ကြည့်ပြီဗျာ

အယ်ဇာတ်ကားအရမ်းကောင်းတယ်

ဟုတ်လားဗျ😁

ကြိုက်​တယ်​ဗျာ့ အဲ့ကား​လေး

Review ကို အစအဆုံးပြောပြပါ 😂😂

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60895.62
ETH 2917.92
USDT 1.00
SBD 3.58