သူငယ်ချင်းသို့

in #myanmar6 years ago

သူငယ်​ချင်း သို့
မိုး​ရွာချိန်​​တွေ​ရောက်​တိုင်း စိန်​ပန်းပွင့်​ချိန်​​တွေ​ရောက်​တိုင်း ကျွန်​​တော်​ လွမ်းတယ်​။
image

Image source
လွမ်းရတာ ကဝတ္တရား မဟုတ်​​ပေမယ့်​ ကျွန်​​တော်​ အကျင့်​တစ်​ခုလို စွဲ​နေပြီ။မိုး​ရေ​တွေထဲ ဖိနပ်​မပါ ထီး​ဗလာနဲ့ ဖြတ်​​လျှောက်​ရတာ ကြိုက်​တဲ့ သူ​လေးကို ကျွန်​​တော်​ သတိတရလွမ်းဆွတ်​​နေမိတယ်​။
စံပယ်​ပန်းဖြူ​လေး​တွေကို အားပါးတရ ရှူရှိုက်​ပြီးတိုင်း ကြည်​လင်​ရွှင်​လန်းသွားတဲ့ သူ့မျက်​နှာ​လေးကို ကြည့်​ရင်း ကျွန်​​တော်​ ​နေ့စဉ်​ရက်​ဆက်​ ပန်းဆက်​သမား ဖြစ်​ခဲ့ဖူးတယ်​။
မျက်​နှာကြည်​ကြည်​​လေးနဲ့ သွက်​သွက်​လက်​လက်​​လေး ​နေတတ်​တဲ့ သူ​လေးက စကားကလည်း များ​သေးတယ်​။
ဒါ​ပေမယ့်​ အားလုံးက သူ့ပုံစံ​လေးနဲ့ ချစ်​စရာ​ကောင်း​နေခဲ့ပါ​သေးတယ်​။
စာမရမှာပူတတ်​တဲ့ သူ​လေးက ကြိုးစားသ​လောက်​လည်း အရာထင်​ပြီး စာ​တော်​သူပါ။ဒါ​ပေမယ့်​ သူမရတာ​တွေ ရှိရင်​ ကျွန်​​တော်​လို့ သူမ​လောက်​ စာမရသူဆီမှာ ​မေးဖို့လည်း ဝန်​မ​လေးဘူး။
ပြီး​တော့ ဆရာမအတွက်​ သီသွားတဲ့ စံပယ်​ပန်း​တွေကို ဖြတ်​ခုတ်​ဖို့လည်း ဝန်​မ​လေးဘူး။
မိုးရွာတဲ့​နေ့​တွေဆို သူက မိုး​ရေ​ဆော့ချင်​လို့ ယွစိ​နေတတ်​တာ ​ငေါက်​ယူရတဲ့အထိပါပဲ။
image
Image source
အစားအ​သောက်​ဆို ဘက်​မ​ရွေးတတ်​လို့ မကြာခဏ အစားမှားပြီး ​ဗိုက်​နာလိုက်​ ဝမ်း​လျှောလိုက်​ ဖြစ်​တာလည်း သူပါပဲ။စားသ​လောက်​ ဝ မလာ​ပေမယ့်​ ပြည့်​တယ်​ဆိုရုံ သူ​လေးက ပိန်​ကျသွားရင်​ သိပ်​သိသာလွန်း​နေတတ်​တယ်​။
ကျွန်​​တော်​က ဘာဖြစ်​တာလဲလို့​မေးလိုက်​ရင်​ ကျွန်​​တော့်​ကို ဖျံကျပြီး ညာတတ်​တယ်​။ဆေးဝယ်​ခိုင်းတာတို့ အိမ်​ကို ပြန်​​ပြေးပြီး ​ပြောခိုင်းတာတို့​တွေ ပြီးကျ ကျွန်​​တော့်​ကို မျက်​နှာငယ်​​လေးနဲ့ ​တောင်းပန်​​နေတတ်​ပြန်​​ရော...
မွေးကတည်းက ချစ်​စရာ အမူအကျင့်​​လေး​တွေကို ပိုင်​ဆိုင်​ထားတာ သူ့အတွက်​ ဘုရား​ပေးတဲ့ဆုဖြစ်​မယ်​ ထင်​တယ်​။
ကျွန်​​တော့မျက်​စိထဲမှာ သူမဘာလုပ်​လုပ်​ အပြစ်​လို့ မမြင်​မိတာ ကျွန်​​တော်​စိတ်​​ကောင်းရှိလွန်းလို့ မဟုတ်​​တာ​တော့​သေချာတယ်​​လေ။လူတိုင်းကို အဲ့ဒီလိုမှ ကြည့်​လို့မရတာ။
ကျွန်​​တော်​ သူ့ကို လွမ်းတယ်​။
အခုလို တစ်​နယ်​စီအ​ဝေးမှာ မဆုံဖြစ်​ကြချိန်​ဆို ပိုလွမ်းတယ်​။
စိန်းပန်း​တွေပွင့်​တိုင်း ​ကျောင်းဖွင့်​ရာသီ​ရောက်​တိုင်း သူ့ကို လွမ်း​နေမိတယ်​။
မိုး​တွေရွာရင်​ စံပယ်​ပန်း​တွေ ​ဖွေး​နေ​အောင်​ပွင့်​ရင်​ သူ့ကို တမ်းတမ်းတတကြီး လွမ်း​နေမိတတ်​တယ်​။

ကျောင်း​တွေပြီးလို့ တစ်​နယ်​စီကွဲကြရတဲ့သူငယ်​ချင်း​တွေထဲမှာ ကျွန်​​တော်​ သူ့ကို အလွမ်းဆုံးပါ။သူ့ဖုန်းနံပါတ်​လည်း ကျွန်​​တော့်​မှာ မရှိဘူး။သူမ ဘယ်​​ကျောင်းမှာ ဘာ​မေဂျာနဲ့ တက်​​နေလဲ ကျွန်​​တော်​ မသိဘူး။
image
Image source
ဒါ​ပေမယ့်​ ကျွန်​​တော်​​မျှော်​လင့်​ချက်​ရှိတယ်​။
တစ်​​နေ့ သူနဲ့ဆုံကို ဆုံရမယ်​။အဲ့ဒီတ​စ်​​နေ့ဟာ သူ့ဖက်​က အိမ်​​ထောင်​​တွေ ကျရင်​ ကျ​နေမှာ​ပေါ့..
ဒါ​ပေမယ့်​ ကျွန်​​တော်​....
ကျွန်​​တော့်​ရဲ့ ချစ်​စရာ​ကောင်းတဲ့ သူငယ်​ချင်းမ​လေးကို လွမ်းဆွတ်​ခွင့်​​တော့ ရှိ​နေမှာပါ..
တိတ်​တဆိတ်​​လေ်း​ဖြစ်​ဖြစ်​​ပေါ့...

Writter @htetnainglin
Msc 188

Sort:  

သူငယ်ချင်းလေးနဲ့ပြန်ဆုံပါစေ ဆုတောင်းပေးပါတယ်

ကျေးဇူးပါ

သူငယ်‌ချင်းသို့ တမ်းချင်း‌ပေါ့။လွမ်းလို့ ရတုန်း လွမ်းထားပါညီ။

လွမ်းတယ်ဆိုတော့ ကာ 😆😆

😁😁မနောက်ရဘူးနော်

သူငယ်​ချင်းနှင့်​အမြန်​ပြန်​ဆုံ​တွေ.ပါ​စေလို့...

ကျေးဇူးပါ

သူ အိမ်ထောင်ကျသွားပြီဗျ

သေချာတယ်ဗျာ သူမဘာလုပ်လုပ်ကိုယ်ကသူ့ကိုချစ်နေတော့ သူလုပ်တာတွေဆို သဘောကျနေတော့တာပါ။ပြန်ဆုံနိုင်ပါစေခင်ဗျာ

သူငယ်ချင်လေးပါတဲ့

သတိရနေတာ😀

သူငယ်ချင်းမ​လေး ကိုး...

တွေ့ချင်စိတ်လေးထားပါ တွေ့ကို တွေ့ရမှာပါ😊

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17