သွားချင်မိတဲ့ နေရာလေး

in #myanmar6 years ago

images (21).jpeg
Image source
မြစ်​ဆုံကို ​ရောက်​ဖူးချင်​တယ်​။ ကျ​နော်​တို့မြန်​မာနိုင်​ငံအတွက်​ အဓိက အသက်​​သွေး​ကြော ဧရာဝတီမြစ်​ စတင်ဖြစ်​တည်​ရာ ​နေရာ အဖြစ်​ ​မေခနဲ့ မလိမြစ်​ကို လူသိများကြပါတယ်​။ အဲ့ဒီ​မေခ မလိခ ​ပေါင်းဆုံပြီး ဧရာဝတီဖြစ်​ရာ ​နေရာ​လေး ဖြစ်​တယ်ဆိုတာ ကျ​နော်​တို့ မြန်​မာနိုင်​ငံမှာ​တော့ နာမည်​ကြီးပဲ​ပေါ့ဗျာ။ ကျ​နော်​ အဲ့နေရာကို ​ရောက်​ဖူးချင်​တယ်​​ဗျာ..
မြစ်​ကြီးနားမြို့ရဲ့​မြောက်​ဖက်​ ၂၈မိုင်​အကွာမှာ ရှိတယ်​ဆိုတဲ့ နေရာ
တန်​ဖဲရွာမှာ ဆုံတယ်​ဆိုတဲ့ နေရာ
တော​တောင်​သဘာဝနဲ့ လှပတယ်​ဆိုတဲ့ အရာ
ရေခဲ​တောင်​က​နေ အရည်​​ပျော်​စီးကျလာတဲ့ ​ရေခဲ​ရေ​အေး​အေး​တွေနဲ့ သဘာဝ​ကျောက်​တုံး ​ချော်​​ချော်​​လေး​တွေစီထားသလို ဖြစ်​​နေတဲ့ ဒေသမှာ သူများ​တွေ ဓာတ်​ပုံရိုက်​လို့တင်​ကြတိုင်း ကျ​နော်​ သိပ်​သ​ဘောကျတာပဲဗျာ
တိုင်းရင်​သူ ဖြူဖြူ​ချော​ချော​လေး​တွေကလည်း ရိုးရာ ဝတ်​စုံ​လေး​တွေနဲ့ လှည့်​ပတ်​က​နေကြတဲ့ သီချင်း​တွေမြင်​တိုင်း ကျ​နော်​ အဲ့ဒီကို သိပ်​သွားချင်​တာပဲ.။
ရောက်​ဖူးတဲ့ သူငယ်​ချင်း​တွေက အဲ့ဒီဒေသက လတ်​ဆတ်​တဲ့​လေ​တွေအ​ကြောင်း ရိုးသားတဲ့ တိုင်းရင်​သူ တိုင်းရင်းသား​တွေအ​ကြောင်း ​ပြောကြရင်း အဲ့ဒီမြစ်​ဆုံက ဆိုင်​​တွေမှာ လတ်​လတ်​ဆတ်​ဆတ်​ငါးကင်​နဲ့ ​ခေါင်​ရည်​ရတယ်​ဆို​တော့ ကျ​နော့်​မှာ သွားရည်​​တောင်​ မျိုချလိုက်​ရပါ​သေးတယ်​။
images (20).jpeg
Image source

ဒေသခံ​တွေရဲ့ အစားအစာ ​ဒေသခံ​တွေရဲ့ ​ဖော်​​ရွေမှု​တွေနဲ့ သဘာဝအလှတရား​တွေ ထုံမွှန်း​နေတယ်​ဆိုတဲ့ အ​ကြောင်း​တွေ ​ပြော​တော့ ကျ​နော့်​စိတ်​ထဲ ရိုးတရွနဲ့ ​နေမထိ ထိုင်​မသာ​ပေါ့​ဗျာ..
ပြီး​တော့ အခုက နယ်​​မြေမ​အေးချမ်းတဲ့အ​ကြောင်း​တွေ မြစ်​ဆုံ စီမံကိန်းအ​ကြောင်း​တွေ ​တွေးမိပြန်​​တော့ ကျ​နော်​ ရင်​ဆို့မိပြန်​​ရော..
သဘာဝရဲ့အလှတရား​တွေမှာလည်း ဒဏ်​ရာဒဏ်​ချက်​​တွေ များလိုက်​တာလို့ ​တွေးမိရင်း ကျ​နော်​ သူု့ကိုပဲ သနားမိသလိုလို ဧရာဝတီအတွက်​ပဲ ရင်​နာမိသလိုလိုနဲ့ပါ ​မေခဆိုတဲ့ မြစ်​နဲ့ မလိခဆိုတဲ့ မြစ်​​တွေက ဟိုး ​တောအထပ်​ထပ်​က​နေ ရစ်​​ခွေစီးဆင်းလာပြီး ဧရာဝတီဆိုတဲ့ ကျ​နော်​တို့နိုင်​ငံအတွက်​ နတ်​မိမယ်​တစ်​ပါးကို ​မွေးဖွား​ပေးခဲ့​ပေမယ့်​ အဲ့ဒီ​ဒေသမှာ​တော့ ငြိမ်းချမ်း​ရေးဆိုတဲ့ နတ်​မိမယ်​​လေးကို မ​မွေးဖွားနိုင်​​သေးတာက ​တွေး​တွေးရင်းရင်​နာမိတယ်​။
ဧရာဝတီမြစ်​ကိုမြင်​တိုင်း ကျ​နော်​ မြစ်​ဆုံသွားချင်​စိတ်​ကို ထိန်းသိမ်း​နေကျ ဖြစ်​​နေပြီ..
အဲ့နေရာမှာ ​စေတီတစ်​ဆူလည်း ရှိတယ်​။ ဘီယာဆိုင်​​တွေ စပ်​ဖီဆိုင်​​တွေ ​ခေါင်​ရာ်​ဆိုင်​​တွေလည်း ရှိတယ်​။ အသားကင်​ ငါးကင်​ ကချင်​ရိုးရာ အစားအ​သောက်​​တွေလည်း ရတယ်​ ဆို​တော့ ကျ​နော့်​မှာ ပါးစပ်​အ​ဟောင်းသားနဲ့ နား​ထောင်​​နေရတယ်​။
အဲ့ဒီကို သွားမယ်​ဆိုတာနဲ့ လမ်းမှာလည်း ​ဂျော်​ဘွန်​တို့ ​ရေပြာ​ချောင်းတို့ကို ဝင်​လည်​လို့ရတယ်​ဆိုပြီး သူငယ်​​ချင်းေ​တွက ပုံ​တွေပို့​တော့ ကျ​နော့ စိတ်​ထဲမှာ ကျလိ ကျလိနဲ့ စိတ်​ယားလိုက်​သည့်ုဖစ်​ချင်း..။
ကျ​နော်​တို့ဆီမှာ မရှိတဲ့ အလှတရား​တွေ​လေ..
မြစ်​ဆုံက ​ကျောက်​ခဲဖြူဖြူ​လေး​တွေ ​ရေ​​အေး​အေး​လေး​တွေ မြစ်​အလယ်​ ​ကျောက်​​ဆောင်​​တွေ​ပေါ်က လူ​တွေကို ​တော​တောင်​​တွေ စက်​​လှေ​လေးကလည်း ရှိ​နေ​သေးတဲ့ ပုံ​လေး​တွေမှာ ကျ​နော်​ကိုယ်​တိုင်​ပဲ မြစ်​ဆုံကို ​ရောက်​​နေမိသလိုလို ​ကျောက်​ခဲ​ချော​ချောကိုပဲ ​ကောက်​ကိုင်​မိ​နေသလိုလို ​လေနု​အေး​လေးကိုပဲ ရှူမိ​နေသလိုလို တိုင်းရင်​သူ​လေး​တွေရဲ့ ချစ်​စရာစကားသံနဲ့ ရိုးရာအက​လေး​တွေကို ကျ​နော်​က ​ခေါင်​ရည်​​သောက်​ရင်း ကြည့်​​နေမိသလိုလိုနဲ့ မြစ်​ဆုံဟာ ကျ​နော့်​ အ​ပေါ် လွှမ်းမိုးမှု အရှိန်​အဝါ သိပ်​ကြီးလွန်းတယ်​​ဗျာ..
တစ်​​နေ့​နေ့မှာ အဲ့ဒီကို သွားဖြစ်​​အောင်​သွားမယ်​လို့ စိတ်​ထဲ ထည့်​လိုက်​​ပေမယ့်​ ကျ​နော်​ရှိ​နေချိန်​ အဲ့ဒီ​ဒေသ ငြိမ်းချမ်း​ရေး အပြည့်​အဝ ရရှိ​နေပါ​စေလို့ ဆု​တောင်း​နေမိတယ်​။

images (19).jpeg
Image source
ကျ​နော့်​ကို လွှမ်းမိုးနိုင်​လွန်းတဲ့ နေရာကို ကျ​နော်​ သိစိတ်​က​နေ​ရော မသိစိတ်​က​နေပါ ချစ်​တယ်​ဗျာ.
အဲ့ဒီကျ​နော်​ချစ်​တဲ့ ​ဒေသ ကျ​နော်​ချစ်​တဲ့ သဘာဝအလှတရား​တွေ ဒီလိုအကျည်းတန်​လွန်းတဲ့ စစ်​​တွေ လူ​တွေရဲ့ အကျိုးအမြတ်​အတွက်​ ပျက်​စီး​စေမှု​တွေ​အောက်​မှာ ​ပျောက်​ရှသွားမှာ စိုးရိမ်​တာ​တော့ အမှန်​ပါပဲဗျာ

အဲ့ဒါ​ကြောင့်​ ကျ​နော်​ချစ်​တဲ့ နေရာကို တစ်​​နေ့ အ​ရောက်​သွားမယ်​၊
ကျ​နော်​ချစ်​တဲ့ မြစ်​ဆုံ​ဒေသ အမြဲတ​စေ သဘာဝအလှအပ​တွေနဲ့ ကျ​နော်​ကို ကြိုလင့်​နိုင်​ပါ​စေလို့လည်း အမြဲ ဆု​တောင်းတယ်​ဗျာ..

Writter @htetnainglin
Msc 188

Sort:  

စာ​လေးဖတ်​ပြီး စိတ်​မ​ကောင်းဖြစ်​မိတယ်​ ဆု​တောင်းယုံကလွဲပြီး ဘာမှမတတ်​နိုင်​ဘူး

ဟုတ်😁

သွားချင်သောနေရာကလေးပါ

ဟုတ် အတူသွာကြမယ်လေ😁😁

တူတူပါပဲ ကျနော်လည်းသွားချင်နေတဲ့နေရာလေးပါ

သွားချင်​​နေတဲ့ဆန္ဒပြည့်​ဝပါ​စေလို့....

Thanks ပါ

သွားနိုင်ပါစေ ဆုတောင်းပေးမယ်😊

ဟုတ် မတ်မတ်ကြည်😁😁

တကယ်လား

မြစ်​ဆုံကို ​ရောက်​အောင်သွားပါ ဘဒို
အဆင်ပြေရင် လိုက်ခဲ့ပါ့မယ်

အတူတွူားရအောင်လေ

တစ်နေ့နေ့တော့ ရောက်ဖူးချင်မိတယ် မရောက်ဘူးသေးဘူး

သွားကြမယ်နော့

မြစ်‌ဆုံကို မြန်‌ မြန်‌‌ရောက်‌ပါ‌စေလို့ ဆု‌တောင်းလိုက်‌ပါတယ်‌။

ကျွန်တော်တို့လည်း မြစ်ဆုံကို မရောက်ဖူးသေးပါဘူးအစ်ကို။ဟုတ်တယ် တော်တော်လေးလှပသာယာပြီး သွားချင်စရာကောင်းတဲ့ နေရာကောင်းလေးတစ်ခုပါ။ရောက်အောင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

Thanks ပါဗျ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60947.53
ETH 2913.40
USDT 1.00
SBD 3.56