အပြိုင်အဆိုင်
စကားတွေပြောကြသည်။ ကောင်းတဲ့စကား၊
မကောင်းတဲ့စကား၊ အတင်းစကား အဖျင်းစကား၊
အကျိုးရှိတဲ့စကား အကျိုးမရှိတဲ့စကား အမျိုးမျိုးပဲ
ပြောကြသည်။ တစ်ဦးနှင့် တစ်ဦးအပြိုင်အဆိုင်လဲ
ပြောကြသည်။ အမျိုးသား များလဲ အပြိုင်အဆိုင်
အမျိုးသမီး များလဲ အပြိုင်အဆိုင် စကားပြောကြ
သည်။ အမျိုးသားများထက် အမျိုးသမီးများက
ပွင့်လင်းမြင်သာစွာ စကားကို အပြိုင်အဆိုင်ပြော
သည်။
ကျွန်တော့်ရုံးက ဝန်ထမ်းများလည်း အမျိုးမျိုး
ပြိုင်ဆိုင်ကြသည်။ အထူးသဖြင့် အမျိုးသမီး
ဝန်ထမ်းများက ပြိုင်ဆိုင်မှုကို ဦးဆောင်ပါသည်။
လက်ဝတ်လက်စား၊ သားသမီး ပညာရေး၊ သားသမီး အိမ်ထောင်ရေးနှင့် အဝတ်အထည် ကစ၍ ပြိုင်ဆိုင်ကြသည်။ ဒါတောင် ဌာနက
ရုံးဝတ်စုံ အင်္ကျီအဖြူ လုံချည်အပြာ သတ်မှတ်ထားသည်။ အမျိုးသားဝန်ထမ်းများကတော့ အသောက်
ပြိုင်ကြသည်။
Photo @htwegyi
တစ်နေ့က တူမဖြစ်သူက ဒေါနဲ့မောနဲ့ အလုပ်က
ပြန်လာသည်။ ဆိုင်ကယ်ကြီး ဝေါကနဲထိုးကာ
နှုတ်ခမ်းကြီးစူလာသည်။
”ဟ ငါ့တူမ ဘာဖြစ်လာတာလဲ နှုတ်ခမ်းကြီးစူလို့
ဘာလဲ အလုပ်မှာ ရန်ဖြစ်လာပြန်ပြီပေါ့”
”ဟုတ်တယ် လူတွေများ ပြောကိုမပြောချင်ဘူး
ပါးစပ် ကပြောတော့ မိုးလားကဲလား လုပ်လိုက်ရင်
တလွဲတွေ မျက်စိထဲ အမြင်မတဲ့တော့ ပြောမိရော
သမီးပဲ ငပွကြီးဖြစ်နေလားမသိဘူး”
”ကဲ.. စိတ်အေးအေးထားပြီး ပြောပါအုံး
ဘယ်လိုတွေများတောင် ဖြစ်လာလဲဆိုတာ”
”ဒီနေ့ ရုံးက ကထိန်ကြေးထည့်ရတယ်လေ
စေတနာရှိသလောက်ထည့်ရတာ။ အဲ့ဒါ သမီးက
ငါးထောင်လှူမယ်လို့ပြောတာ။ သမီးတို့ ဌာနက
အကုန်အလှူငွေထည့်ကြတယ် တစ်ယောက်ပဲ
မထည့်တာ။ အဲ့မထည့်တဲ့ တစ်ယောက်ပေါ့ ကိုယ်အလှူငွေ မထည့်နိုင်တာကို အေးဆေးမနေပဲ။ သူက
သူ့ယောက်ျားနဲ့မနေ့က ဟင်းမကောင်းလို့
ကိုးရီးယားတောင်းမှာသွားစားတာ။ ဒီနေ့လည်း
ညနေ ဒိုင်းမွန်းမှာ ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ကြိုမှာ
ထားတာ ဘာလား ညာလားနဲ့။ အဲ့မှာ သမီးလဲ
ပေါက်ကွဲတာပေါ့။ဘယ်နဲ့ ကထိန်အလှူငွေထဲ့ပါ
ဆိုတော့ မကြားချင်ယောင်ဆောင်နေပြီး
ဘာမဟုတ်တာတွေကိုတော့ဘလိုင်းကြီးကြွားနေတာ အမြင်ကပ်လို့ပြောပစ်ခဲ့တာ”
”အဲ့ဗျာ ဒါများရန်ဖြစ်စရာလား ငါ့သမီးရယ် ပြုံးပြုံး
လေးနေပြလိုက် ပြီးတာပဲကို။ တချို့က အဲ့လိုပြောရတာကိုးက သူတို့ခမျများ စားဝင်အိပ်ပျော်ရှာတာလို့
မှတ်လိုက်ပါကွယ်”
”ငါ့သမီးက ဘုရားသခင်နဲ့ ယမမင်း စကားပြော
သလို ဘုရားသခင်က မခံချင်စိတ်ဖြစ်သလိုမျိုး
ဖြစ်နေပြီ”
”ဟင် ဘုရားသခင် မခံချင်အောင် ယမမင်း က
ဘာတွေများ ပြောတာလဲဟင်”
”ဆရာနန္ဒာသိန်းဇံ ရဲ့ဟောပြောချက်ကို ကြားဖူး
ထားတာလေးပါသမီးရယ်။ ဒီလို တစ်ခါက
ထာဝရဘုရားသခင်နဲ့ ယမမင်းတို့ ဖုန်းဆက်ပြီး
ပြောကြတယ်တဲ့”
”ဟယ်လို ယမမင်း ခင်ဗျားဆီမှာ အခြေအနေ
ဘယ်လိုရှိလဲ”
”ဟာ ဘုရားသခင် ကျွန်တော်မျိုးကြီးဆီမှာ
အခြေအနေ အရမ်းကောင်းပါတယ်”
ယမမင်း ပြောသံကြားတော့ ဘုရားသခင်က
စိတ်ဆိုးသွားတယ်။ ဘယ်နဲ့ ဘယ်လိုလဲ သူ့ ဆီမှာ
စိတ်ဆင်းရဲရမယ်၊ ပူလောင်နာကျင်ခံစားရမယ်၊
ဒုက္ခ မျိုးစုံရောက်ရမှာကို ဘယ်လိုကြောင့်
အဆင်ပြေပါတယ်လို့ ပြောရတာလဲ။ ဒါနဲ့
သေချာအောင် ဘုရားသခင်က ထပ်မေးတယ်။
”ဟ ယမမင်း ခင်ဗျားဆီ က ဘယ်လို အခြေအနေ
ကောင်းတာလဲ သေချာပြောပါအုံး”
”ဒီလိုပါ ဘုရားသခင် ကျွန်တော်မျိုးကြီးဆီမှာ
လူ့ပြည်က လမ်းတံတားခင်းတဲ့သူတွေ၊ အဆောက်အဦးဆောက်တဲ့လူတွေရောက်နေတော့ တစ်နေရာ
နဲ့တစ်နေရာသွားဖို့ လမ်းတွေခင်းထားတာဖြူးနေတာပဲ၊
လျှပ်စစ်ကလူတွေလဲရှိတော့ အဲယားကွန်း တွေ
ဘာတွေတပ်ထားတော့ သာသာယာယာပါပဲဗျ။
ဆီအတွက်လဲ မပူရဘူးဗျ ဆီအုန်းစိုက်တဲ့သူတွေ
ရော ရောက်နေကြတော့ ဆီကလည်း ပေါမှပေါ
ဒါကြောင့် ကျွန်တော်မျိုးကြီးဆီမှာ အရမ်းကို
အဆင်ပြေနေပါတယ်လို့”
Photo tun tun
ဒီအခါမှာ ဘုရားသခင် က စိတ်ဆိုးသွာပြီး
ကောင်းကင်ဘုံ ဥပဒေနဲ့ ယမမင်းကို တရားစွဲမယ်
ပြောသတဲ့။ ဘုရားသခင်က တရားစွဲမယ်လို့ ပြောသံ အကြားမှာ ယမမင်းက အားရပါးရ ရီမောပြီး
ပြောလိုက်တယ်။
”ဘုရားသခင် တရားစွဲရင်လဲစွဲပါလေ။ ကျွန်တော်မျိုး
ကြီးထံမှာ ရှေ့နေတွေရော တရားသူကြီးတွေရော
အကုန်ရောက်ရှိနေပါတယ် ခင်ဗျား ”
”ကဲ...တွေ့လား ယမမင်း ရဲ့ ပြောစကားကို ကြား
လိုက်ရတဲ့ ဘုရားသခင် ခများ ဘယ်လောက်ဒေါသ
ထွက်မလဲ ငါ့တူမရယ်။ ဒေါသပြေတော့ ဟုတ်လား
ဒေါသကြီးရင် ရုပ်ကြီးရင့်ပြီး မလှပဲနေလိမ့်မယ်”
တူမဖြစ်သူလဲ ပြုံးစိစိနဲ့ သူ့အခန်းထဲ ဝင်သွားပါ
လေတော့သည်။
Author @htwegyi
MSC.036
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
ယမမင်းနဲ့ပြိုင် ဘယ်သူနိုင်
ပြိုင်ကြည့်မှ သိမှာပ 😁
အယ် ဂလိုကိုး။
Posted using Partiko Android
ဟုတ် ဂလိုဗျ
ဒေါသဖြစ်ရင် ဥထွေးနဲ့ တူသွားမယ် စိတ်လျော့မှပဲ
Posted using Partiko Android
ငင့် ဘာမှလဲ ဆိုင်ဘူး
အဲ့တော့ လည်း ညည်းက မိန်မယူ ပြိုင်ပလိုက် အေ
အဟီး မြှောက်ပေးနေပြန်ပါပြီလေ
အပြိုင်အဆိုင် ရှိမှတိုးတက်တာတဲ့ဆရာရေ့
ပြိုင်ပစေပြိုင်ပစေ
ကဲ...ပြိုင်ကြတဲ့
ဒါလေးက ရေးဟန် တစ်မျိုးပါလား ဘထွေး
Posted using Partiko Android
ဟုတ်မယ် မတ်မတ်စုရေ
ဟိဟိ😁😁
Posted using Partiko Android
ကြည်ကြည် 😁
ေ ရးတတ်ပါပေ့။
ရှာကြံရတာပ