အလောင်းတော်ကဿပ ဘုရားဖူးခရီး အမှတ်တရ (၂)

in #myanmar5 years ago (edited)

ပထမပိုင်း ဖတ်ရန်.....
https://steemit.com/myanmar/@htwegyi/aelangetak-p-bauyaapaukhyaithyaamwttya-fe338ecc96b0a

ခွေးဘီလူးကားများ တက်ရောက်ခြင်းမပြုရန်
တားမြစ်ထားသော်လည်း လမ်းတစ်လျှောက်တွင်
ခွေးဘီလူးကားများစွာကို တွေ့ရှိရသည်။
Express ကားများကိုလည်း တွေ့မြင်ရပြန်ပါ
သည်။ ဆိုင်ကယ်များဖြင့် ဈေးရောင်းသူ
ဆိုင်ကယ်မောင်းသမားများကိုလည်း
အထုတ်များ ဘေးတစ်ဖက်တစ်ချက်ချိတ်လျက်
မောင်းသည်ကို ရံဖန်ရံခါတွေ့မြင်ရသည်။

ခြေတော်ရင်းမှာ ကားရပ်ထား၍ အထုတ်အပိုးများ
ကို လူငှါးဖြင့်သယ်ကာ ဘုရားရှိရာ တောင်ပေါ်သို့
ဆက်လက်တက်ခဲ့ကြသည်။ ပစ္စည်းသယ်ခ
တစ်ထမ်းကို ၄၀၀၀ ကျပ်ပေးရသည်။ ဘုရားရှိရာ
တောင်ပေါ်သို့ကျွန်တော်တို့အဖွဲ့က အိပ်ကြမည်
ဖြစ်သည်။ဆောင်းရာသီဖြစ်သဖြင့် စောင်ထုတ်များပါ၍ ဝန်ပေါ့သော်လည်း အထုတ်ကများလှသည်။
လူတွေကတော့ ခြေလျင်တက်ကြသည်။ ဆင်နှင့်
တက်မည်ဆိုပါလျှင် ညနေ ၃း၀၀ နာရီမှ
တက်ရမည်ဖြစ်သည်။

20190104_180453.jpg

20190104_180427.jpg

image

image

image

ခြေလျင်တဖြည်းဖြည်းတက်ကြ၍ ၁ နာရီကြာ
တက်ရသည်။ တောင်ပေါ်ရောက်လျှင် တည်းခို
ရာနေရာယူ၍ ကိုယ့်နေရမည့် အဆောင်နေရာသို့ သွားကြသည်။ တည်းခိုဆောင်၌ ပစ္စည်းများ
နေရာချ၍ ရေမိုးချိုးကြသည်။ အေးလွန်းသည့်
ရာသီမှာ ကျွန်တော်တော့ ရေမချိုးရဲပါ။ ထိုနောက်
ကိုယ်ပွားတော်မြတ်ကြီးအားဖူးမျော်ကြသည်။
ကိုယ်ပွားတော်အား ဖူး၍ အောက်ခြေရှိ လိုဏ်ဂူ
သို့ဆင်းခဲ့သည်။

ထိုဂူအတွင်း၌ အလောင်းတော်ကဿပ ကိုယ်တော်
ကြီးရှိသည်ဟုသိရသည်။ တပို့တွဲလပြည့်နေ့တို့တွင်
ထိုဂူပေါက်တံခါးသည် ပွင့်တတ်ကြောင်းသိရှိရ
သည်။ ဂူတံခါးပွင့်သည့်အခါ မြေငလျှင်လှုပ်
သကဲ့သို့ဖြစ်ကြောင်းလည်းသိရသည်။ ယခုအခါ
မှာတော့ ထိုဂူတံခါးအကြားများသို့ ဘုရားဖူးသူ
များက ငွေစက္ကူများ ထိုးထည့်လှူထားကြသည်။

အလောင်းတော်ကဿပမထေရ်ရှိရာဂူအတွင်းသို့
ယခင်က စမ်းချောင်းလေးစီးဆင်းသည်။
ထိုစမ်းချောင်းလေးမှတဆင့် ဂူအတွင်းသို့
လှူဖွယ်ပစ္စည်းများခွက်တွင်ထည့်၍ မျောလိုက်
ပါက တခြားတဖက်မှပြန်ထွက်လာသည့်အခါ
ခွက်အတွင်း လှူဖွယ်ပစ္စည်းများပါမလာတော့ပေ။
ယခုအခါ ထိုစမ်းချောင်းလေးမှာ သဲများပိတ်၍
မရှိတော့ချေ။

ထိုစမ်းချောင်းလေးဖြစ်လာပုံမှာ အဇာတသတ်မင်း
က အလောင်တော်ကဿပမထေရ်အား လိုက်လံပင့်
ဆောင်ရာ ယခုလိုဏ်ဂူအနီးသို့ရောက်ရှိသည်။
ဂူအတွင်း၌ အလောင်းတော်ကဿပမထေရ်မြတ်က
ဂူပေါက်ပိတ်ကာ ပျံလွန်တော်မူပြီးဖြစ်သည်။
အဇာတသတ်မင်း က အလောင်းတော်ကဿပ
မထေရ်အား မတွေ့၍ လှံစိုက်ပြီး အဓိဌာန်ပြုသည်။
လိုဏ်ဂူအတွင်း မထေရ်မြတ် ရှိပါက လှံစိုက်ရာ
ရေထွက်ပါစေသားဟု အဓိဌာန်ပြုသည်။ လှံစိုက်ရာ
နေရာမှ ရေထွက်၍ ထိုရေများသည် ဂူအတွင်းသို့
စီးဝင်လေသည်။ ထိုရေထွက်သည့်နေရာအား
သစ္စာရေတွင်းဟု ခေါ်ဆိုကြသည်။

image

image

image

အလောင်းတော်ကဿပ၏ ကိုယ်စားတော်သည်
အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။
ကိုယ်စားတော် ဦခေါင်းတော်၏ တည့်တည့်
အောက်တွင် အလောင်းတော်၏ ခြေတော်ရာနှင့်
ကဿပအလောင်းတော်ရှိသဖြင့် ဦးခေါင်းတော်
သို့ အမျိုးသမီးများ မဝင်ရပေ။ ဘုရားဖူးပြီး
တည်းခိုဆောင်သို့ရောက်သောအခါ အိပ်ရာ
ဝင်ကြသည်။ ညသည် အေးသည်မှာ ပြောဖွယ်
မရှိပါ။ အအေးကြောက်သည့် ကျွန်တော်
နဖူးနဲ့ ဒူးကွေးသည့်တိုင် အအေးကပြုံးလေသည်။

တောတောင် စိမ့်စမ်းက ဘယ်လောက်အေး
ကြောင်းကို လက်တွေ့ခံစားလိုက်ရသည်။
ဆီနှင်းတို့် က တဖောက်ဖောက် ကြမ်းကြားမှ
လေက စိမ့်ကနဲ့ အေးကနဲ့ မနက်မိုးသောက်မြန်မြန်
ရောက်ပါတော့ဟု အိပ်ရင်းဆုတောင်းနေမိသည်။
စောင်ခြုံတောင် မလုံသည့် မဟာမြိုင်တောရဲ့
အအေးက ခုစာရေးနေရင်းပင် ကျောစိမ့်လှ
ပေသည်။

မနက်ဘုရားဖူးပြီး အဆင်းမှာတော့ ၅း၃၀နာရီ
အချိန်ဖြစ်သည်။ မှောင်သဖြင့် ဆင်နှင့်
ဆင်းသည်။ ဆင်စီးရာမှာ လု၍စီးရသည်။
ကံကောင်းစွာဖြင့် ကျွန်တော်ရပ်သည့်အပေါက်သို့
ဆင်လာရပ်သဖြင့် စီးရခြင်းဖြစ်သည်။
ဆင်တစ်စီး ၈၀၀၀ ကျပ်ပေးရသည်။ ဆင်
တစ်ကောင်ကို ၂ဦး ၃ဦးသာ စီးရသည်။
တောင်ခြေကားရပ်ရာ ဆင်စခန်းမှ နံနက် ၇း၂၂
နာရီအချိန်တွင် ဖိုလ်ဝင်တောင်သို့ ဆက်လက်
ခရီးထွက်ခွာခဲ့ကြပါတော့သည်။

image

image

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အသွားအပြန် ဘယ်လောက် ကုန်လဲဗျ

Posted using Partiko Android

မန်းလေးကနေ သွားပြန်အပြီးအစီး ကားခ ၂သိန်း၂သောင်း ကျန်တာကိုယ်သုံးသလောက်ပ
Express ဘုရားဖူးကားတွေစီးရင် တစ်ဦး ၂၅၀၀၀ ကျပ်ပေးရတယ်ဆိုလား

တကယ် travelling post ကောင်းတစ်ခုပဲဗျ။ ဒီထက် support ကောင်းကောင်း ရသင့်တယ်။ ကျနော်သာ ဦးထွေး နေရာမှာဆို ခွဲမနေတော့ဘူး။ တစ်ခါတည်း ပိုစ့် အကြီးကြီး လုပ်ပြီး ကိုင်ပ လိုက်မှာ။

P.S @hnineikhaing မှ အောက်ပါ ပိုစ့်တွင် ညွှန်းဆို သည်။

https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-6-aggamun

Posted using Partiko Android

ကျေးဇူးပါ ဗျာ စာဖတ်သူတစ်ချို့က စာရှည်ရင် မဖတ်ချင်ကြလို့ပါ

ခေတ်ကိုက ဘုရားဖူးတာတောင် ပိုက်ဆံရှိမှဗျနော့်

ဘုရားဖူးတင်ဟုတ်ရို့လား ဘာလုပ်လုပ် ပိုက်ဆံနဲ့ပါလေ

လမ်း​တွေက​တော့ နဲနဲဆိုးတုန်းဘဲ​နော်​ ကတ္တရာလမ်းဖြစ်​သွားရင်​ ဖီးလ်​ မရှိ​တော့ဘူး

ဘုရားဖူးခရီးအတွက်နဲ့တော့ ကတ္တရာလမ်းခင်းလောက်ဘူး

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 65916.61
ETH 3431.41
USDT 1.00
SBD 4.66