အမေ့ စာရင်းရှင်းအုံး
သူ့ အမည်က Kit Ko သူ့အမေ၊ အဒေါ်တွေခေါ်တာက ကေ့ကိုတဲ့။ ကျွန်တော့်ရဲ့ wall ပေါ်တင်ထားတဲ့
ဇာတ်လိုက် မျက်နှာက အမြဲပြောင်စပ်စပ်နဲ့ကလေး။
အသားဖြူလေးနဲ့ ချစ်စရာကောင်းတယ်။
ကျွန်တော်ကတော့ သူ့ကို Kit Ko သာခေါ်သည်။သူ့အဒေါ် အပျိုကြီးကတော့ ၁၅မိနစ်နေရင်
အလိုလို ခေါင်းမူးလာတယ်တဲ့။ ဒီကောင်က စကားကို လည်လည်ပတ်ပတ်ပြောတတ်တယ်။ လူကြီးတွေ
ပြောတဲ့စကားကိုလဲအချိန်အခါမရွေး ပြန်ပြီးပြော
တတ်တယ်။
ကစ်ကိုတို့မိသားစု နေပြည်တော်မှ မန္တလေးရထားစီးကာ အလည်လာကြသည်။ ရထားတွဲပေါ်တွင်
ကစ်ကိုသည် ဂျီကျနေသည်။ သူ့အားထိသူကို
” ဘာလို့လာထိနေတာလဲ”
”ချစ်လို့ပေါ့ ကစ်ကိုရဲ့”
”အင်း ဟင့် ထိနဲ့ဆို အီး ငိုမှာပဲ”
”ဟယ် ကောင်လေး ချစ်လို့စတာကို အကဲပိုနေတယ်
ပစ်ထားလိုက် သူ့ကိုဘယ်သူမှ မစနဲ့ မထိကြနဲ့”
အချိန်အတော်ကြာသော်အခါ တစ်ယောက်ထဲ
နှုတ်ခမ်းစူပြီးနေသော ကစ်ကိုသည်ပျင်းလာသည်။
သူ့ကို မည်သူမျှဂရုမစိုက်သောအခါ သူ့ကစ၍
ပြောရလေတော့သည်။
”အမေ၊ တီဝေ ကစ်ကိုက စိတ်ကောက်နေတာလေ
ကစ်ကို ကို အချော့ကြတော့ဘူးလား”
ကစ်ကိုစကားအဆုံး သူ့အမေနှင့် အဒေါ်ဖြစ်သူမှာ
အသံထွက်အောင် ရီကြလေသည်။
ကစ်ကိုအမေက ကစ်ကို ကိုပြောစကား
နားမထောင်၍ဆုံးမတဲ့အခါ
”ကစ်ကို လာ လာ ခုလာစမ်း၊ တက် ကုတင်ပေါ်တက်
နင်နဲ့ငါစာရင်းရှင်းမယ် တက်စမ်း ကုတင်ပေါ်”
ဒီစကားက ပြောဆိုမရ၊ စကားနားမထောင်တဲ့
ကစ်ကို ကိုသူ့အမေက ကုတင်ပေါ်တင်၍
တင်ပါးနှင့် ဗိုက်ခေါက်ကို ဆွဲ၍ ဆုံးမရင် ပြောနေကျစကားဖြစ်လေသည်။ ကစ်ကို ကုတင်ပေါ် တက်
စာရင်းရှင်းမယ် လို့ပြောရင် ကြောက်သည်။
Kit Ko ရိုက်ချက်က အတော်ပြင်းတယ်။
တစ်နေ့ ကစ်ကိုတို့မိသားစုနှင့် ဘေးအိမ်မှအိမ်နားနီးချင်းများစုပေါင်း၍ ရေပန်းဥယျာဉ်သို့ အပန်းဖြေသွားကြသည်။ ကစ်ကိုတို့ စိတ်ကြိုက်ပေါ့
ဆော့လိုက်၊ ပြေးလိုက်နှင့်တစ်နေကုန်သည်။
ကစ်ကိုက မောမောနှင့် အိပ်ပျော်သွားသည်။
အိမ်ပြန်ရာ လမ်းတလျှောက် ကားပေါ်မှာ
အိပ်လာသည့် ကစ်ကို သူ့အမေက အိမ်ရောက်၍
ကုတင်ပေါ်တင် သိပ်လေသည်။ ထိုအခါ အိပ်မှုံ
စုံမွှားနှင့် ကစ်ကိုထထိုင်ကာ
”အမေ ကစ်ကို ဘာအပြစ်မှ မလုပ်ဘူးလေး
ကုတင်ပေါ်ဘာလို့တင်တာလဲ”
”အေပါကွယ် ငါ့သားလေးအပြစ်လုပ်ထားတာ
မဟုတ်ပါဘူး မင်းအိပ်နေလို့ ကုတင်ပေါ်တင်ပြီး
သိပ်တာပါ”
ထိုအခါမှ ကစ်ကိုသည် ပြန်အိပ်လေသည်။
တစ်နေ့တွင် ကစ်ကိုဒေါ်လေးသူငယ်ချင်း
အမျိုးသားတစ်ဦး အိမ်အလည်ရောက်လာသည်။
ဧည့်သည်သည် ကစ်ကိုကို ချစ်စရာကောင်း၍
ကလေးဆိုပြီ စနောက်လေသည်။ ပထမတွင်
နှစ်ဦးသား အတိုင်အဖောက်ညီစွာ ပြောဆိုနေလေ
သည်။ နှစ်ဦးသာ စရင်းနောက်ရင်း ဧည့်သည်
အမျိုးသားက မည်သို့ စလိုက်သည်မသိ
သကောင့်သားကစ်ကိုက သူ့အမေကို အော်ပြော
လိုက်သည်ကာ
သင်္ကြန် မန်းကျုံးဘေး ကစ်ကို ကဲနေပုံ
”အမေ ဒီမှာ ဦးဦး က အပြစ်တွေလုပ်နေတယ်
ကုတင်ပေါ်ခေါ်ပြီး စာရင်းရှင်းလိုက်ပါအုံး”
ကစ်ကို စကားအဆုံး ကစ်ကို အဒေါ်ရော၊ ကစ်ကို
အမေပါ အပြေးရောက်လာပြီး ဧည့်သည်ကို
ဖြစ်ကြောင်းကုန်စင် ရှင်းပြ၊ ပြောပြရတော့သည်။
ဧည့်သည် အမျိုးသားလည်း မျက်နှာကြီးရဲကာ
ပြုံးစိစိဖြင့် ပြန်သွားပါလေတော့သည်။
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
ကုတင်ပေါ်တက်ရှင်းရတယ်မှတ်နေပြီပေါ့ဟဟား
Posted using Partiko Android
ဟုတ်တယ် ဦးမင်းရေ ဒီကောင်က ခေတဲ့ကောင်မဟုတ်ဘူး 😁
ကလေးတွေက အဲလို ရိုးသားဖြူစင်ကြတယ်😂
အဲ့ကလေးဖြူစင်တာ တစ်ချက်တစ်ချက်ထိချက်ပြင်းသပ 😁
Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Vote for @Steemitboard as a witness to get one more award and increased upvotes!