ဝန်ထမ်းဘဝ အစ အမှတ်တရ

in #myanmar6 years ago (edited)

ဝန်ထမ်းဘဝသို့ ရောက်ရှိခဲ့စဉ်က ဝန်ထမ်းအလုပ်
ဆိုသည်မှာ ဘာမသိ ညာမသိဖြင့်ရောက်ရှိခဲ့သည်။
ဝန်ထမ်းလုပ်ဖို့ ငယ်စဉ်က စိတ်ကူးမရှိခဲ့ပါ။
စုံထောက်ဇာတ်လမ်းများကြည့်ကာ ရဲစုံထောက်
လုပ်ရန် စိတ်ကူးခဲ့သည်။ ဂျိမ်းစဘွန်းဇာတ်ကားများက လူကို ရူးသွပ်စေခဲ့သည်။ ဟုတ်သော်ရှိ မဟုတ်
သော်ရှိ အဆိုပါ ဂျိမ်းစဘွန်းကားများသည် ကြည့်
ကောင်း၍အလွန်သဘောကျစရာဖြစ်ခဲ့သည်။ ကိုယ့်ဝန်းကျင်တွင် စစ်ဗိုလ်များ၊ ရဲအရာရှိများ ခါးကြား
ခြောက်လုံးပြူး ထိုးထားတာ မြင်လျှင် လွန်စွာ
သဘောကျမိသည်။ ထိုမှစ၍ ပိုးဝင်ခဲ့ခြင်း
ဖြစ်ပေမည်။

ကိုင်ချင်တာက သေနတ် ကိုင်မိတာက
ဖောင်တိန်တစ်ချောင်းဖြစ်နေသည်။
မီးရထားဌာနသို့ စတင်ဝင်ရောက်သည့်အချိန်အခါက
အဖြစ်အပျက်တို့အား ရေးသားတင်ပြမိပါသည်။
လမ်းဗိုလ်ကြီးရုံး၌ စတင်ဝင်ရောက်လုပ်ကိုင်ရသည်။
လမ်းဗိုလ်ကြီးရုံး သည် မီးရထားလမ်းများကို ပြုပြင်
ပေးရသောဌာနဖြစ်သည်။ ကျွန်တော်သည် သံလမ်းများ၊ ဇလီဖားတုံး များ၊ ကျောက်များနှင့် မူလီများ
စာရင်းကိုပြုစုရေးဆွဲရသည်။ သံလမ်းပြင်သည့်
လုပ်သားများ၏ လစာများကိုလည်း တွက်ချက်
ရေးဆွဲပေးရသည်။ မနက် ၇နာရီ ရုံးတက်ပြီး
ညနေ ၅နာရီ ၆နာရီအချိန်ရုံးဆင်းသည်။

FB_IMG_1533709071080.jpg

သံလမ်းလုပ်သားများသည် များသောအားဖြင့်
ပညာမတတ်ကြချေ။ ရထားလမ်းများကို နေပူ
မိုးရွာမရှောင် ပြုပြင်လုပ်ကိုင်ရသဖြင့် လွန်စွာမှ
ပင်ပန်းရှာကြသည်။ မန္တလေး လမ်းဗိုလ်ကြီးသည်
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ဘဲလင်း
ဘူတာထိ၊ မန္တလေး -ပုဂံ လမ်းပိုင်းတွင် တံတားဦး
ဘူတာထိ၊ မန္တလေး -မြစ်ကြီးနားလမ်းပိုင်းတွင်
စစ်ကိုင်းတံတား မန္တလေးဖက်ထိပ်ထိနှင့်
သိုးခြံ-မြို့ပတ်မှ မတ္တရာလမ်းပိုင်းထိ တာဝန်ယူ
ပြင်ဆင်ရသည်။

လစာထုတ်ရက်များတွင် ဖော်ပြပါလမ်းပိုင်းများမှ
လုပ်သားများသည်။ မန္တလေးရုံးသို့ လစာငွေများကို
လာရောက်ထုတ်ယူကြသည်။ မိသားစုလိုက်ဖြစ်စေ
တစ်ဦး တစ်ယောက်တည်း ဖြစ်စေ လစာငွေကို
လာရောက်ထုတ်ယူကြသည်။ ကျွန်တော်အလုပ်ဝင်ကာစတွင် အလုပ်သမားများသည် လစာငွေကို
ရုံးသို့ လာရောက်ထုတ်ယူသော်လည်း နောက်ပိုင်း
တွင် တဖြည်းဖြည်း လာရောက်ထုတ်ယူမှုနည်းပါးသွားသည်။ မည်သည့်အတွက်ကြောင့် လာရောက်
မှုနည်းပါးသွားသည်ကို စဉ်းစားကြည့်မိပါသည်။

FB_IMG_1533708967623.jpg

၁.ကုန်ဈေးနှုန်းမြင့်တက်လာ၍ သော်လည်းကောင်း
၂.လမ်းခရီးစရိတ်တိုးမြင့်သွား၍သော်လည်းကောင်း
၃.ရသည့်လခနှင့် မကာမိ၍သော်လည်းကောင်း
၎.အလုပ်ချိန်ဖျက်ပြီး လာရောက်ရ၍ လည်းကောင်း
၅.လစာငွေသည် မက်မောစရာနည်းပါး၍
လည်းကောင်း။
ဖော်ပြပါ အကြောင်းကြောင်းကြောင့် လုပ်သားများ
သည်လစာငွေ အားလာရောက်ထုတ်ယူမှုနည်းပါး
ခြင်းဖြစ်နိုင်မလားတွေးမိသည်။ တစ်ဦးတည်းထံ
စု၍ လစာငွေကို ထုတ်ယူခိုင်းကြတော့သည်။

လစာငွေများစုထုတ်သည့်အခါ လုပ်သားများ၌
ပြဿနာအနည်းအများဖြစ်ခဲ့၍ ရုံးမှသွားရောက်
ထုတ်ပေးရတော့သည်။ အမှန်မှာ လစာငွေများကို လစာပေးအုပ်မှထုတ်ပေးရပါသည်။ ရုံးမှ လစာ
စာရင်းများသာရေးဆွဲပေးရသည်။ အလုပ်သမားများနှင့် လစာပေးအုပ်တို့ နှစ်ဦးနှစ်ဖက် အဆင်ပြေ
စေရန်ရုံးမှ လစာငွေများကိုထုတ်ပေးခြင်းဖြစ်သည်။

FB_IMG_1533709112664.jpg

လခထုတ်ရက်ရောက်တိုင်း အလုပ်သမားများထံသို့
လစာငွေများကို လမ်းဗိုလ်ကြီးနှင့် ကျွန်တော် တို့
စာရေးများက သွားရောက်ပေးရသည်။ ထိုသို့ပေးရာတွင် သံလမ်းပေါ်ပြေးသည့် စက်ထော်လီဖြင့် သွား
ရောက်ပေးကြသည်။ စက်ထော်လီသည် လူလေးဦး
သာစီးရသော်လည်း ငါးဦးစီးကြသည်။ မန္တလေးမှ
စထွက်လာရာ မြို့ဟောင်း၊ တံခွန်တိုင်၊ မြစ်ငယ်
ရှိ ရထားလမ်းပေါ် လမ်းပြုပြင်နေသူ လုပ်သားများကို လစာတန်းစီ၍ပေးသွားသည်။

တခါတရံ ရထားလမ်းဘေးကောက်စိုက်သမများက
ကျွန်တော် တို့ အဖွဲ့အားလှမ်းအော်စကြပါသည်။

FB_IMG_1533709041908.jpg

FB_IMG_1533709139608.jpg

”ဝေ့...ကျုပ်မောင်းကြီးတို့ အိမ်ရောက်ရင်
ထမင်းချက်ထားလိုက်ပါအုံးဝေ့…”

ကျွန်တော်တို့အဖွဲ့ကလည်း အားကျမခံပြန်အော်ကြသည်။

”အေဟေ့ အိမ်ကိုသာ စောစောပြန်ခဲ့ကြဟေ့....”

တစ်နေ့ ထိုတစ်နေ့က အမှတ်တရ အလန့်တကြား
ဖြစ်ခဲ့ရသည်။ ကျွန်တော်တို့ အဖွဲ့စီးလာသော
စက်ထော်လီလေးသည် ကွေ့တစ်ခုအရောက်တွင်
တစ်ဖက်မှ မျက်နှာချင်းဆိုင်း ထွက်လာသည့်
ရထားတစ်စီးကို ဘွားကနဲ့တွေ့လိုက်ရသည်။
ပုံမှန်ဆို ကွေ့တွင် စက်ခေါင်းမောင်းမှ ရထားဥသြသံပေးရပါမည်။ သူသည် အိပ်ငိုက်နေသလား
အတွေးလွန်နေသလားမသိ ဥသြ သံပေးဖို့မေ့နေ
သည်။

ကျွန်တော် တို့အုပ်စုလည်း စက်ထော်လီကို
မည်သို့ မ၍ လမ်းဘေးချလိုက်သည့်မသိ
ရထားကြီးဝေါကနဲ့. ကိုယ့်အနားက ဖြတ်သွားပြီးမှ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
ရီမောနိုင်ကြတော့သည်။ ပြီးမှ ထော်လီကို ရထါး
လမ်းပေါ် တင်၍ မောင်းခဲ့ကြသည်။ ဘူတာသို့
ရောက်လျှင် ရှေ့ခရီးအတွက် ရုံပိုင်ကို လမ်းရှင်း
မရှင်းမေးပြီးမှ ဆက်လက်ခရီးနှင်ခဲ့ကြပါတော့သည်။

Author @htwegyi
Photo myo gyi
MSC.036

Sort:  

ကြောင်လား ကျားလား မသိတဲ့ ကောင်လေးကို ရှောင်လို့ရပါတယ် အမှားကို အမှားနဲ့ တုံ့ပြန်ရတယ် အစ်ကိုကြီးရေ

ဓာတ်ကြမ်းတိုက်သလိုပ

စုံထောက်ဖြစ်ချင်တဲ့ အတွေးချင်းတူနေပြန်ပြီ၊ ကျွန်တော်ကတော့ စောက်ထုံ ဝန်ထမ်းဘဝရောက်ခဲ့ပါရဲ့၊ ဓါးပြဖြစ်နေလို့မနဲပြန်ထွက်ခဲ့ရတယ်။

ကျရာတာဝန်ကျေပွန်စွာ

ဟုတ်ကဲ့ အမ

ကိုထွေး အခု ဝန်ထမ်း မလုပ်တော့ဘူးပေါ့

ခုထိလုပ်ပါတယ် အစက အဖြစ်အပျက်လေးတွေပါ

သည်းထိတ်ရင်ဖိုပါလား

ဟုတ်တယ် နွယ်ဦးမွန်
(မှတ်ချက်။ ဝင်းဦး အသံဖြင့်ဖတ်ရန်)

ချီးတက်ကြီးက ဦးထွေးကို ပုံမှန်အားပေးနေသားပဲ😁😁😁

အေး..လခွယ်😁😁

စကတည်းက​ပြောမလို့ပဲ မ​တော်​ ရထားနဲ့​တွေ့မှဖြင့်​လို့ ဦး​ထွေးက ​ကောက်​စိုက်​သမ​လေး​တွေ ​ငေး​နေပီး လမ်း​ကြောင်းရှိမရှိမကြည့်​တာကိုး
တော်​​သေးတာ​ပေါ့

အဟီး တော်သေးတာပေါ့လို့😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ချိတက်မိပြန်ပီ hehe

ရီကြပါအေ 😁😁😁😁

ထရော်လီနဲ့ ရထားတိုးမိရင်ဖြင့် ခုလို POST ကောင်းလေးတွေ ဖတ်ရပါဦးမလား ။ ဖတ်ရင်းတောင် လန့်သွားဒယ်

ရေးရင် ရင်တုန်မိသေး

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97