ဘုရားကြီးသို့ တစ်ခေါက် ရောက်ခဲ့ပြန်

in #myanmar5 years ago (edited)

image

ယနေ့တော့ စိတ်အပမ်းဖြေတာရော
သူငယ်ချင်းမွေးနေ့ရော စုပေါင်းပြီး
မဟာမြတ်မုနိဘုရားကြီးကို သွားရောက်ဖူးမျှော်
ကြည်ညိုသည်။ ကိုယ်တွေက ဆိုင်ကယ်
မစီးရဲတော့ မီနီအိုးဝေငှါးပြီး ဘုရားကြီးသို့
ထွက်ခဲ့သည်။ ဘုရားကြီးနှင့် ဘူတာကြီး
အသွားအပြန် ကားခ ၅၀၀၀ကျပ်ပေးရသည်။
ကားဆရာက ဘုရားဖူးတာ အေးဆေးဖူးရန်
ပြောသည်။

ဘုရားကြီးသို့ရောက်သောအခါ မြောက်ဖက်
ဗုဒ္ဓဝင်ပြခန်းလမ်းမှဝင်ရန်ဖြစ်သော်လည်း
လမ်းမုခ်ဦးပြုပြင်နေသည်။ ထို့ကြောင့် အနောက်
ဖက်သို့ ဆက်လက်မောင်းနှင်ပြီး အနောက်ဖက်
ဝါဆိုခြင်းခတ်သည့်နေရာမှ ဝင်ရောက်ခဲ့သည်။
ဘုရားကြီးသို့ မရောက်တာကြာ၍ ဝါဆိုခြင်းခတ်
ပွဲတော်ကိုပြုလုပ်ရန်နေရာအား သတ်သတ်
မှတ်မှတ်နေရာပြုလုပ်၍ ခမ်းနားစွာပြုပြင်ထား
သည်ကိုတွေရသည်။

c5rdnyt4hy.jpg

ied7i7525t.jpg

ဘုရားကြီးတွင်လူတို့က စည်ကားလှသည်။
ရုံးသုံးရက်ပိတ်သည့်အပြင် တောင်ပြုံးပွဲတော်
ကျင်းပသည့်အချိန်လည်းဖြစ်သည်။ မြန်မာပြည်
အရပ်ရပ်က တောင်ပြုံးပွဲတော် လာရင်း
မန္တလေးမြို့အနီးအနားဘုရားများကို ဖူးမျှော်
ရန် လာရောက်ကြသည်။ မဟာမြတ်မုနိဘုရား
အား တိုးဝှေ့ ဖူးမျှော်ပြီး ဘုရားကြီးအရှေ့မုခ်
မှတဆင့် အာနန္ဒာစောင်းတန်းသို့ ဖြတ်သန်းသည်။
အာနန္ဒာစောင်းတန်းမှထွက်လျှင် အာနန္ဒာဘုရား
သို့ရောက်ရှိသည်။

tfwn8jww0y.jpg

vrwrizyrct.jpg

အာနန္ဒာဘုရားမှာ လူရှင်း၍ တိတ်ဆိတ်ကာ
ဘုရားဖူးရသည်မှာ ကြည်နူးစရာကောင်းသည်။
ဘုရားအတွင်းဝင်ရောက်ဦးချသည်နှင့် အေးမြ
သည့် လေတို့က တိုးဝှေ့ ရောက်ရှိလာသည်။
ဘုရားအတွင်း အိပ်စက်အနားယူခြင်း မပြုရဟု
စာများရေးသားထားသော်လည်း အိပ်စက်သူ
တို့ကရှိသည်။ အင်း ကျွန်တော်တို့မြန်မာလူမျိုး
များရဲ့ ပြင်မရတော့တဲ့ အရာတွေများလားလို့
တောင်ထင်မိသည်။

7ylbubptfo.jpg

အာနန္ဒာဘုရားတွင် အကြွေ့စေ့ထဲ့ပြီး သီချင်းသံနှင့်
အရုပ်လေးများလှည့်သည့် သေတ္တာပုံးများကို
အကြွေစေ့လေးများထဲ့၍ အာနန္ဒာဘုရား
ရောက်တိုင်း နားထောင်ကြည့်မိသည်။ ကျွန်တော်တို့ အကြွေစေ့ထဲ့၍ နားထောင်နေစဉ် နယ်မှ
ဘုရားဖူးအုပ်စုရောက်လာပြီး ဝိုင်းအုံကြည့်ကြ
သည်။ သဘောကျ၍ မည်သို့လုပ်ရသလဲ
မေးသဖြင့် ၂၀၀ကျပ်ကို အကြွေစေ့ ၄စေ့ဖြင့်
လဲ၍ ထည့်ရကြောင်းပြောပြရသည်။

d8ltuz7won.jpg

ဘုရားဖူးအုပ်စု အရုပ်အသံသေတ္တာဖြင့် အလုပ်ရှုပ်
နေချိန် ကျွန်တော်တို့က ဘေးမှ အသာရပ်ကြည့်
နေလိုက်သည်။ အာနန္ဒာဘုရားတွင် အေးဆေး
စွာဘုရားဖူးပြီး ပြန်လာခဲ့သည်။ မီနီအိုးဝေကားများ
မှာ ၇၈လမ်းမှ မောင်းနှင်ခွင့်မပြုပါ။ လမ်းသွယ်
များမှ ကွေ့ဝိုက်မောင်းနှင်ရသည်။ အပြန်လမ်း
တွင် ၇၈လမ်းမပေါ်ရှိ ရွှေကျီးမုန့်တိုက်မှ အမေ့
အတွက် ပေါင်မုန့်ဝယ်ရန်စိတ်ကူးသော်လည်း
ကားမဝင်ရ၍ မဝယ်ရပါ။

အိမ်ရောက်၍ ပေါင်မုန့်မပါသောအခါ တူမဖြစ်သူ
ကပြောဆို၍ ဆိုင်ကယ်ထုတ်ကာ သွားဝယ်ပေး
လေသည်။အင်း ဒီလိုဆိုတော့လည်း တူ တူမများက ဖင်ပေါ့၍ အားကိုးရပါသေးဟု အတွေး
မှာဖြစ်ပေါ်ရသည်။

bmx6udygze.jpg

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

အယ် အဲ့ ဝါဆိုခြင်းခတ်နေရာ ဆိုတာ နာရောက်ဖူးသေးဘူး တော့

ဘုရားကြီးဖူးရင်း သွားကြည့်လိုက်အုံး အေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62276.80
ETH 3005.63
USDT 1.00
SBD 3.62