ဓားသွားထက် ပျားရည်စက်ကို ခုံမင်သူ

in #myanmar5 years ago (edited)

စာရေးဆရာ ညီပုလေး၏ စာများကို ဂျာနယ်၊
မဂ္ဂဇင်းများမှ ဖတ်၍နှစ်သက်ခဲ့သည်။ ဆရာ
ညီပုလေး၏ ဝတ္ထုတိုလေးများကိုလည်း
ကြိုက်နှစ်သက်မိပါသည်။ ဆရာညီ ၏စာများကို
ကြိုက်မိ၍ ဆရာ့အကြောင်းကိုလည်းသိလိုက်ရ
သည်။ ဆရာက လူထုမိသားစုရဲ့ အဆက်အနွယ်
ဖြစ်သည်။ ဆရာ၏ အမျိုးသားစာပေဆုရ စာအုပ်
ဖြစ်သည့် ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြ
ပျားရည်စက် ဝတ္ထုကို ဖတ်ချင်ခဲ့သည်။ ရွှေဥဒေါင်း
စာကြည့်တိုက်မှာလည်း ဆရာ့စာအုပ်က မရှိပါ။

ဒီစာအုပ်လေးကို ဖတ်ချင်ခဲ့သည်မှာ အမျိုးသား
စာပေဆုရရှိ၍လည်းဖြစ်သည်။ စာအုပ်သည်
ဆရာဝန်နာဂသိန်းလှိုင် အကြောင်းရေးသားထား
သည်။ နာဂသိန်းလှိုင်သည် လည်ပင်းကြီးရောဂါများ
ကိုခွဲစိတ်ရာတွင်အလွန်တော်ကြောင်းကြားဖူးသည်။
နာဂတောင်တန်းများမှာ ဆရာဝန်ကြီးသည် နတ်တစ်ပါးတစ်ဦးအဖြစ် ထင်ရှားခဲ့သည်။ ထိုကြောင့်
ထိုစာအုပ်ကလေးကို ပို၍ဖတ်ချင်မိခဲ့သည်။

image

image

ဒီစာအုပ်လေးကို ဖတ်ချင်စိတ်က ပြင်းပြလို့လား
မသိပါ။ ကျွန်တော်တို့ ရပ်ကွက်ကို ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက်ကား
ရောက်ရှိသည်။ ထိုကားမှာ ဆရာညီပုလေး၏
ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြ
ပျားရည်စက် ကိုတွေ့ရှိလိုက်ရသည့်အခါ
ကျွန်တော်ပျော်သွားသည်။ ထိုစာအုပ်လေးကို
ငှါးခဲ့သည်။ မျက်လုံးက သိပ်မကောင်းတော့
စာအုပ်ကို ၂ပတ်ခန့်ဖတ်ရသည်။ ဖတ်ရင်းနဲ့
စာအုပ်က ကောင်းလွန်း၍ မနည်းဘရိတ်အုပ်ကာ
ဖတ်ရသည်။ စာအုပ်ဖတ်ရင်း မျက်လုံးက
ဝါးဝါးလာ၍ နားနားပြီးမှဖတ်ရသည်။

စာအုပ်မှာပါသည့်အကြောင်းအရာများက
အစမှ အဆုံးထိတိုင် စိတ်ဝင်စားစရာကောင်းလှပါသည်။ နာဂသိန်းလှိုင်၏ ဘဝဇာတ်ကြောင်းကို
စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားထားသည်မှာ
ဆရာညီပုလေး၏ အရေးအသားက စွဲမက်စရာ
ဖြစ်ပေသည်။ တစ်အုပ်လုံးဖတ်ပြီးသည့်တိုင်
ရင်ထဲစွဲနေသည့် အကြောင်းအရာလေးများကို
Steemit မိတ်ဆွေများကိုဝေမျှချင်ပါသည်။
နာဂသိန်းလှိုင် သည် တရုတ်ကပြားလူမျိုးဖြစ်သည်။

image

စိတ်ဝင်စားဖွယ်၊ အမှတ်ရဖွယ်ဖြစ်စေသည်က
နာဂသိန်းလှိုင် ၏ အဖေသည် ခြေထောက်တွင်
ဒဏ်ရာရသည့်အခါမှာဖြစ်သည်။ ခြေထောက်
ဒဏ်ရာကို ဂျပန်ခေတ်အတွင်း ဆရာဝန်ရှားပါး
သည်ပင် ဆရာဝန် ၃ဦးနှင့်ကုသခဲ့သည်။ ဆရာဝန်များနှင့်ကုသသော်လည်း ခြေထောက်အနာမှာ
ပျောက်ကင်းမှုမရှိပဲတိုး၍သာနေသည်။ ဆရာဝန်
များကမကုသနိုင်တော့၍ မလာတော့ပေ။
အိမ်နီးချင်း မိတ်ဆွေမှ အနာကုသည့်ဆရာကို
မရမကရှာဖွေ၍ပေးခဲ့သည်။ ရှေးခေတ်လူများ၏
မိတ်ဆွေကောင်းများစိတ်ဓာတ်ကို ချီးမွမ်းမိသည်။

သေဆုံးရန်ယဲ့ယဲ့သာကျန်သောသူကို ကုသဖို့
သူ့အဖေ မိတ်ဆွေက ဘုန်းတော်ကြီးတစ်ပါးကို
အိမ်သို့ပင့်ခဲ့သည်။ ထိုဘုန်းကြီးက ငါးလိပ်သဲ
ကျောက်မြီးဖြင့် လူနာကိုရိုက်၍ကုသသည်။
မကောင်းဆိုးဝါးထွက်သွားရန်ပြောဆို၍ ကုသ
သည့်အခန်းက ဖတ်ရသည်မှာစိတ်ဝင်စားစရာ
ကောင်းလှသည်။ ဖတ်ရင်း ကြက်သီးထမိသည်။
ထို့နောက် လူနာ၏ကိုယ်အရပ်အတိုင်း
ငှက်ပျောတုံးကို တိုင်းထွာခုတ်ကာ မသာချလေ
သည်။ ငှက်ပျောတုံးမသာချ အပြီးမှာပင် လူနာမှာ
ငုတ်တုတ်ထိုင်၍ အစားတောင်းစားကာနေလေ
သည်။ ထူးဆန်းဖွယ်အဖြစ်အပျက်များက
ဖတ်သူကို စွဲမိစေသည်။

ထိုအဖြစ်အပျက်မျိုးအတိုင်း နာဂသိန်းလှိုင် ဆရာဝန်
ပေါက်စဖြစ်သောအခါ ဆေးရုံ၌ လူနာအမေကြီး
တစ်ဦးကိုတွေ့ရလေသည်။ ထိုအမေကြီးကို
ဆရာဝန်ကြီးများက အမျိုးမျိုးစမ်းသပ်ကုသ
ပါသော်လည်းရောဂါက ပျောက်ကင်းမှုမရှိပေ။ ထိုအခါနာဂသိန်းလှိုင် က ရောဂါအခြေအနေကို
ဂရုစိုက်လေ့လာကြည့်သောအခါ သူ့ဖခင်ပုံစံနှင့်တူညီနေကြောင်းတွေ့ရှိသည်။ မကောင်းဆိုးဝါး
ပူးကပ်သူတို့သည် မီးကိုကြောက်လေသည်။
အမှန်ကမကောင်းဆိုးဝါးက မီးကိုကြောက်ခြင်း
ဖြစ်သည်။

ဆရာသိန်းလှိုင်က လူနာအမေကြီးကို ဆေးလိပ်
ချော့၍တိုက်လေသည်။ လူနာအမေကြီးက
ဆေးလိပ်ဖွာသောအခါ ဆေးလိပ်မီးမှာငြိမ်းသွား
သည်။ သုံးလေးခါ စမ်းသပ်ကြည့်သောအခါမှာ
လည်း ဆေးလိပ်မီးများငြိမ်းသွားသည်ကို
တွေ့ရပြန်သည်။ လူနာရှင်အမေကြီး၏ မိသားစုကို
ခေါ်တွေ့၍ ပယောဂဆရာ နှင့်ပြကြည့်ရန်ပြော
လေသည်။ လူနာမိသားစုသည် အမေကြီးကို
ခေါ်၍ ဆေးရုံမှဆင်းသွားကြသည်။
ထိုအကြောင်းကို ဆရာဝန်ကြီးများကသိ၍
ဆရာသိန်းလှိုင်ကို ဆူပူကြလေသည်။ ဆရာဝန်
တစ်ဦးဖြစ်ပြီး ဒီလိုအကြောင်းအရာများကို
ယုံကြည်ရသလားဟု ပြောဆိုကြသည်။

ဆရာညီပုလေး၏ ဓားသွားပေါ်က ချိုမြမြကို
ရေးရင်းဖြင့် တစ်အုပ်လုံးနီးပါးဖတ်ကောင်း၊
စိတ်ဝင်စားဖွယ်ကောင်းကြောင်းရေးရတာ
ပြီးနိုင်တော့မည်မထင်ပါ။ Steemit မိတ်ဆွေများ
ကိုယ်တိုင်သာရှာဖတ်ကြပါတော့လေ။
အော်... ဆေးရုံဆင်းသွားတဲ့ အမေကြီးလေ
နေထိုင်ပြန်ကောင်းလို့ မိသားစုလိုက် ကားနဲ့လာပြီး
ဆရာသိန်းလှိုင် ရှိရာ ဆေးရုံကိုလာပြီးနှုတ်ဆက်ကြပါကြောင်း ရေးသားရင်း နိဂုံး ချုပ်ပါရစေဗျာ။

@htwegyi
Photo @htwegyi
MSC.036

Sort:  

အ မြည်းနဲ့တင်‌ ‌တော်‌‌တော်‌ ‌ကောင်း‌နေပြီ။

အမြည်းကောင်းတယ်ပေါ့

ကြိုက်ပြီလေ... အဲဒီလို စာအုပ်ကောင်း တွေ့လို့ကတော့။ အခုလို မျှဝေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

ဟုတ်ကဲ့ပါ ကိုဟင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ဝယ်ဖတ်မယ်ပြီးရင် စာကြည့်တိုက်ကို လှူလိုက်မယ်

ဒါဆို ထပ်ပြီးဖတ်အုံးမယ်လေ

သုတနောက်လိုက်နေရတာနဲ့ ရသနဲ့ ဝေးနေရတာ အတော်ကြာပါပြီ။ သုတကလည်း လိုက်လေ ဝေးလေပါပဲဗျာ။ အခုလို အမြည်းလေး ဖတ်လိုက်ရတာတင် တော်တော် အရသာရှိလိုက်တာ စာအုပ်လေးက

Posted using Partiko Android

တစ်အုပ်လုံးဖတ်ကောင်းတယ်ဗျ

မဖတ်​ဖူးလို့ခုလို​ဝေမျှပေးတာနဲ့စိတ်​၀င်​စားဖို့​ကောင်းပါတယ်​...

Posted using Partiko Android

ဖတ်လို့ကောင်းတယ်ဗျာ

ရှေးတုန်းက စာအုပ်​​တွေက ရှားသွားပြီ ဗျာ့
ရှာရခက်​ပြီ ချစ်​ဦးညိုရဲ့ ကဉ္စန ဆိုတဲ့စာအုပ်​ ပြန်​ဖတ်​ချင်​တာ ရှာလို့ကိုမရ​တော့ ဘူး ကိုလည်း​ခေါင်းစဉ်​ဘဲသိ​တော့တာ ဇာတ်​အိမ်​ကို​တောသိတယ်​ ဇာတ်​​ကောင်​နံမယ်​​တွေ​တောင်​​မေ့​နေပြီ

စာကြည့်တိုက်မှာရှာဖတ်အုံးမယ်ဗျာ

မယုံလွန်းရင်လည်းမကောင်း ယုံလွန်းရင်လည်းမကောင်းဆိုသလိုပါပဲ ☺ ပညာရပ်တွေကို တကယ်တတ်ကျွမ်းကြရင် လူတွေကို ကူညီနိုင်တာသေချာတယ် အီးယောင်ဝါးဆရာတွေလက်ထဲရောက်သွားရင်တော့ ဒွတ်ခ ရောက်တာပါပဲ ကိုထွေးကြီးရေ

ဟုတ်တယ်ဗျာ တကယ်တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေကရှားသဗျ

အင်း အဲ့ ဗိန္ဒော ဆရာ တေနဲ့ကုကြတာတွေ အခုထိ တွေ့နေရတုန်းဘဲ

ဆရာဝန်ကိုယ်တိုင် ပြောပြတာနော်

စာအုပ်ကိုတွေ့ဖူးတယ် ကောင်းမှန်းမသိခဲ့ဘူး

ကျွန်တော်တော့ ဖတ်လို့ကောင်းတယ်ကြိုက်တယ်ဗျ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97