လဲမှို့ လေးများ

in #myanmar5 years ago (edited)

Steemit ရဲ့ရှေ့ဆက်ရမည့်ခရီးက ဘုရားတရား
လေးတပြီး ရှေ့ ဆက်ရမည်ဆိုပါပဲ။ ဆိုပါသော်
လည်း လုံးဝဥဿုံ ပြီးဆုံးမသွားသေးဘူးဆိုတော့ကာ မျှော်လင့်ချက်ထားလို့ ရသေးသည်။ မျှော်
နိုင်သမျှ မျှော် အုံးမည် ဒေါ်အုံးကြည်က
ကျွန်တော် အမေမဟုတ်ပါဘူး။ ကျွန်တော် အမေ သည် ဒေါ်အုံးမြ ဖြစ်ပါသည်။ ကျွန်တော့်အမေ သည် သေမင်းလက်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။ Steemit သည်ငြိမ်းလု ငြိမ်းခင်
ဆီးမီးတောက်လေးသာမက မီးပွားလေးတစ်ခု
ဖြစ်ရင်တောင် ကျွန်တော်တို့သည် လဲမှို့ လေးများ
ဖြစ်ကြမည်။

image
image source

@dan သည် ကိုယ်စခဲ့သည့် အရာတစ်ခုကို
ပြီးဆုံးအောင်ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ။ သူစခဲ့
သည်အရာ သူဖောက်ခဲ့သည့်လမ်းသည်
ကောင်းမွန်သည်ဖြစ်သောကြောင့် ကျွန်တော်
တို့ခေါင်းဆောင် ကိုဟင်က ကျွန်တော် တို့ကို
လမ်းပြခေါ်ဆောင်ခဲ့ပါသည်။ သူ့လမ်းပြမှုသည်
သူ့လို စာရေးသား၍ မြန်မာများဝင်ငွေရကြစေရန်
စေတနာထားကာ လမ်းညွှန်ခေါ်ဆောင်ခဲ့သည်။
ကျွန်တော် တို့သည် ကိုဟင်ခေါ်ဆောင်ရာ လိုက်ပါ
ခဲ့ကြသည်။

လမ်းခရီးမှာ အခက်အခဲ စိတ်ချင်းမတိုက်ဆိုင်မှုများ
ရှိခဲ့ကြသည်။ သည်းခံခြင်းများ၊ ခွင့်လွတ်ခြင်းများ၊
အနစ်နာခံခြင်းများအပြင် ထွက်ခွာသွားကြသူများ
လည်းရှိကြသည်။ သို့သော်လည်း တဖြည်းဖြည်း
ခြင်းကျွန်တော်တို့အဖွဲ့ရှေ့ခရီးဆက်ခဲ့ကြသည်။
ယခုအခါမှာ steemit သည် မီးတောက်မှ မီးပွား
အဆင့်သို့ရောက်ရှိနေသလားမပြောတတ်ပါ။
ဆုတောင်းရင်းနဲ့ Steemit ရှေ့ခရီး ရင်ခုန်စွာ
မျှော်ချင်သေးသည်။

image
image source

ကိုဟင်ကတော့ steemit သင်္ဘောကြီးနစ်မြှပ်သွား
သည့်တိုင် နောက်ဆုံးထိရှိနေမည်ဟုရေးသားခဲ့သည်။
သူတောင်နောက်ဆုံးချိန်ထိ ရှိနေနိုင်သေးရင်
ကျွန်တော်တို့လဲ သူနဲ့အတူရှိနေရပါမည်။ Steemit
ကြောင့် ကျွန်တော် သည်ငွေကြေးဆုံးရှုံးသွားသည်
မရှိပါ။ steemit ကြောင့်သာ ငွေကြေးရရှိခဲ့ဖူးပါ
သည်။ 2017 February မှာ steemit မှရရှိသည့်
ငွေကြေးဖြင့် ကျွန်တော် တတ်နိုင်သည့် အလှူလေး
တစ်ခုလုပ်ခဲ့ရပါသည်။ ထို့ကြောင့် steemit
ရထားကြီးခုတ်မောင်းနေသ၍ လိုက်ပါနေပါအုံး
မည်။

image
image source

@dan မှတဆင့် @ned လက်ထဲရောက်ရှိနေသော
Steemit ကြီးအောင်မြင်ဖို့အရေး ကျွန်တော်တို
သည်ဆုတောင်းရင်း တဖက်တလမ်းမှ post တင်ကာအားဖြည့်ကြရပါမည်။ @ned သည်လည်း
အကြံဥာဏ်ကောင်းများရရှိကာ STEEMIT
ကြီးကို တိုးတက်အောင် စွမ်းဆောင်နိုင်ပါစေ။ steemit မီးတောက်လေးငြိမ်းပြီး မီးစာလေးကျန်
နေပါသေးရင်းတောင် ကျွန်တော်တို့သည်
လဲမှို့ ကလေးများသဖွယ် မီးစာလေးနားဝိုင်းရံထားကြပါမည့်
အကြောင်းရေးသားလိုက်ပါသည်။

Author @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

လဲမှို့လေးမအားနိုင်လို့ စာမရေးဖြစ်တာ ခွင့်လွတ်ပါ

ဟုတ်ကဲ့ပါဗျာ ရှိတဲ့ မှို့လေးတွေနဲ့ ဆက်ကြိုးစားရင်း
စောင့်နေပါမည်

လဲမှို့လေး တစ်ဆုတ်လောက်ဖြစ်ပျဇေ

ဖြစ်စေ....ဗျ
ပြီးရင် ဟုန်းကနဲ့ ထ တောက်ကြမယ်ကွယ်

Steemit ကိုတော့ ဒေါ်အုံးမြ ကယ်မှ ရပေတော့မယ်

ဟီး

Steemit လှေပေါ်မှာ လိုက်ပါနေဆဲပါ အကိုကြီး ရေ

အဟီး ကျုပ်အမေကို မေတ္တာပို့ခိုင်း ဆုတောင်းခိုင်းရမလားလို့ 😁

မီးမငြိမ်းအောင် လောင်စာထပ်ဖြည့်ကြတာပေါ့ဗျာ။

ဓာတ်ဆီလောင်းရင်း ဟုန်းကနဲ့နေမှာ

ဟုတ်ဦးထွေး ပြန်လည် နိုးထလာဦးမှာပါ

မျှော်ကြရအောင် ကိုချစ်ရေ့

မီး​တောက်​ကြီးမှမီးပွား​လေးဖြစ်​သွားလည်း​မျော်​လင့်​လို့ရပါ​သေးတယ်​....ဆက်​ပြီး​ရေး​နေဦးမှာပါ....

Posted using Partiko Android

ဒါပေါ့ ရေးလို့ ရနေသမျှ ရေးနေကြမှာပ

အနိစ္စ ဒုက္ခ အနတ္တ အားလုံးအစိုးမရ 🙂

Posted using Partiko Android

ဟ ဟ ဟ အသာလုပ်ပါ ကိုစောရ တောထွက်တော့မလား steem ဈေးလေး တက်ပါစေအုံးလေ 😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97