လွမ်းတုန်ရင်ခုန် နွေရာသီဖြစ်ပုံ

in #myanmar5 years ago (edited)

image

ရာသီကတော့ နွေရာသီပါ။ နွေဦးရာသီဆို ပိုမှန်
ပါလိမ့်မည်။ နွေရာသီရောက်ပြီဆိုလျှင် ရွက်ဝါ
တို့ကကြွေ တောင်လေကတိုက် ရွက်ဟောင်းတို့
ကြွေ ရွက်သစ်တို့ဝေဖြင့် လွမ်းစရာကောင်းလှ
ပေသည်။ နွေရာသီဆိုတာ အဲ့လိုမျိုး ကျွန်တော်တို့
သိထားကြတာ။ ရသေ့သူတော်စင်များတောင်
ဥာဏ်မခိုင် ဈန်ယိုင်လျော ဘာညာပေါ့ဗျာ။

”နွေရောက်ပြီလေ.....
ရိုးတံကျဲကျဲ ပင်အိုတို့
အလှချင်းလဲ ပြိုင်.....
လေရူးအဝှေ့  ရွက်ဝါတွေ လိပ်ပြာတွေရယ်...
အလှချင်းပြိုင်နေသလိုပင်...”

အဟဲ...ငယ်ငယ်က သီချင်းလေးပေါ့။ ခုပြန်ကြား
တိုင်း ခုထိလွမ်းလို့ကောင်းတုန်း။ မရှိတဲ့ရည်းစား
ရမ်းသမ်း မှန်းသမ်းလွမ်းလို့ကောင်းခဲ့တဲ့သီချင်း
လေးပေါ့။ နွေရာသီ ကို ပျိုးလှချည်းလားလို့တော့
မထင်ပါနဲ့ဗျာ။ ကျွန်တော်တို့ငယ်စဉ်က နွေရာသီ
များသည် အင်မတန်လွမ်းစရာကောင်းခဲ့ပါသည်။
နွေ လို့အသိမှာရှိလိုက်၊ တွေးလိုက်ရင်ကို အလိုလို
လွမ်းလာရတာ။ အထူးသဖြင့် (၁၀)တန်းဖြေတဲ့
နွေရာသီက လွမ်းကြောက်ရင်တုန် ရင်ခုန်စရာ
ကောင်းခဲ့တဲ့ နွေတစ်ခုပေါ့။

နေမင်းကြီးကပူ၊ ရင်ထဲကပူ အပူတွေပြိုင်ခဲ့သည့်
၁၀ တန်းနှစ်ကနွေကြီးရယ်လေ။ စာတွေနွှေးလိုက်၊
မေ့လိုက်၊ ရာသီကပူလိုက်၊ လွမ်းလိုက် အတော်
အလုပ်ရှုပ်ခဲ့တဲ့ ဒဿမတန်းကနွေရာသီပေါ့။
ယခု 2019 ဒီနှစ်နွေ ဘာဖြစ်လဲမသိဘူး နွေတော့
နွေ မိုးတွေအုံ့ပြီး လေစိမ်းတွေတိုက်နေတယ်။
ချမ်းလိုက်တာဗျာ။ ကျွန်တော် အစ်မရယ် နွေ
ရောက်ပြီဆိုပြီး စောင်တွေလျှော်လိုက်တာ ညဦးမှာ
နွေးပြီး မနက်ခင်းမှာချမ်းတော့ လျှော်ပြီးသား
စောင်တွေ ခြုံရနိုးနိုးနဲ့ ပြန်လျှော်ရမှာလည်း
စိုးတော့ တစ်ယောက်ထဲ ဒုက္ခရောက်နေပါတော့
သည်။

ယခုနှစ် ဒဿမတန်းဖြေကြမည့်ကျောင်းသူ
ကျောင်းသားများ ရာသီဥတုအေးချမ်းစွာဖြင့်
ဖြေကြရသည်။ ကံကောင်းလေစွ။ နိုင်ငံတော်
ကလည်း စာမေးပွဲဖြေကြမည့် ကျောင်းသူ
ကျောင်းသားများကို ဂရုစိုက်ပါသည်။ စာမေးပွဲ
ဖြေသည့်ကျောင်းများ၏ တစ်ပြပတ်လည်း
မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မပြုပါ။
စာမေးပွဲဖြေဆိုသည့်ကာလနှင့် ညအချိန်များတွင်
ဆူညံ သံများမပြုရန် ရပ်ကွက်ရုံးများက
လိုက်လံသတိပေးနိုးဆော်ထားသည်။
ကျောင်းသူ ကျောင်းသားများကံကောင်းလေးစွ။

image
image source

အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေကြမည့်
ကျောင်းသူ ကျောင်းသားများ၏ မိဘများက
ပို၍ပင် ဂရုစိုက်ကြပ်မတ်စောင့်ရှောက်ကြပါပေ
သည်။ ဗေဒင် လက္ခဏာဆရာတွေ၊ အုန်းပွဲ
ငှက်ပျောပွဲရောင်းသည့်သူများက ဆယ်တန်း
ဖြေသည့်ကာလတွင် ပွဲတော်ကြီးတမျှရောင်းအား၊
ယတြာအားကောင်လှပေတော့သည်။
Facebook မှာတက်လာသည့် ကျောက်ဆည်
ရွှေသိမ်တော်ဘုရား မှာ ပွဲထိုးထားသည့် အုန်း
ငှက်ပျောပွဲများက အလွန်များပြားလှပေသည်။
ဘုရားရှင်ကတော့ မဟာဂရုဏာရှင်ကြီးဖြစ်တော်မူ၍
ပြုံးတော်မူပေမည်။ ဒီရာသီ ဒီလိုအချိန် ရောက်တိုင်း
ငါ့ဆီ အုန်းငှက်ပျောပွဲထိုးသူများလှသည်ဟု
မှတ်ထင်နေမည်ဖြစ်ပါသည်။

image
image source

မိဘများအနေဖြင့် ကျောင်းသူ ကျောင်းသားများအတွက် ဖော်ပြပါလုပ်ရပ်များက မိမိတို့ကလေးအား အမှန်တကယ်အကျိုးပြုပါရဲ့လား။ ထိရောက်မှုရှိပါသလား။ရေးတာ ဆရာကြီးပုံပေါက်သွားရင်တော့
သည်းခံပါဗျာ။ ကလေးတွေ သူတို့ဟာ သူတို့
စာကျက်ပါစေ၊ စာကြိုးစားကြပါစေ။ မိဘများ၏
အလွန်အကျွံ ယတြာတွေကြောင့် လမ်းလွှဲသွားမှာကို
စိုးရိမ်းမိပါသည်။ စာမေးပွဲ အတွက်နဲ့ ဘုရားကို အုန်းငှက်ပျောပွဲများလှူရာတွင် စာမေးပွဲအောင်
မအောင်တော့ မသိပါ။ ဘုရားလှူသည့်အလှူ
ကုသိုလ်တော့ ရကြမည်ထင်ပါသည်။
ကိုချစ်ကောင်း နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မည်။

မှန်တယ်ဆို လုပ်စမ်း....
မှန်တယ်ဆို လုပ်လိုက်.....
ဘုရားသိ..... တခြားလူသိဖို့ လိုသလား....။

မှန်တယ်ဆိုလုပ်စမ်း....
မှန်တယ်ဆိုလုပ်လိုက်......။

@htwegyi
MSC.036

Sort:  

နွေ​ရောက်​ပြီ​လေ...ရိုးတံကျဲကျဲ ပင်​အိုတို့အလှချင်းလဲပြိုင်​...
ဗစ်​တာခင်​ညို ကြီးသတိယလိုက်​တာဗျာ

ဟုတ်ပ နွေရာသီရဲ့ သီချင်းများထဲက တစ်ပုဒ်ပေါ့
လွမ်းလို့ကောင်းတယ်လေ

ပူပြီဆိုပြီး သိမ်းထားတဲ့စောင်တွေ ပြန်ထုတ်ရတယ် ဘထွေးရေ

အို ဘဝတူတွေရှိသဟေ့ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အဟမ်းးးး နိ ၁၀ တန်းဖြေတုန်ူကလည်း စာမေးပွဲမဖြေခင် ဘုရားစင်ရှေ့ ပွစိပွစိ ရွှတ် နောက် အိပ်ထောင်ထဲ သပြေညွှန်လေး ဆောင် ခဲ့တယ် မဟုတ်လား
ဟုတ်တယ် ဒေါ့ လုပ်လ်ုက် ဟွင်းဟွင်းး

ဘုရားတော့ ရှိခိုးသွားတာပေါ့လို့ 😁
သပြေညွန့်တော့ထည့်ဘူး ခိုးဖို့ တစ်မှတ်တန်လေးတွေ့တော့ မှတ်သွားတယ်လို့ 😁

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ကျ​နော်​တို့များ ယတြာ​ချေဖို့မ​ပြောနဲ့ စာ​မေးပွဲ​ဖြေချိန်​နားထိ ဂိမ်း​ဆော့​ကောင်းတုန်း ဒါလည်း​အောင်​ခဲ့တာပဲ ဟီး

အဲ့ဒါ ပြောတာ ပါရမီရှင်တွေပါဆို 😁

မှန်​တယ်​ဆို ကွကိုသိပါတယ်​😄

Posted using Partiko Android

မှန်တယ်ဆို လုပ်လိုက်တော့ 😁

နွေရောက်ပြီလေ ရိုးတံကျဲကျဲ ဘာဆိုလား ညာဆိုလား ကိုထွေးကြီးရေ နွေအကြောင်းရေးတော့ နောက်ရက်ကျရင် မီးအကြောင်းရေးအုံးမှဘာ ☺

ရိုးတံကျဲကျဲသစ်ကိုင်းခြောက်နဲ့ ရွက်ကြွေတွေ မီးရှို့ပစ်လိုက်တာပ 😁
မီးအကြောင်း နက်ဖန်တင်မယ်လေ

Hi kogyihtwe mingalapar..

မင်္ဂလာပါဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62937.86
ETH 3092.40
USDT 1.00
SBD 3.87