မိုးရယ် အချစ်ရယ် ကြေးအိုးရယ်

in #myanmar6 years ago (edited)

မိုးရာသီ တဲ့လားကွယ် ချမ်းလိုက်တာတကတည်း။
ကောင်းကင်က အုံ့မှိုင်းမှိုင်း မိုးလေးက တစ်ပြိုက်
ပြိုက် လွမ်းစရာကောင်းလှပါသည်။ မိုးမှုန်ကြား
လေအဝှေ့ မှာ သယ်ဆောင်ပါလာသည့် မိုးစက်မှုန်
တို့က သိမ့်ကနဲ့ တုန်ကနဲ့ အပျိုဖြန်းလေး ချစ်သူနဲ့
ချိန်းတွေ့ ရသလို ဘာလိုလို ညာလိုလိုကြီးပါကွယ်။
အေးချက် ချမ်းချက်ကိုပြောတာပါ။ တစ်မျိုးထင်မှာစိုးတယ် မိုးရွာလို့အေးပါသကွယ်။

image

image

တစ်မျိုးညာနွဲ့သွေမဖယ် စိုးပါနဲ့မေရယ်က ဆရာ
နွမ်ဂျာသိုင်းဝတ္ထု။ မိုးအေးအေး ဝတ္ထု ကောင်း
ကောင်းလေးဖတ်ရမလား၊ ဇာတ်ကားကောင်းလေး
များကြည့်ရမလား။ ငယ်စဉ်တုန်းကတော့ မိုးရေထဲ
ပြေးလွှားဆော့ကစားခဲ့ရတာ အရသာတစ်ခု။
အဲ့အရသာက ခုထိရှိတုန်း။ ခြေချောင်းလေးတွေ
ကြား သဲဝဲစားတာ ရေထိရင်စပ်ဖျင်းဖျင်း။မိုးရာသီ
ဖီလင်တဲ့။ သူများတကာတွေရေးတာ အားကျအတုယူစရာ။ ကိုယ်လည်း ရေးချင်တာပေါ့ သူများ
တွေလိုရေးမယ်စိတ်ကူးတော့ ကလေးကလားများ
ဖြစ်မလား။

ရေးစရာက ရင်ခုန်စရာ ရှိမှ ပိုရေးကောင်းမှာပါ။
ခုတော့ မိုးရာသီ အတွက်ရင်ခုန်စရာက ရမ်းတုတ်ပြီး
ဖီးလ်ရမလား ခံစားရမလား။ သူများတွေနည်းနည်း
မှအထင်ကြီးကြီး ရွှီးလိုက် ရေးလိုက်မည်လို့
အတွေးဝင်နေတုန်း။

”ဘာ..နင်ပဲ ချစ်တယ်ဆို အံမလေး ငါက
ဓူဝံကြယ်ယူခိုင်းတာလဲမဟုတ်ဘူး၊ အိုင်ဖုန်း
ဝယ်ခိုင်းတာလဲမဟုတ်ဘူး၊ ဝိန့်စိန်က ရွှေဝယ်ခိုင်း
တာလဲ မဟုတ်ဘူး မိုးအေးအေးနဲ့ ကြေးအိုးလေးစားချင်လို့ ရွှေတောင်တန်းက ဖြစ်ဖြစ် ykko ကဖြစ်ဖြစ်
ဝယ်ကျွေးခိုင်းတာပါဟဲ့”

ကျုပ်တူမရယ် သုံးထပ်သားခြားထားတဲ့ တစ်ဖက်
ခန်းကနေ သူအဆက်နဲ့ဖုန်းပြောနေတာ။

”ဟဲ့ ငါအများကြီးတောင်းဆိုနေတာဟုတ်ဘူးနော်
ကျွေးမှာလား မကျွေးဘူးလားပြော နင်မကျွေးရင်
ကျွေးမယ့်သူတွေရှိတယ်နော်”

image

အံမယ် ကြေးအိုးသောက်ချင်တာ ရိုးရိုးမပြောဘူး
ခြိမ်းခြောက်မှုတွေနဲ့ပါလား။ ဒီမှာ မိုးရာသီဖီလင်
လေး အမှန်အကန်ရေးမလို့ပါဆို။ သူတို့ပြောနေမှ
ကိုယ်တောင် ကြေးအိုးသောက်ချင်လာမိပေါ့။
အတော်ဆိုးတဲ့ကလေးတွေ ဖုန်းပြောတာကို
နှစ်ကိုယ်ကြားပြောကြတာဟုတ်ဘူး။ ကိုယ့်တောင်
ကြေးအိုးမှုပတ်လာပြီ။

ခေတ်ကာလ သားသမီးတွေများ ရည်းစား
စကားပြောတာ ကြားရတာ ဗိုက်ဆာလိုက်တာ
အဲမှားလို့ရည်စား စကားပြောတာ ရိုမဆန်လိုက်ပုံများပြောပါတယ်။ မိုးတွေရွာနေတယ်ကွယ်
လွမ်းတာ ဘာညာပေါ့။ ခုတော့ဟုတ်ဘူး မိုးရွာလို့
ကြေးအိုးပူပူလေးသောက်ချင်သတဲ့။ အင်း ပြောလို့သာပြောရတာ မိုးတွေက အပြင်ဖက်မှာရွာ၊ ရာသီဥတုအေးအေးလေးမှာ ကြေးအိုးပူပူလေး
သောက်ပြီးတစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်ပြီး..အင်း..အင်း.. ဒါလဲ ရိုဆန်တာပါပဲလေ။

ကြေးအိုး ဆို၍ ငယ်စဉ်က ကြေးအိုးကြီးနဲ့ရောင်းတာလားလို့ထင်ခဲ့မိသည်။ ကြေးအိုးခွက်ကြီးထဲသို့
ကြက်ရိုး ဝက်ရိုးပြုတ်ရည်များဖြင့် ကြာဇံ ဆန်ပြား
များထည့်သည်။ ကြက်သား၊ ဝက်သား၊ ငုံဥ၊
ကြက်ဥများ၊ ငါးဖယ်တုံးများနှင့် မုံညင်းရွက်များထည့်
၍ ပူပူလေးသောက်ရသည် ဟု ငယ်စဉ်က
ကြေးအိုးကို ပုံဖော်ကြည့်မိသည်။ ငယ်စဉ်က
ကြေးအိုးသောက်ရသည်မှာ အင်မတန်မှ
အရသာရှိလှပေသည်။

စဉ်းစားကြည့်တော့ သူတို့ခေတ်က ပိုပြီးလက်တွေ့ ကျနေသလိုပဲနော်။ ခေတ်ကလေးတွေ ကျုပ်တို့ထက်
သာသွားပြန်ပါရော။ ကျုပ်တို့လိုသာဆိုရင် ထမင်း
ဟင်းမေ့ မေးထောက်ရင်း အပြင်ဖက်က မိုးရေတွေ
ကြည့်ပြီး လွမ်းနေလိုက်မယ်ဖြစ်ခြင်း။ အဲ သူတို့
ခေတ်က သာဆို ကျုပ်တို့ထက် အစစ အရာရာကြီးကိုသာသဗျို့။ မနာလိုစရာကို ကုသိုလ်ကံကောင်း
ကြတာလား။ ကျုပ်တို့ခေတ်က တစ်မြို့တစ်ရွာက
ချစ်သူဆီ စာရေးလိုက်ရတာကအမော။ ဖုန်းဆက်ဖို့ကသူဖက် ကိုယ့်ဖက် ဖုန်းအဆင်ပြေကြပါမှ စကားသံလေးကြားရတာ။

image
ခုခေတ်ကလေးတွေများ အချိန်မရွေး ကြိုက်တဲ့
အချိန်ဖုန်းဆက်၊ အံမယ် လူချင်းတွေ့နေသလိုကို
ဗီဒီယိုကောလ် ခေါ်လို့ရသေးဗျာ။ ဒါကြောင့် ...
ဒါတွေများကြောင့်ပဲလား စဉ်းစားမိတာပါ။
သူတို့လေးတွေခေတ်က အချစ်ကို အလွယ်တကူ
ရရှိပြီး တန်ဘိုးမထားကြသလား။ ခုကြိုက် ခုတွဲ
ခုယူ ခုကွဲကြလေရောသလားဗျာ။ မိုးအေးအေးနဲ့
ဘာရယ်ဟုတ်ဘူး ပေါ်လာတာလေး ရေးကြည့်
မိတာပါ။ မိုးအေးအေးမှာ ပူပူနွေးနွေး အချစ်ကလေး
အဲ... ပူပူနွေးနွေး အစားအစာများ စားသုံးရင်း
ကျန်းမာကြပါစေ...။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

ပိ​တောက်​ရယ်​ ငုရယ်​ ​ခေါင်​ရမ်း ရယ်​ အဟပ်
ဘာရယ်​မဟုပ်​ ​ခေါင်းစဉ်​နံမယ်​​လေး သ​ဘော ကျလို့

ဆောင်းရယ် နှင်းရယ် ပုလင်းရယ်တော့လုပ်လိုက်ပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ကြေးအိုးစားချင်လာပဗျာ😁😁

Posted using Partiko Android

ဝယ်စားရမလား အိမ်မှာ ယံယံလေးပဲပြုတ်စားရမလား
ကြက်ဥလေးထည့်ပြီးပေါ့နော် 😁

မိုး​အေး​အေးနှင့်​​ကြေးအိုး​ပေါ့...​ကောင်းကင်​တစ်​ခုလုံးအုံ့မှိုင်း​နေပြီ....

Posted using Partiko Android

ကောင်းကင်တစ်ခုလုံးမှိုင်းနေပြီး
ကြေးအိုးပူပူလေးလည်းသောက်ချင်သည်.....
...

ဗိုက်ဆာနေပါတယ်ဆိုမှ 😁

အဲ့လို အလိုက်အကန်းမသိပဲ ကြေးအိုးတင်သူတွေက တစ်မျိုး
ပေါ့နော်😁

အမှန်က. ကော်ဖီပူပူလေးတစ်ခွက်ရောပါမှ မိုက်တာ

အချစ်က ကော်ဖီသောက်တိုင်း လွမ်းနေတယ်ဆိုလို့ လက်ဖက်ရည်ပဲသောက်လိုက်တယ်ပေါ့နော် 😁

ကျမတို့ခေတ်နဲ့ ကွာပေါ့ ဘထွေးရေ

Posted using Partiko Android

နည်းနည်းလေးကွဲသွားတာပါ
အချစ်ကတော့ ဒီအတိုင်းထင်ပ

တို့က‌တော့ အ‌ဖော်‌တစ်‌သင်းနဲ့ ဖား‌ကြော်‌‌လေးဘဲလိုပါတယ်‌။ဟိုဟာ‌လေးနဲ့‌ပေါ့ဗျာ။

ကိုယ့်စိတ်ကူးရှိတဲ့အတိုင်း
ကိုယ့်ရဲ့ ဆန္ဒတော် အတိုင်းပေါ့ဗျာ

ပေါ်လာတဲ့ကြောင်းအရာတစ်စလေးကိုဆွဲဆန့် ရေးတတ်တာကိုအားကျ မိတယ်ဦးထွေး

ဒီလိုပဲကြံဖန်ရေးရတာပါဗျာ
စိတ်ကူးထဲပေါ်လာတာချရေးကြည့်မိတာပါ

ကိုထွေးက ကြေးအိုးဆိုလို့ကြည့်လိုက်တာ ကြာဆံတွေပါဗျာ။

ကြကြာဆံ ရအောင်လို့နေမှာပါ ဆရာတင်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60844.65
ETH 2995.69
USDT 1.00
SBD 3.88