မြွေ Snake

in #myanmar4 years ago

image

မြွေ ...အသံကြားတာနဲ့ကြောက်တယ်။ ကြောက်သော်လည်း ကြည့်ချင် မြင်ချင်စိတ်ဖြစ်သည်။
ကိုယ်တွေက မြို့ပေါ်နေသူဖြစ်၍ မြွေနှင့်
အလှမ်းဝေးကွာပါသည်။ တခါတရံမှသာ
မြွေကိုမြင်ကြရသည်။ ငယ်စဉ်က မြွေအကြောင်း
ရိုက်ကူးထားသည့် ကုလားကားရုပ်ရှင်များကို
ကြည့်ဖူးသည်။ မြွေတွေက ကလဲ့စားချေတတ်ကြ
သည်။ ရုပ်ရှင်မှာပြောတာပါ အပြင်မှာ တကယ်
ဟုတ်မဟုတ် မသိပါဘူး။

‌မြွေအကြောင်းရေးထားသည်ကို သတင်းစာမှာ
ဖတ်လိုက်ရသည်။ မြွေသည် ချစ်ခင်နှစ်သက်ဖွယ်
ကောင်းသော သတ္တဝါမဟုတ်ပါ။ မနှစ်မြို့ယုံ သာမက
ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့်
တိရစ္ဆာန်ဖြစ်သည်။

3kem85cd5b.jpg

အဆိုပါမြွေကို အနောက်တိုင်းဆေးကုသမှု ပညာရဲ့
အထိမ်းအမှတ်က "မြွေ" ဖြစ်‌နေ၍ အံ့ဩဖွယ်
ကောင်းလှသည်။ မြွေတွင် အဆိပ်ရှိသော
မြွေနှင့် အဆိပ်မရှိသောမြွေဟူ၍ နှစ်မျိုးရှိ
သည်။ ကျွန်တော်တို့ မြန်မာပြည်တွင် မြွေ
ကြောင့် တောင်သူလယ်သမားများ
အသက်အန္တရာယ်ဖြစ်စေအောင် ဒုက္ခရောက်
ခဲ့ကြသည်။

မြွေကိုက်ခံရသည့်လူနာကို ၂နာရီထက် နောက်မကျဘဲ မြွေဆိပ်ဖြေဆေး ထိုးပေးမှသာ အသက်ကယ်နိုင်မည်ဖြစ်၍ အထူးသတိထားသင့်ပေသည်။
ကမ္ဘာပေါ်တွင် မြွေမျိုးစိတ်ပေါင်း (၂၄၀၀) မှ(၃၀၀၀)
နီးပါးရှိသည်ဟု ခန့်မှန်းကြသည်။ အဆိုပါထဲမှ
ရှစ်ပုံတစ်ပုံသာ အဆိပ်ရှိသောမြွေများဖြစ်သည်။
ကမ္ဘာပေါ်မှာ မြွေကို နေရာတိုင်းနီပါး တွေရှိနိုင်သည်။
မြွေမတွေ့ရသော တစ်ခုတည်းသောဒေသက
နယူးဇီလန်ကျွန်းဖြစ်သည်။

thgo8nv7ew.jpg

ရှေးဂရိများ၏ မြွေနှင့်ပတ်သက်၍ မြွေတွေရဲ့
လျှို့ဝှက်စရိုက်ကို အကြောက်တရားနှင့် လေးစား
ကိုးကွယ်ခြင်း၊ နေနတ်ဘုရား၏ အမှတ်တံဆိပ်လက္ခဏာဖြစ်ခြင်း၊ မြွေသည် ရှေ့ဖြစ်ဟောနိုင်ခြင်း
နှစ်စဉ် အရေခွံလဲ၍ အမြဲနုပျိုနေသည့် သဘာဝ
ရှိခြင်း၊ အကောင်းအဆိုးခွဲခြားသိခြင်း။
ဂရိသမားတော်များက သူတို့ရဲ့ကုသမှု ပိုမို
ထိရောက်‌အောင်မြင်စေရန် မြွေသားကို
စားကြသည်။

ရှေးဂရိများ၏ အစဉ်အလာယုံကြည်ကိုးကွယ်မှုကို
အခြေခံ၍ အနောက်တိုင်းဆေးပညာ၏
သင်္ကေတက မြွေနှင့်ဆေးတောင်ဝှေး ဖြစ်နေ
သည်။ ယနေ့ဆေးပညာအဖွဲ့အစည်းများနှင့်
ဆေးပညာသင်ကြားရာ ဆေးက္ကသိုလ်အမှတ်
တံဆိပ်များမှာလည်း မြွေနှင့် ဆေးတောင်ဝှေး
အမှတ်တံဆိပ်ကို တွေ့မြင်နိုင်ကြသည်။

ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော သတ္တဝါမဟုတ်
သည့် မြွေကို အိမ်မွေးတိရစ္ဆာန်ကဲ့သို့ မွေးထား
သူ အမျိုးသမီးတစ်ဦးအကြောင်းဖေ့ဘွတ်မှာ
ဖတ်လိုက်ရသည်။ သူမသည် စပါးကြီးလား၊
စပါးအုံးမြွေလားမသိပါ အဆိုပါမြွေကို ပေါက်စ
အရွယ်ကမွေးခဲ့သည်။ ထိုမြွေအရွယ်ရလာသည့်
နေ့တွင် သူမအစာကျွေးသည်ကို မစားဘဲ
သူမအားရစ်ပတ်နေလေတော့သည်။ သူမက
မြွေနေမကောင်းထင်၍ တိရစ္ဆာန်ကုဆရာဝန်
ထံ သွားရောက်ပြသည်။

ဆရာဝန်ကသူမကို ပြောလိုက်သည်မှာ
မြွေသည်နေမကောင်းခြင်းမဟုတ် သူမကို
မြိုရန်အတွက် အစာမစားဘဲ နေကာ သူမကို
ရစ်ပတ်ခြင်းသည်လည်း သူမကို မြိုရန်
ချိန်ဆနေခြင်းဖြစ်ကြောင်းပြောကြားသဖြင့်
သူမသည်အသက်ဘေးမှ လွတ်ကင်းခဲ့‌သည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ကိုက်ရင် သေတတ်သည်
တောမှာ ပေါသည်

Posted using Partiko Android

အမလေးဗျ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70744.80
ETH 3561.94
USDT 1.00
SBD 4.80