ညီမျှခြင်း၏ အစွန်းများ
ငထွေး ၇နှစ် ၈နှစ်အရွယ်မှာ
အစ်ကိုဖြစ်သူနှင့် ငှက်ပစ်လိုက်သွားသည်။
ငှက်ပစ်သည့်နေရာသည် ဗန်ဒါပင်များနှင့်
ကုက္ကိုပင်များစီတန်းပေါက်နေသည်။
မီးရထားအရာရှိတွဲများသန့်ရှင်းရေးပြုလုပ်ပြီး
ရေများဖြည့်တင်းသည့်နေရာလဲဖြစ်သည်။
အရိပ်ကောင်းပြီးအေးမြသဖြင့် တိရစ္ဆာန်များလဲ
အုပ်စုလိုက် နားခိုရာနေရာလဲဖြစ်သည်။
ဗန်ဒါပင်များပေါများ၍ ဗန်ဒါသီးများလည်
လွန်စွာပေါများလှသည်။ ဗန်ဒါသီးများကို
သံလမ်းပေါ်တင်၍ အုတ်နီခဲ၊ ဇလီဖားရိုက်သံမှို
တို့ဖြင့်ထု၍စားကြသည်။ အုတ်နီခဲထက် သံမှိုက
ဗန်ဒါသီးကိုထုရသည်မှာ ပိုကောင်းသည်။
ဗန်ဒါပင်များကပေါလှသဖြင့် အသီးများကို
ရှဥ့်ကိုက်စား၍ပင် မကုန်ပါ။ ယခုအခါမှာတော့
ဗန်ဒါပင်ကနည်း ရှဥ့်ကောင်ရေကများသဖြင့်
ဗန်ဒါသီးဆံစားဖို့ ခဲယဉ်းလှပါသည်။
မေတ္တာ ဂရုဏာနဲ့ပတ်သက်လို့ ငယ်ငယ်က
ငှက်ပစ်ရင်းတွေဝေဖူးခဲ့တယ်။ ကုက္ကိုပင်ပေါ်တွင်
ပုတ်သင်ညိုတစ်ကောင်ကိုမြွေကမျိုဖို့
ကြိုးစားနေသည်။ မြွေက ပုတ်သင်ညို
ကိုရစ်ပတ်၍ စားဖို့ကြိုးစားသလို ပုတ်သင်ကလည်
ရုန်းထွက်ဖို့ကြိုးစားနေသည်။
ထို့အခါ ငထွေးအစ်ကိုက လေးခွဖြင့် မြွေကိုပစ်၍
ပုတ်သင်ကိုကယ်လေသည်။ အပင်ပေါ်မှ နှစ်ကောင်
ပြုတ်ကျလာသည်။ ဒုတ်ရှည်ဖြင့် နှစ်ကောင်ကို
ခွဲပစ်သည့်အခါ မြွေကထွက်ပြေးသွားသည်။
ပုတ်သင်က မလှုပ်တော့ပါ။ ငထွေး ကလေး
အတွေးဖြင့် စဉ်းစားမိသည်။သူ့တို့သဘာဝအရ
ရှာဖွေစားသောက်ကြသည်ကို
ငထွေးတို့က သူ့ရဲ့အစာကိုဖျက်ဆီးလိုက်သလား။
ဒါမှမဟုတ် ပုတ်သင်ကိုကယ်လိုက်ခြင်းလား
မစဉ်းစားတတ်အောင်ဖြစ်ရသည်။
တစ်နေ့ကလည်း ရုံးမှာ ကြောင်က ခိုကိုဖမ်းပြီး
ကိုက်ချီလာသည်။ ရုံးမှ လူများကကြောင်ကို
မောင်းကြသည်။
”ခိုလေးသနားပါတယ်”
”ဟဲ့ကြောင်...ဟဲ့ကြောင်”
”အံမယ်လေးနော် ဒီကြောင်စုတ်နဲ့
ထမင်းတွေ ဒီလောက်ကျွေးထားတဲ့ကြားက
သူများကို သတ်စားရက်တယ်”
ကြောင်ကိုမောင်းကြသဖြင့် ကြောင်သည် ခိုကို
ပစ်ချကာထွက်ပြေးသည်။ ခိုမှာ လည်ပင်းတွင်
သွေးရဲရဲဖြင့် နာကျင်စွာ လူးလိမ့်ရင်းပြေး
နေသည်။ ခိုကိုကြည့်ပြီး ကျွန်တော် စိတ်မချမ်း
သာဖြစ်မိသည်။ ကြောင်အတွက်လည်
စိတ်မကောင်းဖြစ်မိသည်။ ကြောင်ဆိုသည်က
ငှက်နှင့် ကြွက်ကိုဖမ်းစားတတ်သည့်အမျိုး။
သူ့အတွက်အစာကို လုံ့လပြု၍ သူဖမ်းခဲ့ပြီး
စားရကာနီးမှ အစားကိုလုခံရသည်။
နောက်ဆုံးတော့ ခိုလဲ သိပ်မကြာပါ။ ဒဏ်ရာဖြင့်
သေဆုံးသွားသည်။ ကြောင်လည် သူ့အစာကို
ဆုံးရှုံးသွားသည်။ ကြောင်မောင်းသူများလည်
မောသွားကြသည်။
ဒီအဖြစ်အပျက်လေးက လောကကြီးမှာ
တစ်ခါတစ်ရံ ကိုယ်က စေတနာနဲ့
လုပ်လိုက်သည့်အရာများက အခြားအတွက်
ဒုက္ခဖြစ်နေတတ်သည်။ ကိုယ်အမြင်ဖြင့်
တစ်ဖက်သတ်ဆုံးဖြတ်သည့်အခါ အခြားတစ်ဖက် တွင် နစ်နာမှုများရှိကြောင်း သင်ခန်းစာရရှိလိုက်
ရသည်။
Nice photography ...! 👌👌
thank vijayb
You're most welcome ..!
ပြုသူအသစ် ဖြစ်သူအဟောင်းလို့ဘဲပြောရမလား
သူ့သဘာဝအတိုင်းတော့ အချင်းချင်း
အစာဂေဟစနစ်ကိုလုပ်ဆောင်နေတာလို့
ယူဆလိုက်ရင်စိတ်ချမ်းသာရတယ်
စတီးမစ်နဲ့တွေ့မှပဲ ငယ်ကကြောင်းလေးတွေ ပြန်သိရတော့တယ်...
အဟေး ရေးစရာရှာကြံရတာပ 😁
တစ်ခါတစ်လေ စဉ်းစားမိတယ် ကယ်လိုက်မိတာလား သူတပါးကို ဖျက်စီးမိတာလားလို့ 😊😊
ဟုတ်တယ်ဗျ တစခါတစ်လေ လောကကြီးက
ကမောက်ကမ ကတောက်ကဆပ
ဗန်ဒါသီးတွေပေါမှပေါ
မတ္တရာ ရထားနဲ့ တင်ပို့လိုက်ဗျာ 😁
ဗန်ဒါသီးထုစားရတာတော့ အခုထိကြိုက်တုန်းဗျာ ကျုပ်တော့
ဗန်ဒါကလပ်ထောင်ကြတာပ 😁
သတ္တဝါတစ်ခုကံတစ်ခုပေါ့ စားပါစေ 😁
ဝ ကံ လု့ ကံပ ဝေ့ 😁
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
ကယ်လိုက်ပေမဲ့မြွေနှင့်ကြောင်အတွက်ဘာမှမရလိုက်သလို၊ပုတ်သင်နှင့်ခိုလည်းအသက်မရှင်ရဘူး....ကိုယ့်ရှေ့ဒီလိုတွေ့နေရင်လည်းငြိမ်ပြီးမနေနိုင်....
တစ်ခါတစ်လေတော့လည်း မတွေးချင်းဘူးပေါ့
ဒီလိုမျိုးတွေကတော့ ဖြစ်တတ်တာပဲလေ။ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ သတ္တဝါကို ကယ်တင်ပေးချင်တဲ့စိတ်လေးနဲ့ ကယ်ပေးရမှာပဲပေါ့။
ကိုယ့်စိတ်ကူးအတိုင်းပဲပေါ့ဗျာ