ပန်းများပွင့်ဖို့ ငြိမ်းချမ်းစို့

in #myanmar6 years ago (edited)

မြန်မာနိင်ငံသည် လက်မှုအနူပညာထွန်းကားသည့်
နိုင်ငံဖြစ်သည်။ လက်မှုပညာ ဆိုသည်မှာနိုင်ငံတိုင်း
တွင်ရှိကြသည်။ ကိုယ့်နိုင်ငံရဲ့ အနူပညာကို ဂုဏ်ယူ
စွာဖြင့် အမျိုးမျိုးပဲ ပြုလုပ်ပြသကြသည်။ ဆင်းရဲ
သည့် နိုင်ငံပဲဖြစ်ဖြစ်၊ ချမ်းသာသည့်နိုင်ငံပဲဖြစ်ဖြစ်
မိမိတို့ရဲ့ လက်ရာများကို အမွမ်းတင်ချီးကျူးကာ
ထင်ပေါ်အောင် ပြုလုပ်ကြသည်။ သို့သော်
ထိုသို့ ထင်ပေါ်ကျော်ကြားအောင်ပြသဖို့ရာတွင်
နေရာဒေသတို့က ငြိမ်းချမ်းရပါမည်။ သို့မှသာ
ပြုလုပ်ပြသသူနှင့် လာရောက်ကြည့်ရှုသူတို့သည်
စိတ်အေးလက်အေးဖြင့် လက်ရာအနူပညာများကို
ခံစားကြည့်ရှုပြုလုပ်နိုင်ကြမည်။

ထို့အပြင် ငြိမ်းချမ်းမှုမရှိသော တိုင်းရင်သားများ
၏ ဒေသတွင် သူတို့၏ လက်မှုအနူပညာ များကို
အေးချမ်းစွာ ပြုလုပ်နိုင်စွမ်းမရှိကြချေ။ တစ်လောက facebook စာမျက်နှာတွင် ကချင်တိုင်းရင်း
သားများ၏ ဝါးကို ထွန်းထုပြုလုပ်ထားသည့်
အနုပညာလက်ရာများကို မြင်ရသည်မှာ ချစ်စရာ
မြတ်နိုးတန်ဘိုးထားစရာကောင်းလှပေးသည်။
သူတို့သည် အဆိုပါ ဝါးအနုပညာလက်ရာများကို
စစ်ဘေးရှောင်ရင်း ဝင်ငွေရဖို့ပြုလုပ်ခဲ့ခြင်းဖြစ်မည်ထင်ပါသည်။

FB_IMG_1531963842889.jpg
image source

FB_IMG_1531963848691.jpg
image source

FB_IMG_1531963857945.jpg
image source

မြန်မာ့ အနူပညာလက်ရာမြောက်သည့် လက်မှု
ပညာရပ်များသည် တစ်ဖြည်းဖြည်း ဖြင့်တိမ်ကော
လာသည်မှာဝမ်းနည်းဖွယ်ကောင်းလှသည်။
လူတို့သည် အလွယ်တကူသယ်ယူရခြင်း၊ ဈေးနှုန်း
ချိုသာခြင်းများကိုကြည့်၍ လက်မှုပစ္စည်းများ
နေရာတွင် ပလတ်စတစ်ပစ္စည်းများကို အစားထိုး
အသုံးပြုလာကြသည်။ လက်မှုအနူပညာရှင်များ
သည်လည်း တစ်ဖြည်းဖြည်း နည်းပါးလာခဲ့သည်။

မြန်မာမှာတော့ အနူပညာလက်ရာများကို ပန်းများ
ဖြင့် တင်စားခေါ်ဝေါ်မှည့်ထားသည်။ ဘုရားမတင်
နတ်မဝင် လူတွင်ပန်းဆယ်မျိုး ဟု မှတ်သား
ခေါ်ဆိုသည့် လက်မှုအနူပညာ ဆယ်မျိုးရှိသည်။

၁.ပန်းပု

၂.ပန်းပွတ်

၃.ပန်းတမော့

၎.ပန်းတဉ်း

၅ပန်းယွန်း

၆.ပန်းပဲ

၇.ပန်းချီ

၈.ပန်းထိမ်

၉.ပန်တော့

၁၀.ပန်းရံ

ပန်းပု…သစ်သား၊ဆင်စွယ်များကိုရုပ်လုံကြွအောင်
ထွင်းထုသည့်ပညာဖြစ်သည်။

ပန်းပွတ်… လိုရာပုံစံ ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ

ပန်းတမော့…ကျောက်သားကို ထုဆစ်သည့်ပညာ
ကျောက်ဆစ်ပညာဟုလည်းခေါ်သည်။
မန္တလေမြို့ မဟာမြတ်မုနိဘုရာကြီး အနောက်စောင်းတန်းတွင် စကျင်ကျောက်များကို
ဘုရားပုံတော်နှင့် အခြားရုပ်ထုများကို ထွင်းထုထားမှုကို
မြင်တွေ့နိုင်သည်။

ပန်းတဉ်း…ကြေးထည်းကို ပုံစံအမျိုးမျိုးသွန်းလုပ်သည့်ပညာဖြစ်သည်။

ပန်းယွန်း…သရိုးဖြင့် ပန်းနှင့်ရုပ်ကြွတင်၍ပြုလုပ်သည်
ယွန်းထည်ပညာဟုလည်းခေါ်သည်။

ပန်းပဲ…သံထည်များကို ထုလုပ်ပုံသွန်းသည့် ပညာဖြစ်သည်။
ပန်းပဲ ကိုတော့ ငယ်စဉ်က ကျွမ်းဝင်ခဲ့သည်
သံကို ကျောက်မီးသွေးများဖြင့်ဖုတ်၍ ရဲရဲနီ
လာသော သံချောင်းတုံးကို အားထဲ့ကာ တူဖြင့်
ထုရိုက်၍ လိုသလိုပုံဖော်အသုံးပြုကြသည်။

ပန်းချီ…ဆေးရေ ခဲရေး ရုပ်ပုံရေးချယ်သည့် ပညာဖြစ်သည်။

ပန်ထိမ်…ရွှေငွေ စသည်တို့ကို လကိတ်တန်ဆာနှင့်
အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို သွန်းထုခတ်လုပ်သည့် ပညာဖြစ်သည်။

ပန်းတော့…အင်္ဂတေ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်း
တင်တန်ဆာပြုလုပ်သော ပညာဖြစ်သည်။

ပန်ရံ…အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်ဆောက်သည့်ပညာဖြစ်သည်။

FB_IMG_1531963811327.jpg
image source

အနူပညာလက်ရာကောင်းများသည် ငြိမ်းချမ်းမှု
အေးချမ်းမှု များရှိမှသာ လက်ရာကောင်းများ
ထွက်ပေါ်လာပါသည်။ သို့ပါသောကြောင့်
မြန်မာပြည်ကြီး ငြိမ်းချမ်း အေးမြပါစေ..
ပန်းများလည်း ပွင့်လန်းပါစေ...။
ပန်းတိုင်း ရွှင်လန်း တင့်ဆန်းစွာ
ပွင့်လန်းစေဖို့ ကမ္ဘာမြေကြီးအေးချမ်းပါစေ
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ.....။

Author @htwegyi
MSC.036

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ငိ ဘယ်​လိုဖြစ်​လည်းမသိ ဒီပို့ဖတ်​မရဘူး ဦး​ထွေး ​လေး​ဒေါင့်​တုံး​​လေး​တွေချည်းဖြစ်​​နေတယ်​😳

အေးဟေ့ ငါလည်း ပုံမှန်ရေးတာပဲ

စာဖတ်မရဘူးဦးထွေး

ဟေး ဒုက္ခပဲ

ငမ်းးးး ဦးထွေး
Screenshot_2018-08-12-15-31-28.png

အဟီး သိတော့ဘူး

ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်

တကယ်ပါ ပြည့်စေချင်ပါသည်။

ပြည့်စေသော်ဝ်

အနုပညာလက်ရာရှင်တွေ ပျောက်သွားတာ နှမြောစရာဦးထွေးရေ မြန်မာနိုင်ငံက ကုန်ကြမ်းဖြ်းတဲ့ သစ်ဝါးပေါပေမဲ့ ပညာရှင်တွေရှားတော့ သူများတွေက ကုပ်သွေးစုပ်သွားကြတယ်

တင်ပါ့ဘုရား ပညာရှင်များတိမ်ကောသွားတာနှမြောစရာ

thank for sharing

ဟုတ်ကဲ့

မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ ဆုတောင်းရုံလောက်ပဲ တတ်နိုင်ပါတယ်လေ နေရာတိုင်းငြိမ်းချမ်းပါစေ

မေတ္တာပိုကြတာပ ကချစ်ရ

https://steemit.com/steempress/@mmunited/introductiontooneuponedownsteemitnetworkingchallenge-p9d6fdxu8k

comment ပေးရင်းvote ပေးရင်းနဲ့ မိတ်ဆွေတွေများလာဖို့ အစီအစဉ်တစ်ခုလုပ်ထားပါတယ် ဘရို

ဟုတ်ကဲ့

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60913.71
ETH 2919.21
USDT 1.00
SBD 3.71