ပုပ္ပါး တောင်မြတ် တောင်ကလပ်ဝယ်

in #myanmar5 years ago (edited)

image

သင်္ကြန်ကာလမှာ သူများတွေလို တရားစခန်းလည်း
မသွားနိုင်၊ ကျုံးဘေးလည်းမသွားနိုင်သေး။
အိမ်မှာ အားမွေးနေရသည်။ ဟင် ဘာဖြစ်လို့ဟု
မေးလာရင်တော့ ခရီးထွက်ရာမှ ပြန်ရောက်လာလို့်ဟု ဖြေရပါမည်။ မှန်ပါသည် သင်္ကြန်အကြိုနေ့
စနေနေ့ မနက် ၅ နာရီမှ မန္တလေး မှ ပုဂံ၊ ညောင်ဦး
နှင့် ပုပ္ပါး သို့ ခရီးသွားခဲ့သည်။ နေပူပူ လေပူပူမှာ
မြန်မာပြည်အလယ်ပိုင်းအပူပိုင်းဒေသသို့
ခရီးသွားခြင်းဖြစ်သည်။ တနင်္ဂနွေ အကျနေ့
မန္တလေး ပြန်ရောက်တော့လူကပင်ပန်းနေပါသည်။ ထို့ကြောင့် သင်္ကြန်လည်ရန်ခေတ္တအားမွေးနေခြင်း
ဖြစ်ပါသည်။

image

image

image

ကိုယ်တွေက ပုံမှန်ဆို တနင်္ဂနွေနေ့ မှာ စာရေးပိုစ့်
တင်သည်။ တနင်္လာနေ့ ပရိုအတွက် အချိန်မီ
မန့်ချပေးနိုင်သည်။ ခုတော့ တနင်္လာနေ့ ပရိုအတွက်
လင့်ချမပေးနိုင်တော့ပေ။ အင်္ဂါနေ့ ပရိုမီအောင်တော့
ရေးတင်ရပါအုံးမည်။ နေပူပူ ရာသီပူမှာ သင်္ကြန်
ရေစို အဝတ်များဖြင့် တစ်နေကုန် နေခဲ့သဖြင့်
စာရေးဖို့ မျက်မှန်တပ် ဖုန်းကြည့်သောအခါ မျက်လုံများက ဝါး၍ ကြည့်မကောင်းပါ။ သို့သော်
စာရေးရမည့်ဟု တွေးကာ ကြိုးစားရေးသည်။
အချိန်ကြာသွားရင် ကိုယ့်ခရီးစဉ် အတွေ့အကြုံလေး
တွေက မေ့သွားမှာ စိုးရပါသည်။

မန္တလေး အမြန်လမ်းမကြီးမှ တံတားဦးသို့ ခွဲထွက်
၍ မြို့သာနှင့် မြင်းခြံမြို့များမှဖြတ်သန်းကာ သွားခဲ့
သည်။ မန္တလေး မှ မြို့သာထိ ရေပက်သူမရှိ၍
ရေမစိုပါ။ မြို့သာ စက်မှုဇုံလမ်းတလျှောက်
မှာတော့ တရုတ်စကားပင်များစိုက်ပျိုးထားသည်။
တရုတ်စကားပင်များကို အစီအရီ တန်း၍
လမ်းဘေးမှာစိုက်ထားသည်။ တရုတ်စကားပင်
များမှာ အရွက်များကြွေ၍ အပွင့်ဖြူများသာ
တစ်ပင်လုံးဖွေးဖွေးဖြူ ပွင့်နေသည်။ မြင်ရသည်မှာ
ကြည့်၍ တစ်မျိုးကောင်းလှသည်။ လမ်းတလျှောက်
မှာ တရုတ်စကားပန်း ရနံ့များက မွှေးပျံ့လှသည်။

image

image

image

မြို့သာမှ ထွက်၍ မြင်းခြံ၊ ပုပ္ပါး တောက်လျှောက်
ရေပက်သဖြင့် စိုလိုက် ခြောက်လိုက်ဖြင့် ပုပ္ပါး
တောင်သို့ရောက်ရှိသည်။ပုပ္ပါးတောင်ခြေတွင်
ပက်လိုက်သည့်ရေက အေး၍ ကားမှာပါသူ
အားလုံး စိုစိုရွှဲကုန်သည်။ ကားက လိုက်ထရပ်
ဖြစ်၍ ဘေးမှာ မိုးကာပိတ်မထားပါ
ထို့ကြောင့် ကားအတွင်းရှိ လူအားလုံး ရေစိုရွှဲ
အဝတ်များဖြင့် ပုပ္ပါးတောင်သို့ တက်ရောက်ကြ
သည်။

ပုပ္ပါးတောင်ခြေတွင် လူတွေ၊ ကားတွေများပြားလှ
သည်။ ကိုယ်လို သူလို အားလပ်ရက် ခရီးသွားတွေ
ပေါချက် ။ ကားအမျိုးမျိုးဖြင့်လာကာ လူတန်းစားမျိုးစုံသည် ပုပ္ပါးတောင်မကြီးပေါ်သို့ တက်ရောက်ကြသည်။ ရေစိုဖြင့် ပုပ္ပါးတောင်ကလပ်သို့ တက်ရာတွင်
လမ်းတဝက်၌ လှေခါးဘေးတဖက်တချက်ကို
သံပန်းများဖြင့်ကာရံထားသည်။ သံပန်းများ
အပြင်မှာတော့ မျောက်တွေက အစာတောင်းနေကြသည်။ မျောက်စာအဖြစ် စက္ကူကတော့လေးများ
အတွင်းထည့်၍ အစာကျွေးကြသည်။

ထိုစက္ကူကတော့အတွင်းမှ အစာကို မျောက်တို့က
မစားပေ။ လူတွေက ဈေးသည်များထံမှ ဝယ်စား
သည့် အစာများကို အလစ်မှာ ဝင်လုစားကြသည်။
ဈေးသည်များထံမှတော့ မလုချေ။ ကျွန်တော်တို့
ငုံးဥဝယ်စားသည့်အခါ ရှေ့မှ ငုံးဥဝယ်စားသည့်
ကလေးမလေးထံမှ ငုံးဥထုတ်ကို မျောက်နှစ်ကောင်က လုစားသွားသည်။ ငုံးဥလုရင်း မျောက်နှစ်ကောင်မှာ တခွီးခွီးဖြင့် ရန်ဖြစ်နေကြသည်။ ကျွန်တော်
လည်း ငုံးဥဝယ်ပြီး ငုံးဥထုတ်ကို ကြွတ်ကြွတ်အိတ်
အတွင်းထည့်ရာ မျောက်တို့က လုရန်လာပြန်သည်။
သူတို့လုတာ ရှေ့မှာမြင်ထားတော့ ငုံးဥတစ်ထုတ်
ကို ပစ်ပေးပြီး သံပန်းရှိရာ သူတို့လွတ်ရာသို့ အမြန်
သွားရတော့သည်။ ဒါတောင် ကိုရွှေမျောက်များက
တဖက်တချက်မှ တစ်ကောင်စီ လိုက်ပါလာသေး
သည်။

image

image

image

ပုပ္ပါးတောင်ကလပ် မတ်စောက်သည့်နေရာတွင်
သံလက်ရမ်းများ ကိုင်တက်ရသည့်နေရာ၌
လူများ၍ တစ်လှမ်းခြင်းလှမ်းကာ နှစ်ဦးစီသာ
တက်ရသည်။ ပုပ္ပားတောင်ပေါ်မှ ကြည့်ရသည့်
ရှု့ခင်းများက လှပပေသည်။ တောင်အောက်
ကားလမ်းကို အပေါ်စီးမှ မြင်ရသည်မှာ ကွေ့
ကောက်သော ကာလမ်းသို့ တက်လာသောကားများကို ကြည့်ရသည့်မှာ အလွန်ကြည့်ကောင်းလှပေ
သည်။ တောင်ပေါ်မှ ပြန်ဆင်းလာသည့်အခါအဖွဲ့ထဲမှ တစ်ဦးက မျောက်ကလေးများကိုဖုန်းဖြင့်
ဓာတ်ပုံရိုက်သည်။ သံပန်းကာရံထား၍
သံပန်းအပေါက်မှ လှမ်း၍ ဓာတ်ပုံရိုက်သည့်အခါ
မျောက်က ဖုန်ကို လှမ်း၍ ယူလေသည်။

”အမလေး ပလုတ်တုတ်”

ပြောဆိုကာ ဖုန်းကို အမြန်သိမ်းလိုက်၍ ကံကောင်း
စွာဖြင့် ဖုန်းပါမသွားခြင်းဖြစ်သည်။ ထို့ကြောင့်
ပုပ္ပါးတောင်ကလပ်တွင် မျောက်များကလုသဖြင့်
သံပန်းများကာရံထားခြင်းဖြစ်ပေမည်။ Steemit
မိတ်ဆွေများလည်း ပုပ္ပါးတောင်ကလပ်သွားမည်ဆိုပါလျှင် မျောက်များကို သတိထားသွားရန်
အသိပေးလိုက်ပါသည်။
နှစ်သစ်မှာ စိတ်နှလုံးရွှင်ပြုံးကြပါစေ.....။

20190413_121120.jpg

image

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

တယ် ဆိုးပါလားဗျ မျောက်တွေက

Posted using Partiko Android

အဟုတ်ဗျို့ လက်တွေ့ကြုံခဲ့ရတာ

တယ် ဆိုးပါလားဗျ မျောက်တွေက။ လူတွေကိုရော ရန်ပြုသေးလား ဦးထွေး

Posted using Partiko Android

အဲ့ဒါတော့မပြောတတ်ဘူး ကားပေါ်မှာပါလာတဲ့
စပျစ်သီး၊ ပန်းသီးတွေ တစ်ခုမှ မကျန်ဘူး ကားဆရာက
တုတ်တစ်ချောင်းနဲ့ ရမ်းမှ မျောက်အုပ်စု ပြေးကြတာ

စည်​ကားလိုက်​တာ...​လူ​တွေကျိတ်​ကျိတ်​တိုးပဲ.....

Posted using Partiko Android

တောင်ပေါ်ရောက်အောင် လူအုပ်စုနဲ့ တဖြည်းဖြည်းချင်းတက်သွားတာ တောင်ထိပ်ရောက်သွားတာပဲ

ကျန်​တဲ့​နေရာ​တွေ​ရောက်​ဖူးပြီး ပုပ္ပါး​တောင်​ကို မ​ရောက်​ဖူး​သေးဘူးဗျာ မသွားဖြစ်​တာ​ပေါ့​လေ

စကားဝါမြေကို တစ်ခေါက်တော့သွားပါအုံးလေ


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks c-squared

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64420.25
ETH 3150.23
USDT 1.00
SBD 3.99