Steemit ရယ် MSC ရယ် နိုင်ငံရေးရယ်

in #myanmar6 years ago (edited)

ယနေ့လခထုတ်ရက် 31-10-2018 ဗုဒ္ဓဟူးနေ့. ဖြစ်သည်။ လစာထုတ်ရက် ရုံး၌ စည်းဝေးပွဲပြုလုပ်
သည်။စည်းဝေးတွင် လမ်းဗိုလ်ကြီး ၆ ဦး မန္တလေး၊ ကျောက်ဆည်၊ နွားထိုးကြီး၊ ပြင်ဦးလွင်၊ ကျောက်မဲ၊လားရှိုးနယ်များမှ တက်ရောက်ကြသည်။ လုပ်ငန်းအုပ်များလည်းပါဝင်သည်။ ရုံးလုပ်ငန်းနှင့် လမ်းပိုင်းဆိုင်ရာပြုပြင်ခြင်းအတွက် စည်းဝေးခေါ်ယူခြင်းဖြစ်သည်။စည်းဝေးပွဲမှာ တောင်ပေါ် ရထားလမ်းများ
ရထားတွဲချော်ကျမှုမဖြစ်စေရေး အတွက်
လမ်းပိုင်းများကောင်းမွန်ရေး လမ်းဗိုလ်များကို
ညွှန်ကြားသည်။ တောင်ပေါ်လမ်းများကောင်းမွန်ပြီး မတော်တဆမှုများလျှော့နည်းစေရန် လိုအပ်ချက်များစာရင်းပြုစုသည်။ တစ်နှစ်အတွင်း ရထားလမ်းချော်မှုများကို စာရင်းပြုစုတင်ပြရသည်။

စည်းဝေးပွဲ ခဏနားစဉ် နေ့လည် ထမင်းစားချိန်မှာ
ဖုန်းဝင်လာသည်။

”ဟယ်လို ”

”ဟယ်လို ကိုထွေးကြီးလား”

”ဟုတ်ပါတယ်”

”ကျွန်တော် ကိုသက်ပါ steemit က ဘော်ဒါ
တွေစုံပြီး ၃၅ လမ်း မစ္စတာချမ်းမှာ မန္တလေး
တွေ့ဆုံပွဲလေးကျင်းပနေကြောင်း သတင်းပို့တာပါ
အဲ့ဒါ လာနိုင်မလား”

image

ရင်ထဲမှာ ဒိန်းကနဲ့ ခုန်သွားပြီ။ ဘော်ဒါတွေ
စုံလာပြီဆို မိုက်မခဲဘဲ၊ ဖန်ခွက်ဆွဲတဲ့ ချစ်စရာ
MSC ဘော်ဒါများပါ။ ကျွန်တော်ဘယ်လိုပြောရမလဲပေါ့နော်။ တကူးတက အထူးတလည်းခေါ်နေတာ
ကျွန်တော်ဘယ်လိုပြောရပါ့။ စည်းဝေးပွဲအတွက်
စာရင်းများပြုလုပ်ရင်း ကွန်ပျူတာခန်းက
ကလေးမလေးများကို စာရိုက်ခိုင်းရင်းနဲ့
ဖုန်းပြောနေရသည်။ ကျွန်တော် မလာနိုင်သည့်
အကြောင်း ပြောရပါသည်။စိတ်မကောင်းဖြစ်
မိပါသည်။ကျွန်တော်ကို အမှတ်တရ မန္တလေးသားများတစ်စုတစ်စည်းနဲ့ခေါ်နေကြတာကို မလာမိတဲ့
အတွက် အနူးအညွတ်တောင်းပန်ပါတယ်။
နောက်များ အတွက်လည်း ထပ်ပြီးအနူးအညွတ်
တောင်းပန်ပါသည်။

စည်းဝေးပွဲပြီးသည့်အခါ လမ်းဗိုလ်များ၏ သူတို့နယ်
လမ်းပိုင်းများတွင် ထည့်သွင်းမည့် ကျောက်၊
ဇလီဖားနှင့် မူလီများစသည့် စာရင်းများကို
နေပြည်တော်ရုံးချုပ်သို့ တောင်းခံပေးရသည်။
ညနေ ၄နာရီအချိန်သို့ရောက်လာသည်။
မန္တလေး ဘူတာကြီးအပေါ်ထပ် Marvel hotel
မှာ မန္တလေးလူထုစကားဝိုင်း ပွဲရှိသည်။ဒီဟောပြောပွဲစကားဝိုင်းကို တက်ရောက်ကြည့်ချင်မိသည်။
”ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ”
ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲကျင်းခြင်းဖြစ်သည်။
၎နာရီကျော်သောအခါ အဆိုပါပွဲသို့တက်ရောက်
ကြည့်ရှုခဲ့သည်။

ပါဝင်ဆွေးနွေးသူများမှာ -

ဆရာညီပုလေး၊

ဦးသိန်းသန်းဦး
တရားလွှတ်တော်ရှေ့နေနှင့်
ဥပဒေအကြံပေး အထက်မြန်မာပြည်
ရှေ့နေများကွန်ယက်

ဒေါ်နန်းထွေးမှုံ
SNLD ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား
လွှတ်တော်ကိုယ်စားလှယ်

ဦးသိန်းထွန်းဦး
ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ
တို့တက်ရောက်ဆွေးနွေးကြသည်။
နိုင်ငံရေးကိုလူတွေစိတ်ဝင်စားလာကြသည်။
နိုင်ငံရေးအကြောင်းများကို စင်အောက်မှပရိသတ်နှင့်
အပြန်အလှန်ဆွေးနွေးကြသည်။ စင်ပေါ်မှ လူ
အချင်းချင်းလဲ ပြောဆိုဆွေးနွေးကြသည်။

image

image

ကျွန်တော်က ဆရာညီပုလေးကို ကြိုက်၍
သွားရောက်နားထောင်ခြင်းဖြစ်သည်။ ဆရာညီ က
ပြောပြီးသွားသလားမသိပါ ကျွန်တော်ကပွဲပြီးကာနီး
မှရောက်ရှိသွားခြင်းဖြစ်သည်။ ဦးသိန်းသန်းဦး
သည် ပွဲသို့နောက်ကျမှရောက်ရှိလာသည်။
ရောက်ရောက်ချင်း ဦးသိန်းသန်းဦးမှ
ပြောချသွားသည့် စကားများသည် ရှေ့နေဖြစ်၍ သူပြောကြားချက်များက နားထောင်ကောင်းလှ
သည်။ ဆရာညီပုလေးက တင်ဆက်သူအဖြစ်သာ
ဆောင်ရွက်သွားသည်။ နိုင်ငံရေးကို ကျွန်တော်တို့အားလုံးစိတ်ဝင်စားကြရပါမည်။

နိုင်ငံရေးစကားဝိုင်းမှ ဆွေးနွေး ပြောဆိုသူများသည်
ကျွမ်းကျင်သော စာပေပညာရှင် နှင့် ပြောတတ်
ဆိုတတ်သောနိုင်ငံရေးသမားဖြစ်၍ တစ်ဦးနှင့်
တစ်ဦး ပညာသားပါပါ ပြောဆိုသွားကြသည်။
တစ်ချက် တစ်ချက်မှာ ပြောဆိုသူများက
ပြောရင်းဆိုရင်း မာန်ပါသွာတတ်သည်။ အောက်မှ
ပရိသတ်များကလည်း လက်ခုပ်တီးအားပေးကြ
သည်။ စည်းဝေးပွဲ တက်ရောက်၍ နိုင်ငံရေး
ဗဟုသုတများ ပိုမိုသိရှိရသည်။

အဲ ကိုဟင်က steemit MSC မှာနိုင်ငံရေးပိုစ့်တွေ
မရေးရဘူးလို့စည်းကမ်းချထားသည်။ သို့သော်
Steemit မှာ ကျွန်တော်တို့စာရေးနေသည်ကပင်
နိုင်ငံရေးပြုလုပ်နေခြင်းဖြစ်သည်။စိုးရိမ်သွားကြသလား မစိုးရိမ်ပါနဲ့လေ။ ကျွန်တော်တို့က နိုင်ငံ
အတွက်ကောင်းတဲ့အရေးတွေ လုပ်ပေးနေကြတာပါ။ နိုင်ငံခြားငွေတွေ ရရှိအောင် စာရေးသားခြင်းဖြင့်
နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာပေး
နေကြတဲ့ Steemit နိုင်ငံရေးသမားများဖြစ်ကြ
သည်။ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်ကြပါ MSC
မိတ်ဆွေအပေါင်းတို့။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

အမှန်‌အတိုင်းေ ပြာရရင်‌ နိုင်‌ငံ‌ရေးအ‌ကြောင်း‌ရေးချင်‌တာ။

ဒီကလဲ ဖတ်ချင်တာ ရှူးတိုးတိုး msc အဖွဲ့သားတွေ မသိစေနဲ့

ဟောပြောပွဲ က ဘားမှ ကြွေးဘူးလား?
နိုင်ငံရေး ကြိုက်ဘူး အစားဘဲ ကြိုက်တယ်

ဘာမှကြွေးဘူး အဲယားကွန်းက အေးလို့ ပြန်ထွက်ခဲ့ရ အကြာကြီးနားမထောင်ခဲ့ရဘူး

ကြွေးရင် လာမို့ အဲ့hotel မှာပွဲဒေ ခဏတိုင်းတက်ဘူးတယ် ဘားမှကြွေးဘူးရယ် ဟ်ဟ်

အောက်ဆင်းခဲ့ပါအေ တို့ရုံးကို လက်ဘက်ရည်တိုက်ပါတယ်
အပူလား အအေးလား မမကြိုက်တာပြော😁

လာဘီ လာဘီ

ကျွန်တော်တို့ က နိုင်ငံသားတွေ ဆိုတော့ ကျွန်တော်တို့ ဘာလုပ်လုပ် နိုင်ငံရေးလုပ်တာပဲလေ။ တကယ်တော့ လူကြီး တွေမလုပ်ခိုင်းတဲ့ နိုင်ငံရေးဆိုတာ က အင်း ပြောတော့ပါဘူးလေ။

Posted using Partiko Android

ဟုတ်တယ် ဗျ ဘာလုပ်လုပ် နိုင်ငံရေးနဲ့ဆက်နွယ်နေတာပ

ဟုတ်​ကဲ့...ဂုဏ်​ယူပါတယ်​MSCမှာစာ​ရေးရတာ....

Posted using Partiko Android

ဟုတ်ကဲ့ပါဗျာ

လူ တိုင်းက နိုင်​ငံ​ရေးနဲ့မကင်းပါဘူး​လေ
လူတိုင်းကို့်​ယ့်​စီးပွား​ရေး ကိုယ်​လုပ်​တယ်​ဆို​ပေမဲ့ နိုင်​ငံအ​ရေး​တွေပါဘဲ အစ္စ​ရေးက​တော့ ပြည်​သူအားလုံးဟာ အလုပ်​က ​တော့ ကိုယ့်​အလုပ်​ကိုယ်​လုပ်​တာ ဒါ​ပေမဲ့ သူတို့စိတ်​မှာ တိုင်းပြည်​အတွက်​အလုပ်​လုပ်​​နေတယ်​လို့ ဘဲစိတ်​ထဲမှာစွဲထားတယ်

အဲ့စိတ်ကလေး မဆိုးဘူးဗျ တိုင်းပြည်အတွက်တဲ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

နိုင်ငံခြားဝင်ငွေရအောင်ရှာနေတဲ့ MSC အဖွဲ့ဝင်ဖြစ်ခွင့်ရတာ ဂုဏ်ယူပါတယ်

အဟီး ဂီဂီ ကပိုပြီးဂုဏ်ထူးဆောင်သူကြီးပါကွယ် 😁

နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်ပါတယ် နိုင်ငံရေးလုပ်မှ နိုင်ငံရေးလို့မဆိုနိုင်ဘူးလို့ ထင်ပါတယ် ။ အိမ်တစ်အိမ်ရဲ့ ကိစ္စအရပ်ရပ်ဟာ အိမ်သားတိုင်းနဲ့သက်ဆိုင်ပါတယ် အဲဒီလိုပဲ ခံယူထားပါတယ် ကိုထွေးကြီးရေ

မှန်ပါတယ် ကိုစိုးရေ

သွားနားထောင်ချင်တာ
အလုပ်တွေများလို့ မသွားခဲ့ရဘူး
ခုလို သူများရှင်းပြတာပဲဖတ်လိုက်တယ် 😁😁

အဟီး နာရှင်းပြတာ သဘောပါတယ်လား 😁

ကျွန်​​တော်​တို့သည်​နိုင်​ငံခြားဝင်​​ငွေရှာသူများ😂

မှန်ပေသည် ဟုတ်ပေသည် 😁

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62772.18
ETH 3032.07
USDT 1.00
SBD 3.67