သီလရှင်ဆရာလေးများနှင့် အမေ

in #myanmar6 years ago

ဥပုသ်နေ့ မရောက်မှီ အဝေးဖိတ် အနီးဖိတ်
ဆိုသည့်ရက်များရှိပါသည်။ ယနေ့ အဝေးဖိတ်
နေ့ ဖြစ်ပါသည်။ အဝေးဖိတ် အနီးဖိတ်နေ့ များတွင်
သီလရှင် ဆရာလေးများကဆွမ်းဆန်အလှူခံလေ့ရှိ ပါသည်။ စစ်ကိုင်းတောင်မှ ဆရာလေးများနှင့် မန္တလေး မြို့ အနီးဝန်းကျင်မှ ဆရာလေးများသည် ကားများဖြင့် စုရပ်ထားရှိပြီး ဆွမ်းဆန်အလှူခံကြ
သည်။

ဥပုသ်နေ့ မသိပါက ဆရာလေးများ အလှူခံလာခြင်းကို ကြည့်ပြီး သိရှိနိုင်ပါသည်။
ယနေ့ အဝေးဖိတ်လား အနီးဖိတ်လား
တွက်ချက်နိုင်ပါသည်။ အလှူခံလာသည့်
ဆရာလေးများမှာ များသောအားဖြင့်
ငယ်ရွယ်သူ အရွယ်ကောင်းသူများဖြစ်သည်။
အသက်အရွယ် ကြီးသောဆရာကြီးများ
အလှူခံ မှုနည်းပါးသွားသည်ကို တွေ့ရှိရပါသည်။

image

သီလရှင်များဆန် အလှူခံ ရာတွင် ၃ နှစ် အရွယ်
ဆရာလေးများပါ ပါရှိသည်ကိုတွေ့ ရပါသည်။
အရွယ်ငယ်လေးများ များစွာပါတတ်ပါသည်။
ဆရာလေးများသည် များသောအားဖြင့် အဖွဲ့ လိုက်
အစုလိုက် ဆန်အလှူခံကြသည်။ တစ်ဦးစ
နှစ်ဦးစ အလှူခံ သည်မှာ အတွေ့ ရနည်းပါသည်။
သီလရှင်အုပ်စု ငယ်ငယ်မူလတန်းအရွယ်လေးများ
အား ဆန်လောင်းလှူလျှင် အသံစာစာများဖြင့်
ဆုပေးသံကို ငထွေးအမေက လွန်စွာသဘောကျ
ပါသည်။ အထက်တန်းအရွယ် ဆရာလေးများအား
ဆန်လောင်းလှူလျှင် အမေကပြောမပြီးတော့ပါ။

”ဆရာလေးတွေနဲ့ အေ ဆုပေးတာများ
ကပ်စေးနည်းချက် ကျယ်ကျယ်နဲ့ 
ကြာကြာလေးများဆိုပေးကြပါတော့လား
ခုတော့ နောက်ကလိုက်လာတဲ့အတိုင်း
ဆိုတာလဲ နုတ်ကမပွင့်တပွင့်အားမရချက်အေ”

ငထွေးအမေနှင့် ဆရာလေးများ အဲ့မှာစတွေ့ ကြပါပြီ။ ငထွေး တို့ တိုက်တန်းများက
အထပ်ငါးထပ် ၁၂ တိုက် ဒီတော့ ပညာရှိဆရာလေးများက သူရို့ အဖွဲ့ ကို အဖွဲ့ 
ခွဲကာဆန်အလှူခံကြပါသည်။ ၂ပါးစီ ၃ပါးစီ ခွဲကာဖြင့် အိမ်ပေါက်စေ့ အလှူခံနိုင်အောင်
သူရို့ အတွက်လဲသက်သာ ဆန်လဲရအောင်စီမံကြ ပါသည်။

image

အိမ်ပေါက်ရောက်ရှိလာသော ဆရာလေး၂ပါး
သည် ”ဒါနဆန်ပါရှင်” အလှူခံရာ အမေက
နို့ဆီ ခွက်ထဲမှဆန်ကို ဇွန်းဖြင့်ခပ်ယူလှူရာတွင်
ဆရာလေးမှ ”ဒကာမကြီး ခုနှစ် ပါး”
ဟုဆိုရာ အမေသည် မည်သို့မျှမပြော
နို့ဆီ ခွက်အတွင်းမှ ပထမ ၂ဇွန်းကို ဇွန်းအပြည့်
လောင်းပြီး နောက်အပါးများအတွက်
ဇွန်းအဖျားလေးတွင် ဆန်ကိုပါယုံမျှလောင်း
လေသည်။

ငထွေးလည်း အမေအခြေအနေကို အသာလေး ကြည့်နေပါသည်။ နောက်တစ်ခါ ဆရာလေး၃ပါး
ဆက်လက်၍ အလှူခံလာပြန်ပါသည်။
”ဒကာမကြီး ၁၂ပါး”
ဟုပြောရာ
”ဆရာလေးတို့  တပည့်တော်က
ဆရာလေးတို့ အားကြည်ညိုပြီး
လှူချင်တာပါ ကျန်တဲ့ဆရာလေးများလဲ
ကြည်ညိုချင်လို့ လာပြီး အလှူခံကြပါစေ”
ပြောကြားလေသည်။

image

ငထွေးမှာ အမေ့ကို မေးရပါတော့သည်
အမေကလည်း စောစောက ဆရာလေးတွေ
လို ဇွန်းနဲ့ နည်းနည်းလျှော့မလောင်းတော့ဘူးလား

”မလောင်းတော့ဘူး သူတို့ အတွက်နဲ့ 
အသက်ကြီးမှ
ငါ
ကုသိုလ်မရ ငရဲရနေမှာ စိုးရသဟေ့”
ပြန်ပြောလေသည်။

image

ခဏနေ တစ်ဖွဲ့ ရောက်လာသည် အမေ အိမ်ထဲဝင်ခိုက်ငထွေးလောင်းလိုက်သည်။ ၅နှစ်အရွယ် ဆရာလေးဦးဆောင်လာပြီး
ဒကာကြီး ၅ပါးပြောလေသည်။
ကျန်တဲ့ ၃ပါး ဘယ်ကြွလဲဆရာလေး မေးလိုက်ရာ

”ဆရာလေးသုံးပါးက အခြားတိုက်အလှူခံကြွတယ် ဆရာလေးတို့ ကတော့ ဒကာကြီး တို့ တိုက်နဲ့ ဟိုဖက်ကတိုက်ကိုကြွဖို့ ခွဲပြီးအလှူခံတာ နို့မို ဒကာကြီးတို့ တိုက်တွေအကုန်လုံးကို အလှူခံပြီးရင်
ညကျ ဆရာလေးတို့ ခြေထောက်တွေ ခဲဆွဲထားသလိုကြီး ဖြစ်နေတာ”

ပြော၍ထွက်ခွာသွားကြလေသည်။
ဆရာလေးပြောသံကို အိမ်ထဲမှ
အမေများ ကြားမလားပေါ့နော်...။

”အမေ့ကြားသလားဗျ…”

”အေး…ကြားသား” တဲ့ ဗျ။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

သြော်..လူဝတ်ကြောင်တွေထဲမှာလဲလဲသာသနာ့ဝန်ထမ်းတွေကိုအချောင်သမားတွေသက်သာတယ်လို့ထင်တယ်။တကယ်ကကိုယ်တိုင်ဝတ်ပြီးကျင့်ကြံအားထုတ်ကြည့်ရင်ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသိရမှာပါ။ဘုန်းကြီးတွေထက် ဖွားသီလရှင်တွေက ပိုခက်ခဲမှာပါကွီးထွေးရေ။ဘာလို့လဲဆို ဆွမ်းကွမ်းပေါတာက ဘုန်းကြီးကျောင်းကပိုပေါလို့ပါ။လူတွေကလဲဘုန်းကြီးကျောင်းပဲကုသိုလ်လုပ်ကြတယ်လေ။ဖွားသီလကျောင်းဆိုမသွားတာများကများသား။

ရိုက်ထ် တော်တယ် အိုင်ဆေး ဇာကြီး
ရှေ့ လျောက် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်မည်ပ

စာသင်​သားအရွယ်​ ကိုရင်​ငယ်​​လေး​တွေ​ရော
သီလရှင်​ငယ်​​လေး​တွေပါ အရမ်းကြပ်​တည်း​ ခက်​ခဲကြတယ်​ ကိုကြီး​ရေ .. တတ်​နိုင်​သ​လောက်​ ဒါနပြုလျှက် ပါဗျ ...

ဟုတ်တယ်ဗျို့  တတ်နိုင်သလောက်လှူကြတာပ

သီလရှင်တို့ သာသနာ့ဝန်ထမ်းဆောင်တာ အင်မတန်ခက်ခဲပါတယ်ဗျာ။ သန့်စင်သော အလှူဒါနလေး တည်ဆောက်လိုက်ပါဗျ။

ကိုယ်တတ်နိုင်သလောက်လှူဒါန်းပါတယ်ဗျာ

ကျေးဇူးပါ

ဟုတ်ကဲ့ပါ

စိတ်မကောင်းဘူး ဦးထွေး

အင်း ဘယ်လိုပြောရပါ့

ဪ...အဲ့ဒီလိုလား
ဒီက ၇ ပါးဆို ၇ ပါးမပါလို့

ဟဝှါလေးရေးထား ပြောထားတယ်လေး
ခြေထောက်ညောင်းလို့ ပါဆို

နို့..သိမှမသိပဲ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဆရာ​လေး​တွေ ဆွမ်းဆန်​ခံကြွလာရင်
အ​ဝေးဖိတ်​နဲ့ အနီးဖိတ်​​နေ့​တွေဆို​တော့
တစ်​ပတ်​မှာ ဆရာ​လေး​တွေဆွမ်းဆန်​ခံရတဲ့ရက်​က ၂ ရက်​ထဲရတာပါလား

၂ရက်ကို ဆန်က သိပ်မရပါဘူးကွယ်

အိမ်မှာအမြဲလှူဒန်းလျှက်ပါ

သာဓုခေါ်ပါတယ်ဗျာ

You got a 100% upvote from @steempowergroup1 courtesy of @htwegyi ! It is a cool free !

Thanks powergroup1

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86