သုည တစ်လုံးရဲ့ ရိုက်ချက်

in #myanmar5 years ago

image

ယနေ့ မနက်အိပ်ရာထတော့ ရာသီကပူ၍ ချွေးထွက်များကာ ချွေးသုတ်၍ ညဝတ်အင်္ကျီလဲလိုက်ရသည်။
ညဝတ်အင်္ကျီမလဲ၍မရ တစ်ကိုယ်လုံးချွေးစော်
နံနေသည်။ မနက်စာစားပြီး ချွေးတိတ်မှရေချိုးမည်ဟု စိတ်ကူးသည်။ မနက်စာစားပြီး ဖုန်းလေးပွတ်
နေသည်။ ဖုန်းပွတ်နေစဉ် ဖုန်းဝင်လာသည်။

”ဟဲလို...”

”အမလေး ဦးထွေးရက်စက်ချက် သေချာ
မကြည့်လိုက်ဘူးလား။ သွားပါပြီ ပလုံပါပြီ။
ဒီတစ်လ ရောင်းရငွေလေးတော့ သွားပါပြီ
ပလုံပါပြီ”

”ဟ..နေစမ်းပါအုံး အေ ညည်းဟာက အရင်းမရှိ
အဖျားမရှိ စောစောစီးစီး ကျုပ်လာပြီး ဘာတွေ
ပါသွားပြီး ဘာတွေ ပလုံနေတာလဲ”

image

”မနေ့က ဦးထွေးကို ဖုန်းငွေဖြည့်ခိုင်းတာလေ
သမီးမအားလို့ မမထားကို ၁၀၀၀၀ကျပ် ဖိုး
ဖုန်းငွေဖြည့်ခိုင်းတာ အဲ့တာ ၁သိန်းကြီးဖြည့်ပေး
လိုက်တာလေ။ အခုမှ သမီးစစ်ကြည့်လို့ သိရတာ”

”ဟေ... .. ဗုဒ္ဓေါ ... ငါက ...
တစ်သိန်းမှားလွဲမိတာ..
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး
ကယ်တော်မူပါ....”

မှန်သည် မနေ့က တူမဖြစ်သူက မအား၍ ကိုယ့်အား
ဖုန်းဘေလ် ဖြည့်ခိုင်းသည်။ မထားက တစ်သောင်း
ဖြည့်နေကျဖြစ်သည်။ ကျွန်တော် ဘာတွေစိတ်ကူး
ပေါက်ပြီး တစ်သောင်းကို တစ်သိန်းဖြစ်အောင်
မှားထည့်မိပါလိမ့်။ MPT ဖုန်းကို ငွေဖြည့်ပေးရခြင်း
ဖြစ်သည်။ mpt ကဖုန်းငွေဖြည့်ရာတွင် သူ့ဆော့
ဝဲလ်လေးနှင့် ငွေဖြည့်ပေးရသည်။ ထိုဆော့ဝဲလ်တွင် ဖုန်းငွေဖြည့်မည့် ငွေပမာဏများကို အလွယ်တကူ
ဖော်ပြထားသည်။ ဒီလောက်လွယ်နေတာ
တောင် ကျနော်က ၁၀၀၀၀ ကို သုညတစ်လုံးတိုး၍ ၁၀၀၀၀၀ တစ်သိန်းမှားကာဖြည့်ပေးလိုက်မိသည်။ ကိုယ့်ဖာသာငွေပမာဏကို လက်နှင့် ရိုက်ရမည်ဆိုပါက မမှားအောင်သေချာစစ်ဆေးမိမည်။ ခုတော့....

image

သာယာနေသော ကိုယ့်မနက်ခင်းလေး သူမဖုန်း
သံကြောင့် ကမ္ဘာပျက်ရလေသည်။ mpt call
Center သို့ဆက်သွယ်ကာမေးမြန်းရသည်။
Call Center သို့ ဖုန်းဆက်သည့်အခါ ညနေ
၆နာရီထိစောင့်ကြည့်ပေးပါ လွှဲပေးပါမည်။
ယနေ့မရလျင် နောက်နေ့ ထပ်၍ဆက်သွယ်ပါဟု
ပြောလေသည်။ ယနေ့ 8-5-2019 တစ်နေ့လုံး
ဖုန်းလက်ကျန်ငွေ စစ်ဆေးသည့်အလုပ်ကို
လုပ်နေရပါတော့မည်။ ငွေဖြည့်သူ မထားထံမှ
ဆက်သွယ်ထုတ်ယူပါက ငွေတစ်သိန်းလွှဲခ
MPT ကိုပေးရမည်။ ထိုငွေတစ်သိန်းကို တူမ
ဖြစ်သူကပြန်ရောင်းပါလျှင်လည်း *223# ဖြင့်
ဖုန်းငွေလွှဲပေးပါရင်လည်း ငွေလွှဲခထပ်ကုန်မည်
ဟုပြောသည်။

အဲ့တော့ mpt call center ရေ ကျုပ်မှားလွှဲမိတဲ့
ဖုန်းငွေကို မြန်မြန်လေးသာ ပြန်ပေးနိုင်အောင်
ဆောင်ရွက်ပေးပါဗျာ။ နို့မို့ ရာသီဥတုကပူ၊
ရင်ထဲကပူနဲ့ မီးလုံးကြီးမျိုထားရသလို
ကျုပ်အဖြစ်ကို ကျုပ်သနားလှချည်းရဲ့။
၆နာရီထိုးလို့ mpt call center ကများ
ငွေပြန်ပို့ပေးပါရင်ဖြင့် ဖျော်ရည်အေးအေးလေး
သောက်ပြီး နေအကျ အပူရှိန်ကျလို့
အေးသွားရင်ဖြင့်။

”မင်းတို့ကိုလည်း အပြစ်မမြင်....
ကိုယ့်ကိုကိုယ်သာ သနားလှချည်းရဲ့ အစဉ်”

ပြောဆိုပြီး သက်ပြင်းချရတော့မှာပါပဲလေ။

ဟုတ်ကဲ့ ကျွန်တော် သက်ပြင်းချလို့ရပါပြီ။
MPT က ညနေ ၃နာရီမှာ မှားလွှဲသည့် ငွေ ၉၀၀၀၀ကျပ်ကို
ပြန်လည်ဖြည့်တင်းပေးပါသည်။ တစ်ချိန်လုံး
Check ဆိုသည့် စာလုံးများပို့ပြီးစစ်သည့်အချိန်
များက ငွေပို့ထားခြင်းမရှိသေးပါ။ ၃နာရီထိုးခါနီး
၂၀၀၀ ဖိုး ဖုန်းငွေဖြည့်ပြီးသည့်အချိန်မှာ ငွေလက်ကျန်မှာ ၉၀၀၀၀ကျပ်ကို ဖြည့်သွင်းပေးထားပြီး
ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါသည်
MPT....။

image

@htwegyi
MSC.036

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Wow ဦးထွေးက ဘေဘောစိပဲ

Posted using Partiko Android

ဝေ့ ကိုဟိန်း မနောက်နဲ့နော့ 😁

ကံကောင်းလို့

Posted using Partiko Android

အဟီး ဟုတ်တယ် ဦးမင်း

ဟားဟား
နာ တောင် wave money တို့ true money တို့ လွဲဖို့ရာတွက်အတွက် ဝန်ထမ်း ထပ်ခေါ်မို့ ဟာ နိ လာလုပ်ပါလား

အို ဂယ်ကြီးလာ ဂလိုဆို လာပြီလေ ဇေယျာရွှေမြေဆီကို 😁

ကျောချမ်း လှပါဘိ သုည တစ်လုံးရယ် :-)

Posted using Partiko Android

ရင်နည်းနည်းလေးပဲ တုန်တာပါဗျာ 😁

ပြန်လွဲပေးလို့တော်တာပေါ့ နောက်များ ဦးထွေးဆီ ဘေဖြည့်ရမယ်ထင်တယ်

ဟယ် ကြာသလားလို့ ဖြည့်ပေးရတာပ 😁

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63822.89
ETH 3083.13
USDT 1.00
SBD 3.99