တကယ်ပြောတာပါ
ခက်တော့ခက်တယ်ဗျာ
ကျုပ်တို့ လူမျိုးကလည်းဈေးဝယ်ရင်
အဆစ်ကလေးရမှ၊ မုန့် ဟင်းငါး သောက်တဲ့အခါမှာလည်း
ဟင်းရည်လေးတောင်းသောက်လိုက်ရမှ
စိတ်ချမ်းသာပြီး ပိုပြီးစားဝင်တဲ့လူမျိုး။
ဒါတွေကိုသိနေတဲ့ စီးပွားရေးသမားတွေ၊
အထူးသဖြင့် ဖုန်းဆက်သွယ်ရေး
ကုမ္ပဏီများသည် အောက်ဖော်ပြပါအတိုင်း
သုံးစွဲသူကိုမြူဆွယ်လာပါတော့သည်။
ခါတိုင်း ၁၈၀၀ကျပ်ဖိုး 1G ဝယ်ရင်
အပို ၉၀၀ကျပ်ရရှိသည်။ ၉၀၀ကျပ်ကို
၃ရက်အတွင်းအသုံးပြုရသည်။
ယခုအခါ 1G ကို ၂၀၀၀ကျပ်နှင့်
အပိုဆုငွေ ၂၀၀% ၃၉၉၈ကျပ်ကို
၃ရက်အတွင်း အသုံးပြုပြီးဝယ်ယူနိုင်ကြောင်း
အကြောင်းကြားစာလေးပို့ လာသည်။
ခါတိုင်းသုံးနေကျထက် ၂၀၀ကျပ် ပဲပိုတာမို့ 
ဝယ်ယူအသုံးပြုလိုက်သည့်အခါ။
ဖော်ပြပါအတိုင်း စာများပေးပို့ ကာ
1G ဝယ်ယူပြီးပါပြီက တစ်စောင်၊ တယ်လီနော ကို
အသုံးပြုသည်အတွက်ကျေးဇူးတင်ကြောင်း
တစ်စောင်၊ အပိုဆုငွေကို ဆက်လက်ပေးပို့ ပါ
မည့်အကြောင်းတစ်စောင် စာအစောင်စောင်သာ
ပို့ နေသည်။ အပိုဆုငွေ ၂၀၀% ၃၉၉၈ကျပ်ကို
ပို့ သည့်စာက ၁နာရီကြာပြီး ယခုစာရေးနေသည့် အချိန်ထိ မပို့သေးပါ။
သူပိုမည့်အချိန်က ဘယ်အချိန်ဖြစ်မည်လဲဆိုတာ
စိတ်ရှည်စွာဖြင့်စောင့်နေပါသည်။ ကိုယ်က သူ့ဟာကို ဝယ်လိုက်မိတာကိုး၊ ၃ရက်အတွင်း
အသုံးပြုရမည့်ငွေကို ၂ရက်ကျော်ည ၁၂နာရီ
အချိန်များပို့နေမလား လို့  စောင့်ကြည့်လိုက်ပါအုံးမည်လို့ ။
ခက်တော့ခက်သားလားကျုပ်တို့ ကလည်း
Promotion ဆို အတော်သဘောကျတာဗျ။
Telenor ကုမ္ပဏီကြီးပဲဆိုတော့ကာ
လိမ်နိုင်လောက်လား မသိပါဘူးလေ။
ဟိုတလောကလည်း ဖုန်းငွေများကို
မတန်တဆဖြတ်တောက်သွားကြောင်း
သတင်းနှင့် မိတ်ဆွေများမှလည်း
ကိုယ်တိုင်ကြုံတွေ့ ရကြောင်းပြောဖူးသည်။
ဒါကို ကိုယ်ကမှ အမှတ်မရှိ သွားဝယ်မိတာကိုး။
12း46 pm က ဝယ်တာ ခု 3း00 နာရီရှိပြီ
အပိုဆုငွေ ၂၀၀% ၃၉၉၈ကျပ်ကို
ရရှိပါပြီစာက
မပို့ သေးဘူးလို့ ။
ကြုံတုန်းကြော်ငြာဝင်အုံးမယ်သိလား။
Promotion ဆို Steemit က MSC ရဲ့ 
Promotion လောက်စိတ်ချမ်းသာ
သဘောကျတာလောက် ရှိကိုမရှိဘူး
သိလား။
တကယ်ပြောတာပါဗျာ။
Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.
ဂျင်းမိသွားသောထွေးကြီး
ဂျင်းမိသလ္လင်ထွေးကြီးပါလို့ 
တယ်လီနောဂျင်းကြီး 😂
ပြောနဲ့ ဆို
Mytek ပြောင်းသုံးလေ ခုချိန်ကတော့ bonus တေ ဘန်းဘောလအော
ပေးနာ
နိုင်ငံရေးပြောတာဟုတ်ဘူး
သုံးဘူး
ကာချုပ်သားဟာဆိုလို့  အခွန်မဆောင်ဘူးလို့ ကြားလို့ 
အသေအချာစောင့်ကြည့်လိုက်ပါအဖြေမှန်သိရပါ့မည်
စောင့်နေပါတယ်လို့ 
This post has received a 0.95 % upvote from @booster thanks to: @htwegyi.
https://steemit.com/myanmar/@chitsone/saon-undefinedngkhyng
https://steemit.com/myanmar/@chitsone/alym-lyngyapng
ဥဥ ဘုတ်ပေး😔😔😔
ခိခိ ဂျင်းနှပ်စားမိတာလား
စပါယ်ရှယ်ဂျင်းပေါ့