တမာရနံ့သင်းတဲ့ မန်းတက္ကသိုလ်ရဲ့ညနေခင်း

in #myanmar6 years ago (edited)

မန္တလေးတက္ကသိုလ်ကြီး မှာ ညနေသင်တန်း ကို
လုပ်သားကောလိပ်လို့ လဲခေါ်ဆိုကြပါတယ်။
မန်းတက္ကသိုလ်ညကျောင်းလဲခေါ်သေးသဗျာ။
အဲ အဲ အဆိုပါ ကျောင်းတော်ကြီးမှာ စာသင်ခဲ့စဉ်
အချိန်များက အဝေးမှ လာရောက်ကျောင်းတက်သူ ဝန်ထမ်းများလည်ရှိပါတယ်။ စစ်ကိုင်း၊ အမရပူရ၊ ပလိပ်၊ တံတားဦး၊ မြစ်ငယ်၊ မတ္တရာနှင့် မန္တလေးမြို့မှာရှိကြတဲ့ ဝန်ထမ်းများ သည် ညကျောင်းမှာ ကျောင်းတက် ကြပါတယ်။

ငထွေး တို့ မန်းလေးသားများက စက်ဘီး ကိုယ်စီဖြင့်ကျောင်းတက်ကြပါတယ်။ အခြား
မန္တလေး မြို့ နဲ့ အနီးပတ်ဝန်းကျင်ဒေသများ
ကတော့ဖြင့် ဒိုင်နာ၊ ဟိုင်းလပ်ကားများဖြင့်
စီးကာ လာရောက်ပြီးကျောင်းတက်ကြပါသည်။
အထူးသဖြင့် စစ်ကိုင်းမှ ကျောင်းတက်သူ
ကျောင်းသူ ကျောင်းသားဦးရေ အလွန်ပဲများပြား
လှပါသည်။ ဒိုင်နာ ကားအစီးရေ ၂၀ စီးခန့် 
စစ်ကိုင်းကားက များလှပါသည်။ စစ်ကိုင်းမှ
ကျောင်းသားများအပြင် ရွာထောင်နှင့် ကောင်းမှုတော်များမှ ကျောင်းသားများလည်
လိုက်ပါကြသည်။

image

image
Photo @htwegyi
ညနေကျောင်းသို့  ငထွေးတို့ စောရောက်လျှင်
ကျောင်းကြီးသည်စည်ကားခြင်း မရှိသေးပါ
စစ်ကိုင်းနှင့် အခြားနေရာများမှ ကျောင်းကားများ
ရောက်ရှိလာပါမှ မန္တလေးတက္ကသိုလ် ညကျောင်းကြီးမှာ လှုပ်ရှား၍ အသက်ဝင်လာ ပါတော့သည်။အဝေးမှကျောင်းကား အသီးသီး ထိုးဆိုက်လာလျှင် ပုရွက်အုံမှ ပုရွက်ဆိတ်များ တိုးထွက်လာသကဲ့သို့ ပင်မကျောင်းဆောင်ကြီး အနီးတွင်ကျောင်းသားများ သည် အရောင်အသွေး စုံလင်စွာ ဖြန့်ကျက်သွားပါ သည်။ ကိုယ့်အတန်း
ဖော် များကို အသီးသီး နူတ်ဆက်ခေါ်၍ အတန်းရှိရာ၊ စားသောက်ဆိုင်များ ရှိရာသွားကြသည်။

ကျောင်းအနောက်ဖက် ရေနီမြောင်းရှိရာ
စားသောက်ဆိုင်တန်းများ၊ ကျောင်းမြောက်ဖက်
ယူနီစန်လက်ဘက်ရည်ဆိုင်သည်ကား အမှတ်ရ
အောင်းမေ့ဖွယ်ကောင်းလှပေသည်။
တမာရနံ့ နှင့် စိန်ပန်းပွင့်နီနီများက
မန်းတက္ကသိုလ်ရဲ့ အမှတ်သညာ
လွမ်းစရာတွေပါလေ။

ငထွေးတို့ ပထမနှစ်စတက်သည့်အချိန်တွင်နေ့ ကျောင်းသားများနှင့် မောင်မယ်သစ်လွင်ပွဲကို အတူစုပေါင်း၍ပြုလုပ်ပါသည်။ ပျော်စရာ အလွန်ကောင်းပါသည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကို ပွဲနှင်းသဘင်ခန်းမ မှာပြုလုပ်ပါသည်။ ကျောင်းသားများကိုယ်တိုင်
ပါဝင်သရုပ်ဆောင်ကာ အငြိမ့်၊ ဦးရွှေရိုး၊ ဒေါ်မိုး
အကများအပြင် ထိုအချိန်က အေးချမ်းမေ
သီချင်းများကခေတ်စားနေသည်။ နေ့  ကျောင်းသူ တစ်ဦးမှ အေးချမ်းမေ၏ သီချင်းဧည့်သည် ကို
သီဆို နေ သည်မှာ နားထောင်ကောင်းလှပါသည်။

အဆောင်ရှေ့ က သီချင်းသံ
တမ်းတနေမိတယ်
ဟိုအရင်အချိန်များ
ဒီလိုညတွေ သူရှိတယ်။

ဟိုအရင်အချိန် မိန်းရဲ့ ညတွေက
တမာရနံ့ သင်းပျံခဲ့တယ် စာသင်ခဲ့ချိန်က
ဆရာ ဆရာမများ၊ သူငယ်ချင်းများ
ကျန်းမာကြပါလေစ။ ငထွေးတို့ ညကျောင်း
အတွက် စာသင်ဆရာမ နည်းပါးပါတယ်။
အဆောင်နေ ဆရာမများသာ လာရောက်ပြီး
သင်ပြတာများပါသည်။ ညနေ နှင့် ညအချိန်များတွင် ငထွေးတို့  မန်းလေးသား
အုပ်စုများက စက်ဘီး ၃ ၄ ၅ စီးဖြင့်
အဆောင်နေ ကိုယ့်စာသင်မည့် ဆရာမ အား
သွားရောက်ခေါ်ခြင်း၊ ကြို ပို့ လုပ်ရသည်မှာ
ပျော်ရွှင်စရာ အမှတ်ရဖွယ်အချိန်များဖြစ်ပါသည်။

image
Photo @htwegyi
နေ့ နှင့် ည ကျောင်းသားများပေါင်း၍ လေ့လာရေး
ခရီးပုဂံသို့ သွားရန် စီစဉ်သောအခါတွင်လည်း
အခန်းနံရံနှင့် သစ်ပင်များတွင် ဇော်ဝင်းထွဋ်၏
မဟာသီချင်းဖြင့်ရေးကာ ကြော်ငြာခဲ့ပါသည်။
ကိုညီထွဋ် ၏ မဟာသီချင်းက ထိုအချိန်တွင်
ရေပန်းစားချိန်ဖြစ်ပါသည်။

image
image credit-original source

အိုဟောင်းလွန်သော နံရံအုတ်ချပ်များ

မြန်မာဟေ့လို့  ဟစ်ကြွေဆဲအားမာန်များ

ရာစုနှစ်အဆက်ဆက် ပုံရိပ်တွေထားခဲ့

ယနေ့ထက် မမေ့နိုင်ခဲ့

ကြီးမြတ်လေသော သမိုင်းကြောင်းများ

ဒီမြေကြီးထက်မှာ ဒါတွေဟာ

တို့ တွေရဲ့ နှလုံးသားဝိဥာဉ်ပဲ.....

ငါ့တို့ အားလုံးရဲ့ ပုဂံ...။

နေ့ ကျောင်းသားများက ပုဂံလေ့လာရေးထွက်ဖို့ 
ကြော်ငြာထားတဲ့ စာသားလေး ဖတ်ရင်းစိတ်ထဲ
လိုက်ပါချင်စိတ်များတဖွားဖွားပေါ်ပေါက်ခဲ့ပါသည်။
ကျောင်းသားဘဝ ရင်ခုန်စိတ်လှုပ်ရှားခဲ့တဲ့
နေ့ ရက်များပါလား။

တမာရနံ့ သင်းသင်း

မန်းတက္ကသိုလ်ရဲ့ ညနေခင်းလေပြေညင်းက

ရင်ခုန်ခဲ့ဖူးသူများအတွက်

အမှတ်တရမှ
တကဲ့ကို အမှတ်တရဖြစ်နေပါတော့သည်။

Author @htwegyi
MSC.036

Sort:  

တမာရနံ့လေးသင်းသင်းမွှေးတဲ့အညာမြေကိုပြန်သတိရနေပြီပေါ့ကွီးထွေးရယ်။ငယ်ဘ၀တွေကိုလွမ်းအောင်လုပ်နေပြီဗျာ။

အောင်သူဇာကြီးဟေ့

ဆွေးတတ်​ .. ​တွေးတတ်​ .. ​ရေးတတ်​ပါ​ပေ့ ကိုကြီး​ရေ .. ပြန်​စဉ်းစားတိုင်း တစ်​ချိန်​က ​ပျော်​စရာ​တွေက ခုချိန်​ လွမ်းစရာ​တွေ ဖြစ်​ခဲ့ ရပြီဗျာ ..

လွမ်းစရာတွေ.. အိမ်ကတစ်ယောက်သိရင် ပြဿနာနော်
😁😁

စိတ်ပျိုပြီး ကိုယ်နုလာသလိုပဲ

ရင်ခုန်သံတောင်ကြားသလားလို့ 😁

ပိုချက် 😁😁

လွမ်းမောဖွယ်ရာအမှတ်တရလေးတေပေါ့

အမှတ်တရလေးပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လွမ်းဆွတ်​ တမ်းတမက်​​မောစရာ အမှတ်​တရပါပဲ

ဟုတ်တယ်ဗျာ တွေးလိုက်တိုင်း ပျော်စရာရင်ခုန်စရာ
အကောင်းဆုံးအချိန်များပါပဲ

ကျောင်းသားဘဝ အမှတ်​တရ​လေး​တွေ

ပြန်လိုချင်တယ် ကျောင်းသားဘဝပေါ့ဗျာ

အဲ့ညနေသင်တန်ူက စစ်ကိုင်းကကားတွေ ရောက်မလာလို့ကတော့ မန်း
တက္ကသိုလ် ကျောင်းဝင်းကြီး တစ်ခုလုံး သရဲခြောက်မှာစိုးရတယ်

ဟုတ်တယ်ဗျို့  သရဲကြောက်လို့ အခန်းထဲကထွက်ဘူး

ကိုကြီးထွေးရေ ဒီတစ်ခါတော့ မန်းတက္ကသိုလ်အကြောင်းကတော့ steemit platformပေါ် ထွေးနေရော ...နော

ဟုတ်ပဗျာ မန်းတက္ကသိုလ်ကြီးက
Steemit မှာ ခန့် ခန့် ကြီး

သီချင်းတောင်ရေးရတယ်

ဒါပေါ့ ဒါပေါ့ လို့ 

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94