ပျားရည်ခွက်မှာ အဆိပ်တွေနဲ့ Honey is poisonous.

in #myanmar5 years ago (edited)

image

”အဟင့်..ဟင့်.. လုပ်နဲ့ဆို..ကွာ....အဟင့်”

”အဟီး..ဟီး..တော်ကွာ..ခစ်..ခစ်..”

အသံများက နားကျိန်းစရာ တဲငယ်ဝါးထရံ
အတွင်းမှ ထွက်လာသော အသံများဖြစ်သည်။
နေ့လည်၊ ညနေခင်းအချိန်များတွင် အများအား
ဖြင့်ကြားနေရတတ်သည်။

ဝန်ထမ်းလိုင်းခန်းများတွင် လိုင်းခန်းကို တဲအဖီချထားခြင်း၊မြေကွက်လပ်တွင် တဲထိုး၍နေခြင်းများ
ကို ဝန်ထမ်းများ၏ ဆွေမျိုးတော်စပ်သူ၊ အမျိုး
မကင်းသူများက လာရောက်နေထိုင်ကြသည်။
လူ ကပြား လိုင်း တန်းလျား ဆိုသည့်အတိုင်း
လူပေါက်သောက် လူစုံဖြစ်ပေသည်။

အဆိုပါအသံထွက်လာသည့် တဲတွင်နေထိုင်သူများမှာ သားအမိနှစ်ယောက်ဖြစ်သည်။ မိခင်ဖြစ်သူက
အသက် (၅၀)ရှိပြီး လောင်းကစားဝါသနာပါသူ
ဖြစ်သည်။ သမီးဖြစ်သူက အသက် (၂၅) နှစ်
ဖြစ်သည်။ သမီးဖြစ်သူက လှပပြီး အလှအပ
အင်မတန်မက်မောသည်။ အလှအပအတွက်
ခန္ဓာကိုယ်နှင့်ရင်းဖို့ ဝန်မလေးပေ။

image

ရည်းစားများကို ထည်လဲ တွဲသည်။ သူမနှင့်
တွဲသူများသည် သူမ၏ဒဏ်ကိုမခံနိုင်၍ ကွဲကုန်
သည်ကများလှပေသည်။ သူမက မမှုပေ
အမေဖြစ်သူကလည် ငွေရလျှင်ပြီးရော
အုပ်ထိန်းမှုမပြုခဲ့ပေ။ သူမသည် ငွေကို
နည်းအမျိုးမျိုးဖြင့်ရှာသည်။ ငွေအသုံးအစွဲ
ကလည်း ကြီးမားလှသည်။ မိန်းကလေးတို့
သဘာဝ ပေါ်ပင်မှန်သမျှ သူ့ခါးရောက်သည်။

သူမ ၏ ဝတ်စားပုံ၊ နေထိုင်ပုံကို လိုင်းခန်းတွင်
နေထိုင်သူ အခြားမိန်းကလေးများက အားကျ
ကြသည်။ သူမ ဝတ်စားပုံကို သဘောကျကာ
အတုခိုးကြသည်။ သူမသည် အတွေ့အကြုံများ
ကာ မိန်းမလည် ဖြစ်လာသည်။ မနူး မနပ်
ကောင်လေးများကို ပစ်မှတ်ထားကာ သားကောင်
ရှာသည်။ တစ်နေ့ တွင် တက္ကသိုလ်ကျောင်းသား
သူဌေးသားလေးတစ်ယောက်ကို သူမအိမ်သို့
ခေါ်လာသည်။

ထိုကောင်လေးတွင် ရွှေဆွဲကြိုး၊ ဟန်းချိန်းနှင့်
ငွေသားများပါလာသည်။

”အမေ သမီးကို မောင်မောင်က မခွဲနိုင်တော့ဘူး
တဲ့ အဲ့ဒါကြောင့် မောင်မောင်ကို သမီးခိုးလာခဲ့
တယ်”

သမီးစကားဆုံးလျှင် အမေဖြစ်သူက အချဉ် တစ်
ကောင်မိလာသည်ကို သိ၍

”ဟေ ဟုတ်လား မောင်မောင် အန်တီတို့ အိမ်မှာ
မင်းသဘောကျ မင်းစိတ်ကြိုက်နေနော် ဘာမှ
အားမနာနဲ့ သိလား”

”အော်သမီးရေ ဒါနဲ့ ထမင်းချက်ဖို့ ဆန်ကုန်နေပြီ
နော်၊ ခုလေးတင် သမီးအဝတ်အစားဖိုးတဲ့ မမနီ
လာတောင်းနေတယ် အမေလည်း ပိုက်ဆံပြတ်နေလို့ တောင်းပန်လိုက်ရတယ်”

”အို ဒုက္ခ ပါပဲ အမေရယ် သမီးလခကလည်း
လကုန်မှရမှာ မောင်မောင်ရေ မင်းမှာရှိရင်
ခဏစိုက်ပေးထားပါလား မမ လခထုတ်ပြီးရင်
ပြန်ပေးမယ်နော် မောင်”

”အို မမရယ် ရပါတယ် ရော့ဒီမှာ ပိုက်ဆံ”

”အားနားစရာကောင်းလိုက်တာ သားမောင်မောင်
ရယ် ကဲ...နေခဲ့ကြအုံးနော် အန်တီအပြင်သွားပြီး
သားတို့ သမီးတို့ စားဖို့ တစ်ခုခု သွားဝယ်လိုက်
အုံးမယ်”

image

အမေနှင့် သမီး အတိုင်အဖောက်ညီစွာ ဇာတ်တိုက်
ထားကြသည့်အလား ထိုကောင်လေး၏ ငွေများကို
ချူကြလေတော့သည်။ မကြာခင်မှာ ထိုတဲအတွင်းမှ
ဇာတ်လမ်းအစမှ အသံများကြားရပါတော့သည်။
အဆိုပါကောင်လေး၏ ငွေများကုန်ဆုံးသွားသည့်အခါ သားအမိနှစ်ယောက်က အတိုင်အဖောက်ညီစွာ
ဖြင့်ကန်ထုတ်လိုက်ကြသည်။

အချိန်တန်တော့ မကောင်းမှုက သူ့ အကုသိုလ်နှင့်
သူလာသည်။ အမေဖြစ်သူက ဖဲဝိုင်းမှာ အဖမ်းခံရ
သည်။ သမီးဖြစ်သူ ကလည်း တရှောင်ရှောင်
နေမကောင်းဖြစ်လာသည်။ တစ်ချိန်တည်းမှာပဲ
အမေနှင့် သမီး တပြိုင်နက်ပျောက်သွားကြလေ
သည်။ သူမတို့သားအမိအနက် အမေဖြစ်သူကို
သီလရှင်ဝတ်လျှက်ဖြင့် တွေ့သူလည်းရှိသည်။
သမီးဖြစ်သူကတော့ လုံးဝမတွေ့ရတော့ပေ။
ဝန်ထမ်းအိမ်ရာလေးသည်လည်း ပုံမှန်အတိုင်း ဆူညံ ပူညံသံများဖြင့် နိစ္စဓူဝလှုပ်ရှားရုန်းကန်
နေလေသည်။ လူငယ်များ၏ ဂီတာတီးသီချင်း
ဆိုသံက လေထဲမှတဆင့်ပျံ့လွင့်လာသည်။

သူများ မျက်ခုံးမွှေးများပေါ် စင်္ကြန်လျှောက်
ချင်သလားဟေ့ အန္တရာယ်တွေသိပ်များတယ်...

ပျားရည်ခွက်မှာ အဆိပ်တွေနဲ့မို့ မင်းကို
စိုးရိမ်လို့......
တားမြစ်ပါရစေကွာ....

မင်းရဲ့ စိတ်ကို ပြုပြင်အုံးဟေ့....
မင်းရဲ့ ဘဝကို ပြင်ဆင်အုံးဟေ့....။

@htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အန္တရာယ်​ပါ....တုပမှု​တွေ၊လှချင်​တာ​တွေများလာ​တော့မ​ကောင်းဘူး...မလုပ်​သင့်​ဘူးဆိုတာမရှိ​တော့ဘူးနဲ့တူပါတယ်​....

Posted using Partiko Android

လှပချင်တဲ့ စိတ်တွေ သူများနဲပြိုင် နိုင်ချင် သာချင်တဲ့စိတ်တွေက လမ်းမှားကို ရောက်စေတာပ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97