မြန်မာပြည်၏ မြေပုံ

in #myanmar6 years ago (edited)

ပဉ္စမတန်းကျောင်းသူတူမက ကျောင်းမှ အိမ်စာ
ပေးလိုက်သည်ထင်ပါသည်။ပေတံတစ်ချောင်း၊
ခဲတံတစ်ချောင်း၊ ခဲဖျက်တစ်ခုဖြင့် အလုပ်ရှုပ်
နေသည်။ခေါင်းကုတ်လိုက်၊ ပေတံဖြင့်တိုင်းလိုက်၊
ခဲဖျက်လိုက်ဖြင့် တော်တော်လေးကို အလှုပ်ရှုပ်
နေရှာသည်။ ကျွန်တော်က သူမ၏ ပုံစံကို
အသာလေးကြည့်နေမိသည်။ ခေါင်းငုံ့ကာ
တကုတ်ကုတ်ရေးဆွဲနေရင် မတတ်နိုင်သည့်
အဆုံးဖြစ်ရော့ထင်ပါသည်ကျွန်တော့်ထံလှည့်ကာ အကူအညီတောင်းပါသည်။

image
image credit

image

”ဦးထွေး”

”ပြောသမီး”

”ဒီနေ့ လေ သမီးတို့ကိုဆရာမက မြန်မာပြည်မြေပုံဆွဲခိုင်းတာသိလား”

”သိဘူးလေ”

”ဟင့် ဦးထွေးကလည်း သမီးကအကောင်းပြောမလို့ဟာ”

”အေးပါကွယ် သမီးစိတ်ညစ်နေလားလို့ စိတ်ပြောင်း
သွားအောင် စ တာပါ ကဲ ပြော ကျွန်တော် ဘာ
အကူညီများပေးရပါမလဲခင်ဗျာ”

”အဲ့ဒါ မြန်မာပြည်မြေပုံဆွဲခိုင်းတာ ဒီဖတ်စာ
စာအုပ်ထဲကအတိုင်း ပေတံနဲ့ တိုင်းပြီး
သမီးကဆွဲတာပဲ ပုံကြီးကတူလဲမတူဘူး
လှလဲမလှဘူး ကြည့်ပေးပါအုံး”

”ကဲ ပြစမ်းပါအုံး ညည်းမြန်မာပြည်မြေပုံ”

ကျွန်တော်က ပန်းချီဆွဲရတာ အင်မတန်ဖျင်းပါသည်။
အထူးသဖြင့် မြေပုံတွေကို ငယ်စဉ်ကကျောင်းမှာ
ဆွဲရသည့်အခါ အတော်ဒုက္ခရောက်ခဲ့ပါသည်။
သို့သော် သူမဆွဲနေသည့် မြန်မာပြည်မြေပုံမှာ
လေးထောင့်ဘောင်အတွင်းမှ စတုရန်းပုံအကွက်
လေးများဖြင့် ဆွဲခိုင်းထားခြင်းဖြစ်သည်။
ပေ၊ လက်မများဖြင့် ပုံကိုလွယ်ကူစွာဆွဲနိုင်ရန်
အတွက် စနစ်တကျမြှားဖြင့်ပြသထားသည်။

ဖတ်စာ စာအုပ်မှာပါသည့်မြေပုံအကွက်ကို ပေတံဖြင့်
တိုင်း၍ဆွဲပါသည်။ အဲ့ မှာ ပြဿနာတက်ပါတော့
သည်။ တူဝရီးနှစ်ယောက် ကြိုးစားပမ်းစားမြေပုံကိုဆွဲကြသည်။ ဖတ်စာ စာအုပ်ပါပုံကို ပေတံဖြင့်
ထောက်တိုင်းသည့်အခါ ၃လက်မ ၆ စိပ်ရှိသည်။
ထိုအတိုင်းအတာ အတိုင်းဆွဲသည့်အခါ မြန်မာပြည် မြေပုံကြီးက ဝဝကြီးဖြစ်နေသည်။ ပိန်လိုက်၊ ဖောင်းလိုက်၊ ချိုင့်လိုက်၊ စောင်းလိုက်ဖြင့် ပဉ္စမတန်း
ကျောင်းသူမှာ ကြိုးစားဆွဲနေသည်။ ဆွဲနေရင်းမှ
တူမဖြစ်သူကမိန့်ကြားလေသည်။

image

image

image

”ကျောင်းက ပေတံနဲ့ ခုပေတံနဲ့ မတူဘူးထင်တယ်”

”ဟေး... ဟုတ်လား ညည်းကျောင်းက ဘာပေတံ
ကြီးပါလိမ့် ၁၂ လက်မ တစ်ပေက ပေတံအားလုံး
အတူတူပါအေ”

ကျွန်တော်လဲ ဖတ်စာ စာအုပ်ကအတိုင်း ဇယားချ
ပေးပြီးဆွဲခိုင်းကြည့်သော်လည်း ဇယားကွက်များက
အဆင်မပြေပါ။

”မဟုတ်သေးပါဘူး တို့တူဝရီး
တစ်ခုခုတော့လွဲနေပါပြီ ပေးပါအုံးကွယ်
မင်းဖတ်စာ စာအုပ်”

စာအုပ်တောင်းကာ သေချာကြည့်မိတော့မှ
မြေပုံဘောင်ကွပ်ထားသည့် အလျားက ၃လက်မ
ဒေါင်းလိုက်က ၆လက်မ ၇စိပ်ရေးပြထားသည့်
မြေပုံနောက်တစ်ပုံကိုတွေ့ရသည်။ အလျားအကွက်
၂စိပ်ကို ၁လက်မခွဲစီထားကာစိပ်သည်။ ဒေါင်လိုက်
အကွက်ကို ထိပ်ဆုံး ပထမအကွက်အား လက်မဝက်ထား၍ ကျန်အကွက်များကို အောက်သို့ ၁လက်မစီ
စိပ်၍ အကွက်ချသွားရသည်။

အထက်ဖော်ပြပါအတိုင်း မြေပုံဘောင်အကွက်ချ
ပေးလိုက်သည့်အခါ သူမသည် ခေါင်းမဖော်တော့ပဲ
အစက်ကလေးများချ၍စတင်ဆွဲလေသည်။
နောက်တစ်ပုံဆွဲရာမှာတော့ သူမသည် သီချင်း
တအေးအေးဖြင့်ဆိုကာ မြန်မာပြည် မြေပုံကို
လွယ်ကူစွာဆွဲနေလေတော့သည်။

ကဲ....မြန်မာပြည် မြေပုံလှလှလေးတည်မြဲဖို့အရေး
ငြိမ်းချမ်းရေး ဆွေးနွေး သူအပေါင်းတို့က
ငြိမ်းချမ်းညီညွတ်စွာဆွေးနွေးနိုင်ကြပါစေ....။

ခွဲထွက်ချင်ကြသတဲ့လား
စည်းလုံးခြင်းအတွက်
ပင်ပန်းခံ ကြိုးစားခဲ့တဲ့
သူတွေကိုမှ အားမနာ
ပြောတတ်လိုက်ကြတာ
နုတ်ဖျားက အလွယ်စကား။
ခင်ဗျားတို့မို့ ပြောထွက်ကြပါရဲ့။

ခင်ဗျားကြီးတို့်
ကြပ်ကြပ်သာပြောကြ
ခွဲထွက်မယ် ခွဲထွက်မယ်လို့
ခင်ဗျားတို့အသံကြားမိမှဖြင့်
မြန်မာပြည်
မြေပုံဆွဲကြတဲ့ကလေးတွေ
မြန်မာပြည်မြေပုံကြီးဆွဲတာ
ပိန်လိုက် ဖောင်းလိုက်
ချိုင့်လိုက် စောင်းလိုက်နဲ့
ချိုင့်ကြီးတွေကိုဖြစ်လို့
ခင်ဗျာတို့ သတိထားကာသာဆွေးနွေးကြပါပေါ့။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ဘာ့ကြောင့်မြန်မာပြည်မြေပုံကလှမန်းမသိဘူး။

မြန်မာပြည်ရဲ့ မြေပုံဖြစ်နေလို့ဗျ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ကိုဒေ တုန်းကလည်း ပိန်လိုက်ဖောင်းလိုက် ဆွဲလာခဲ့တာဘဲ လေ

ပိန် ဖောင်းရင်မှ ရှည်မျှောလေးလှလာတာပေါ့ဗျာ

မြေပုံဆွဲကာစကအချိုးမကျခဲ့ပါဘူး

ငယ်က အတော်ဆွဲယူရသဗျို့
မြန်မာပြည်လေးလှဖို့

ေ ရးတတ်‌ပါ့ဗျာ။ စည်းစနစ်‌‌လေးမှန်‌ဘို့ လိုတာ‌ပေါ့‌နော်‌။ဘာအ‌ရေး‌လည်း‌တော့မသိ။

စည်း စနစ်မှန်သွားရင် ဂွတ်သွာပြီးပေါ့ဗျာ

ဟုတ်ပါတယ် ငယ်တုန်းက မြန်မာပြည်မြေပုံဆွဲရင် ပိန်လိုက် ဖောင်းလိုက် ဖြစ်ခဲ့တာလေး အမှတ်ရတယ်ဗျာ။နည်းစနစ်မှန်သွားတဲ့အခါ ကောင်းမွန်လှပအောင်ဆွဲသွားနိုင်တာပေါ့။

ဟုတ်တယ်ဗျိွု့ကျွန်တော်တို့တုန်းက ဒီနည်းလေးမရှိခဲ့လို့ အတော်ဆွဲယူရတယ်ဗျာ

နိုင်ငံရေးတွေ နိုင်ငံရေးတွေ ဂွတ်ထယ်ဗျာ😁

Posted using Partiko Android

ရှူးတိုးတိုး နိုင်ငံရေး ရေးရဘူးတဲ့ ဦးဟင်ရဲ့msc
မှာ တိတ်တိတ်နေ

အဲ ကိုထွေးကြီး မြေပုံက သစ်တောကြီးတွေလည်းပါဘူး ရတနာတွေပေါတဲ့မြေလည်းပါဘူး အဲဒါတွေဘယ်ရောက်သွားတာတုံးဗျ ☺

အေပါဆို ကိုစိုးရ ဘယ်ပျောက် ဘယ်ရောက်သွားပါလိမ့်
ဗလာ ဗလာကြီးကို ဖြစ်လို့

ဆရာ​ရေးတဲ့စာ​တွေက ဘာအ​​ကြောင်း​ရေး​ရေး ဝထ္ထုတပုဒ်​ ဖတ်​ရသလိုဘဲ ​တော်​လိုက်​ထာ

မမြောက်နဲ့နော် တိုက်က ထိပ်ဆုံးမှာနေတာ မိုးရွာရင်
မိုးကမလုံချင်ဘူးရယ် 😁

ခွဲထွက်မယ်လို့ကြားမိရင် ဗိုလ်ချုပ် မျက်နှာပြေးမြင်မိတယ်
ဘယ်လိုဖြစ်နေမလဲပေါ့။

တော်သေး ဗိုလ်ချုပ်မျက်နှာမြင်ပေလို့
OG မျက်နှာမမြင်ရလို့ 😁

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63814.67
ETH 3194.20
USDT 1.00
SBD 3.90