သင်ကြားလေ့လာခဲ့မိသောဘဝသင်ခန်းစာများ-1

in #myanmar6 years ago (edited)

(၃.၃.၂၀၁၈)စနေနေ့ပေါ့။
ကျနော်တို့ကျောင်း(W.Y.T.U)မှာဗုဒ္ဓါဘာသာမိသားစုအသင်းက
ဦးဆောင်စီစဉ်ပီးတော့
YDPဆိုတဲ့သင်တန်းလေးကိုဖွင့်လှစ်သင်ကြားပေးခဲ့တဲ့နေ့ပေါ့။
YDPဆိုတာဘာလဲ?YDPဆိုတာ"Youth Development Program"ပါ။အနာဂတ်မြန်မာနိုင်ငံတော်အတွက်နိုင်ငံသားကောင်းများ၊
သားသမီးကောင်းများဖြစ်လာစေရန်
စိတ်ဓာတ်ပိုင်း၊နှလုံးသားပိုင်း၊အမူအရာပိုင်းဆိုင်ရာမွေးမြူထုတ်ယူပေးနေသောသင်တန်းဆိုလည်းမမှားပါဘူး။
image
တစ်နိုင်ငံလုံးအနံ့YDPသင်တန်းပေါင်း(၁၃၈)အထိဖွင့်လှစ်ဝေမျှခဲ့ပြီးတဲ့အနက်
ကျနော်တက်ရောက်ခဲ့ရသောတန်းခွဲကတော့
YGN-Batch-33ဘဲဖြစ်ပါတယ်။
ဒီသင်တန်းကို ဆရာမကြီးဒေါ်ဆွေဆွေလှိုင်က ၂၀၀၇ခုနှစ်ကစပြီးကိုယ်အိတ်ကိုယ်စိုက်ကာ
စေတနာမေတ္တာ
အပြည့်ဖြင့်နိုင်ငံသားကောင်းသမီးကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့်ကိုယ်ထူကိုယ်ထသင်ကြားခဲ့ရာ
ယခုဆိုရင်ဖြင့်၁၀နှစ်ပင်ကျော်လာခဲ့ပါပြီ။

ကျနောတက်ရောက်ခဲ့ရသောYGN-Batch-33ဟာဆိုရင်ဖြင့်
(၃.၃.၂၀၁၈)ကစပြီး(၅.၃.၂၀၁၈) အထိ
နာရီပေါင်း၂၀တက်ရောက်
သင်ယူလေ့လာခဲ့ရပါတယ်။ ဒီနာရီပေါင်း(၂၀)၃ရက်တာကာလ အတွင်းဘာတွေလေ့လာသင်ကြားခဲ့ရတယ်၊ဘာသင်ခန်းစာတွေရခဲ့တယ်၊ဘဝအတွက်ဘာတွေပြောင်းလဲခဲ့သလဲ ဆိုတာကိုကျနော် ပြန်လည်ဝေမျှသွားချင်ပါတယ်။

(၃.၃.၂၀၁၈)။
စနေနေ့။
သင်တန်းမဖွင့်ခင်
ကျနော့စိတ်တွေအရမ်း လှုပ်ရှားနေခဲ့တယ်။
ဘာကိုကြောက်မှန်းမသိ ကြောက်နေခဲ့မိတယ်။သင်တန်းမစခင်အချိန်အထိပေါ့။ သို့ပေမယ့် အဲစိတ်တွေအကုန်ဟာ
ဆရာမကြီးရောက်လာပြီးသင်တန်း စဖွင့်တာနဲ့အတူ ကြောက်စိတ်၊ရှက်ရွံ့စိတ်တွေရဲ့ တစ်ဝက်လောက် ကတန်းပျောက်သွားခဲ့တယ်။
ဆရာမကြီးက စသင်တာနဲ့ဘာပြောလဲသိလား။
"ကဲသားတို့သမီးတို့ လွတ်လွတ်လပ်လပ်နေကြ။ဆရာမဆိုပြီးလန့်မနေနဲ့။နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့အမေတစ်ယောက်၊ အမတစ်ယောက်လို သဘောထားပြီး စိတ်ပေါ့ပေါ့ပါးပါးနေကြ" တဲ့။တခြားသူ တွေအတွက်တော့မသိဘူး။ ကျနော့လို လူကြောက်ရောဂါရှိသူအဖို့ လူကြောက်ရောဂါက ဆရာမကြီးရဲ့နွေးထွေးတဲ့ စကားတွေနဲ့အတူ တစ်ဝက်ဟာယူပစ်သလို ပျောက်ခဲ့ရတယ်။

သင်တန်းရဲ့အစကို Teachel MayကTeachel Sweရဲ့ဘဝသမိုင်းနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဒီYDPသင်တန်းကို
Teachel Sweကဦးဆောင်၍
Teachel May,Teachel Thinzar,
Teachel Shwe Yiတို့နှင့်အတူလက်တွဲ ပို့ချခဲ့ကြပါတယ်။

စတင်ရရှိခဲ့တဲ့ သင်ခန်းစာက ကျနော့အတွက်တော့ အကြောက်တရားကို ဖယ်ရှားပြီး လူအလည်မှာကတိပေးရခြင်း ဘဲဖြစ်ပါတယ်။

Teachel Swe ကအရင်ဆုံး Uneffective Introductionသင်ခန်းစာကိုပို့ခိခဲ့ပါတယ်။
ဘာလို့Uneffective Introductionလို့ခေါ်လဲ။
Introduction ဆိုတဲ့အတိုင်းမိတ်ဆက်ချင်းပေါ့။ တက်ရောက်လာတဲ့ အကိုတွေအမတွေအကုန်လုံး
အပြန်အလှန်မိတ်ဆက်ရတာပေါ့။
ရိုးရိုးမိတ်ဆက်တာမဟုတ်ဘူးနော်။ အမူ အရာနဲ့မိတ်ဆက်ရတာ။တစ်ယောက်အမူအရာကိုတစ်ယောက်ကအတူလိုက်လုပ်၍မိတ်ဆက်ရတယ်။
အဲအတူ လိုက်လုပ်တဲ့တစ်ယောက်က ကျန်တစ်ယောက်ကို သူ့ကိုယ်ပိုင်အမူအရာနဲ့ထပ်မိတ်ဆက်ရတယ်ဗျာ။အမူအရာထပ်လို့မရဘူး။ထပ်ရင်နေ့လည် ကော်ဖီBreakမှာကော်ဖီမရဘူးတဲ့။စိတ်လှုပ်ရှားမှုနဲ့ အတူ ဘာအမူအရာလုပ်ရကောင်းမလဲစဉ်းစားရင်း
အဲသင်ခန်းစာကိုစတင်သင်ယူခဲ့ရတယ်။ Uneffectiveလို့ခေါ်ရတဲ့ အကြောင်းအရင်းက
ဘာအမူအရာလုပ်ရမလဲဆိုတဲ့ အပေါ်သာအာရုံရောက်နေကျ တဲ့အတွက်
ကိုယ်နဲ့မိတ်ဆက်တဲ့ သူငယ်ချင်းအကြောင်းကိုခေါင်းထဲမဝင်ကြတော့လို့ပါ။
လူဆိုတဲ့အမျိုးက လုပ်ရမယ်ဆိုအဲတာကိုဘဲ အာရုံစိုက်ကြတာလေ။ဘာလို့လုပ်ရလဲ။ဘာက အရေးကြီးလဲဆိုတာကိုမေ့နေကြတယ်။
ဒီသင်ခန်းစာကအဲလိုဘဲဗျ။
မိတ်ဆက်ချင်းဆိုတဲ့ အလုပ်ကိုအမူအရာနဲ့လုပ်ခိုင်းလို့ လုပ်ရမယ်ဆိုတဲ့ အမူအရာအပေါ်သာ အာရုံရောက်နေကြပြီး လုပ်ခိုင်းရခြင်း ရည်ရွယ်ချက်ဖြစ်တဲ့သူငယ်ချင်းအသစ်ရဲ့အကြောင်းကိုမေ့နေကြတယ်လေ။
စစခြင်းသိခဲ့ရတဲ့သင်ခန်းစာပေါ့။

အဲဒီနောက်မှာတော့ ဆရာမကြီးက
ကျနော့ရဲ့ကျန်ရှိနေတဲ့ 50%သော အကြောက်တရားတွေထဲ ကမှ၂၀%ကို သင်ခန်းစာတစ်ခုနဲ့အတူ ထပ်ဖယ်ရှားခဲ့တယ်ဗျာ။အဲသင်ခန်းစာရဲ့
ခေါင်းစဉ်ကို ကျနော့်အမြင်နဲ့ပြောရရင်
"ဘဝလှေကြီး"ပေါ့ဗျာ။ ဆရာမကြီး၊ဆရာမကြီးနဲ့အတူပို့ချပေးမယ့်ဆရာမ တွေကCaptain၊ ကျနော်တို့က သဘောင်္သားလေးတွေပေါ့။
အရင်ဆုံးဆရာမကြီးက သူ့ရဲ့Goal ကိုပြောပြတယ်။
အဲGoalကတော့ ဒီသင်တန်းသူသင်တန်းသား အားလုံးကို 8 (Q)တိုးတက်အောင်သင်ပေးဖို့ပါဘဲ။
8(Q)ဆိုတာဘဲ?
1.Intelligent Quotient
2.Emotional Quotient
3.Physical Quotient
4.Moral Quotient
5.Creative Quotient
6.Spiritual Quotient
7.Financial Quotient
8.Analytical Quotient
တို့ဘဲဖြစ်ပါတယ်။
ပြီးတော့အဲGoalကိုမရောက်အောင် ဆရာမကြီးကို တားဆီးမဲ့Obstacles တွေကို ပြောပြ၍ဒီ၃ရက်အတွင်း ဖယ်ရှားထားမယ်လို့ကတိပေးခဲ့ပါတယ်။
ထို့နောက်မှာတော့"Determined Action"ဖြစ်တဲ့
1.Mind-full listening
(ကျနော်တို့ရဲ့ အတွေးအမြင်တွေ၊စကားတွေကို လေးလေးစားစားနားထောင်ပေးပါ့မယ်လို့ကတိပေးခဲ့ပါတယ်)
2.Life Lesson
3.Physical/Mental Support
(တစ်ယောက်ချင်းစီအတွက်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာရော၊ကိုယ်ပိုင်းဆိုင်ရာပါ ကူညီပေးပါ့မယ်လို့လည်းကတိပေးခဲ့ပါတယ်။စိတ်ပိုင်းဆိုင်ရာဆိုတာ စိတ်ပိုင်းအားနည်းနေရင်ဖြစ်ဖြစ်၊ကိုယ်ပိုင်းဆိုင်ရာဆိုတော့ တက်ရောက်နေစဉ်အတွင်း မကျန်းမာရင်နေမကောင်းရင် ဖြစ်ဖြစ်လို့ဆိုလိုပါတယ်)
ဤ၃ချက်ကို လုပ်ဆောင်ပေးပါမည်ဟူ၍
ကတိပေးခဲ့ပါတယ်။

ဆရာမကြီးရဲ့
Goal
Obstacles
Determined Actionတွေပြီးတော့
ကျနော်တို့ သင်တန်းသူ သင်တန်းသားဘက်ကလည်း အဲ၃ချက်ကိုစာရွက်တစ်ရွက်စီရေး၍ အားလုံးရှေ့မှာ ကတိပေးခဲ့ကြရပါတယ်။
"Goal"ဆိုတာ ကျနော်တို့ခရီးထွက်ခွာရာတွင် စီးနင်းမဲ့ သဘောင်္ရဲ့ရွက်တွေ။
"Obstacles"တွေကိုပင်လယ် ထဲမြှုပ်လိုက်ပြီးတော့ "Determined Action"ဆိုတဲ့သဘောင်္ လောင်စာတွေနဲ့အတူ ကျနော်တို့ သင်္ဘောကြီးကို စတင်ခုတ်မောင်းခဲ့ကြပါတယ်။

အားလုံးမှာDreamဆိုတာရှိကြပါတယ်။
မိတ်ဆွေတွေDreamကိုအမှန်ဖြစ်လာအောင်ဘယ်လိုကြိုးစားကြမလဲ?
အများဆုံးစဉ်းစားမိတာ Plan,Timeတွေဘဲဖြစ်ပါတယ်။
အဲဒါမှားနေတယ်။
Dreamဆိုတဲ့ Goalကိုကြိုးစားရာမှာ
အနှောင့်အယှက်ဒုက္ခပေးမဲ့ Obstaclesတွေကို ဦးဆုံးစဉ်းစားပါ။
ပြီးတော့တိကျသေချာစွာလုပ်မယ်ဆိုတဲ့ "Determined Actions"တွေကို ကိုယ့်ကိုယ်ကိုသေချာကတိပေးရမှာပါ။
Goalနဲ့ရွက်လွှင့်။Obsatclesတွေကိုပင်လယ်ထဲနှစ်။"Determined Actions"ဆိုတဲ့ လောင်စာကြီးနဲ့အတူ
မိတ်ဆွေတို့ရဲ့ သဘောင်္ကြီးကို စတင်ခုတ်မောင်း လိုက်ကြပါတော့.........

ဆက်ရန်...........
ကျေးဇူးတင်ခြင်းများစွာဖြင့်
@hzerok
MSC-121
Photos from Facebook

Sort:  

မင်္ဂလာပါ ခင်ဗျ ကျွန်တော်မောင်သာအေး ပို့စ်ကွန်မန့်ဘုစမ်းသပ်နေခြင်းဖြစ်ပါသည်ခင်ဗျာ ပို့စ်နှင့်မသက်ဆိုင်သောကွန်မန့်အတွက်နားလည်ခွင့်လွတ်ကြပါခင်ဗျ Tanks

ပျော်ရွှင်ဖွယ်ကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ သင်တန်းဖြစ်ခဲ့မယ် ထင်ပါတယ်ဗျ

အရမ်းပျော်ဖို့ကောင်းပီး
ဗဟုသုတတွေအများကြီးရလိုက်တာဗျာ
အဲဗဟုသုတတွေကိုပြန်လည်ဝေမျှပေးသွားပါ့မယ်

မျော်​​နေမယ်​ဘဒို.အား​ပေ​နေတယ်

ကျေးဇူးပါဗျာ
ရခဲ့တဲ့ဗဟုသုတတွေကိုထပ်မံshareပေးသွားပါ့မယ်

နောက်ဆုံးချိန်ထိ လေ့လာသင်ယူကြရမှာပါ

မှန်တာပေါ့ဗျာ

အသိပညာတိုးစေပါတယ်ညီ

အခုလိုကြားရတာဝမ်းမြောက်မိပါတယ်ဗျာ

အိမ်​မက်​တိုင်းကိုအ​ကောင်​ထည်​​ဖော်​နိုင်​ပါ​စေ

Friလည်းအကောင်ထည်ဖော်နိုင်ပါစေဗျာ

တင်‌ ပြ ပုံ ‌ကောင်းတယ်‌ဗျာ။

အခုလိုကြားရတာဝမ်းမြောက်မိတယ်ပါတယ်ဗျာ

ဆက်​ရန်​ကို ​စောင့်​​မျှော်​​နေမယ်

မကြာမီလာမည်မျှော်
ဟီး

ဆက်​အား​ပေးပါ့မယ်​...ဗဟုသုတရပါတယ်​.. .

ကျေးဇူးပါအမရေ
ဗဟုသုတတွေတကယ်ရကြပါစေလို့မျှော်လင့်ပါတယ်ဗျာ

Goal ကို အမြန်ရောက်ပါစေခွယ်😁😁

မမလည်းအတူတူပါဘဲ
အမြန်ရောက်ပါစေဗျာ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61367.99
ETH 2929.04
USDT 1.00
SBD 3.67