ဘဝအတွက်

in #myanmar6 years ago

4652505837_70c96c1f32_b.jpg
အပြိုင်​အဆိုင်​​ အတို​က်​အခိုက်​​တွေများလှသည့်​ ဤ​လောကလူ​ဘောင်​မှာ တစ်​ဦး​ပေါ်တစ်​ဦး တစ်​​ယောက်​​ပေါ်တစ်​​ယောက်​​ အညှိုးအ​တေး​တွေ၊ မနာလိုမရှူ့စိတ်​​တွေထားကြရင်း ​ရှင်​သန်​​နေထိုင်​​နေကြ​ပေသည်​။

အသိုင်းအဝိုင်း​​တစ်​ခု အဖွဲ့အစည်းတစ်​ခုအတွင်းမှာ တစ်​ဦးတစ်​​ယောက်​ဟာ ထူးခြား​ပြောင်​​​မြောက်​စွာ တိုးတက်​​အောင်​မြင်​လာပြီဆိုလျှင်​ ထိုအသိုင်းအဝိုင်း၊ အဖွဲ့အစည်း​အတွင်းရှိ အခြားသူ​တွေသည်​ ထိုသူ့ကို အလိုလို​နေရင်း အမြင်​မကြည်​​ပဲဖြစ်​လာ​ကြသည်​။ အဲ့ဒါဟာ မနာလိုသည့်​စိတ်​​ကြောင့်​သာဖြစ်​ပါသည်​။ ထိုမနာလို စိတ်​သည်​ လူအ​တော်​များများမှရှိတတ်​ကြပါသည်​။

"မနာလိုမရှူ့ စိတ်​ရှိတဲ့သူ​​တွေဟာ သူတို့မနာလိုတဲ့သူတစ်ဦးဦး​​ ဒုက္ခ​ရောက်​ပြီ၊ အခက်​အခဲ​တွေ့ပြီဆိုလျှင်​ အလိုလို​နေရင်း ဝမ်းသာ​နေတတ်ြ​ကသည်​"။

လူအ​တော်​များများဟာ ကို​ယ့်ထက်ချမ်း​​​သာတဲ့သူ၊ ကိုယ့်​ထက်​ထူးချွန်​တဲ့သူ၊ ကိုယ့်​ထက်ပြည့်​စုံတဲ့သူ​တွေကိုပဲ ကြည့်​တတ်​ကြ​​ပေသည်​။ ထိုသို့ အမြင့်​​တွေကို​ကြည့်​ရင်းကြည့်​ရင်းက​နေပဲ အဲ့ဒီ မနာလိုစိတ်​​တွေ၊ မရှူစိတ်​​တွေ ဝင်​လာကြခြင်းဖြစ်​​ပေသည်​။ အမြဲတမ်း အ​ပေါ်ကိုပဲကြည့်​မ​နေသင့်​ပါဘူး။ တစ်​ခါတစ်​​လေ ​အောက်​ကိုလည်း ငုံ့ကြည့်​သင့်​ပါတယ်​။
ကိုယ်​ထက်​နို​မ့်​ကျတဲ့သူ​တွေ၊ မရှိဆင်းရဲသား​တွေ၊ မပြည့်​စုံသူ​တွေကိုပဲ ကြည့်​ပါ​။ ထိုကဲ့သို့ နိုမ့်​ပါးသူ​တွေ၊ သူဆင်းရဲ​တွေကိုကြည့်​မှသာ ကိုယ့်​မှာရှိတယ့်​ အရာ​တွေကို တန်​ဖိုးထားတတ်​လာ​ပေမည်​။

မိမိပိုင်ဆိုင်ရရှိထား​​သည့်​ အရာ​တွေကို တန်​ဖိုးထားတတ်​လာမှ မိမိရှင်​သန်​ရာ ဘဝအ​ခြေအ​နေမှာ ​ပျော်​ရွှင်​​ကျေနပ်​စွာ ​နေထိုင်​လာတတ်​​ပေမည်​။

ဘဝမှာ ​ပျော်​ရွှင်​စွာ​နေထိုင်​​ဖို့ဆို အ​ကောင်းဆုံး​တွေကို ပိုင်​ဆိုင်​ထားဖို့ မလိုပါဘူး။ မိမိမှာရှိသည့်​ အရာ​တွေကိုအ​ကောင်းဆုံး​တွေဟု သတ်​မှတ်​ပြီး​သာ နေထိုင်​လိုက်​ပါ။ သင်​​ပျော်​ရွှင်​ရပါလိမ့်​မည်​။
Author By Jhon
MSC-046
Photo By Google Image

Sort:  

ရေးထားတာကောင်းတယ်ဗျာ

ဟုတ်​ ကိုမြင့်

ရေးထားတာကောင်းပါပေ့ဗျာ

ဟုတ်​ကဲ့ ဗိုလ်​ကြီး

ရည်မှန်းချက်ပန်းတိုင်ရယ်။ရောက်အောင်သွားမယ်ဆိုတဲ့စိတ်ရယ်ရှိရင် အနှောက်အယှက်အဟန်အတားဆိုတာ အသေးအဖွဲပါ

ဟုတ်​ကဲ့ ဦး

သူ့ထက်သာ မနာလိုတက်ကျတာ လူ့ သဘာဝလို့ဆိုမလား ရှိတာလေးနဲ့ တင်းတိမ်ပြီး နေတက်ရင် ဘဝဆိုတာ ပျော်စရာပါ

ဟုတ်​ကဲ့ အမ

အမှန်တွေပါပဲ

ရှိတာနဲ့ ပျော်ရွှင်စရာဖန်တီးရတာ ဘဝပါ

ရှိတာလေးနဲ့ကျေနပ်နေတတ်ရင်လည်း ဘဝကစိတ်ချမ်းသာစရာပါ။

ဟုတ်​ပါတယ်

လူ့ဘဝဆိုတာ​နေတတ်​လျှင်​​ပျော်​စရာကြီးပါရှင်​။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89