cryptocurrency & investment

in #myanmar6 years ago

မိုး​သည်​ ​နေ​ရောင်ခြည်​​ပင်​မမြင်​ရ​အောင်​ ​နေ့စဉ်​ရက်​ဆက်​ ရွာသွန်း​နေခဲ့သည်​။ မိုး​ရေလုံ​လောက်​စွာ ရရှိသဖြင့်​ သစ်​ပင်​ဝါးပင်​တို့လည်း စိမ်းလန်းစိုပြည်​လာပြီး အပင်​ငယ်​များသည် ​မြေပြင်​အတွင်းမှ တိုးထွက်​လာကြသည်​။ ​မိုးရွာပြီးခါစဖြစ်​၍ သစ်​ရွက်​သစ်​ခက်​များ​ပေါ်တွင်​ မိုး​ရေစများ တွဲခို​နေခိုက်​ ​လေပြင်းတစ်​ချက်​​ဝှေ့လိုက်​ရာ သစ်​ရွက်​များ​ပေါ်မှ ​ရေစများလည်း ​မြေပြင်​သို့ အ​နှောင်​အဖွဲ့ကင်းစွာ လွင့်​စင်​ကျသွား​လေသည်​။
1_k_he35uvdrcimg4oqhbtzg.jpeg
မြေကြီး​ပေါ်သို့ ကျဆင်းသွားသည့်​ ​မိုး​ရေစများနှင့်​အတူ ကျွန်ုပ်​တို့အသုံးပြု​နေကြသည့်​ Cryptocurrency ​ဈေးကွက်​ကြီးဟာလည်း အနီရင့်​​ရောင်​သို့​ပြောင်းလျက်​ ​သုံးလအတွင်းအဆိုးရွားဆုံး ​coin​ဈေးကျဆင်း​မှုကြီးဖြစ်​​ပေါ်လျက်​ရှိ​နေပါသည်​။ ဈေးကျဆင်းမှု၏ ရိုက်​ခတ်​မှုဟာအ​တော်​ကို ပြင်းထန်​ပါသည်​​။ အချို့က​တော့ ​ဈေး​တွေထိုးကျလို့ ​စိတ်​ပျက်​ပြီိး Cryptocurrency ​လောကကို စွန့်​ခွာသွားခဲ့ကြသူ​တွေလည်းရှိကြပါတယ်​။ ​အချို့က​တော့ ​ဈေးကျတာကို အခွင့်​​ကောင်းယူပြီး coinတွေဝယ်​စုပြီး ​ဈေးတက်​ရင်​ပြန်​​ရောင်း​​​ချမည်​ဟု ရည်​ရွယ်​ထားကြသူ​တွေလည်း ရှိကြပါတယ်​။ အချို့ကျွမ်းကျင်​သူ​တွေက​တော့ Cryptocurrencyေ​တွကို အ​​ရောင်းအဝယ်​လုပ်​ခြင်းဟာ စိတ်မ​​ရှည်​သူ​တွေဆီက ​ငွေကို စိတ်​ရှည်​သူ​တွေဆီကို ပို့​ပေးခြင်းဖြစ်​တယ်​လို့ဆိုကြပါတယ်​။
650737-investment-01.jpg
တကယ်​​တော့ ကျွ​န်​​တော်​တို့တ​တွေ​ဒီလို Cryptocurrency​တွေအ​ပေါ်မှာ ရင်းနှီးမြှုတ်​နှံထားတာဟာ ​လေ​ပေါ်မှာ အိမ်​​ဆောက်​​နေတာနှင့်​သာတူပါတယ်​။ ဘာမှ အာမခံချက်​မရှိပါဘူး။ ကျွန်​​တော်​တို့မှာ coin​တွေဝယ်​စုထားတယ်​သာ​ပြောတာ​ ဘာတစ်ခု​မှ လက်​ဆုပ်​လက်​ကိုင်​ပြစရာဟူ၍မရှိ။ အချိန်​မ​ရွေး ဘာမဆိုဖြစ်​သွားနိုင်​ပါတယ်​။ အကယ်​၍ ​ဈေး​တွေ ​အောက်​ဆုံးအထိထိုးကျသွားပြီး ကျွန်​​တော်​တို့်​ ရင်းနှီးထားတဲ့ ​ငွေ​တွေဆုံးရှုံးသွားခဲ့ရင်​ ဘယ်​သူ့ကိုမှ အပြစ်​တင်​လို့မရပါဘူး။ ဘယ်​သူ့ကိုမှသွား၍ တရားစွဲလို့လည်းမရပါဘူး။ ထို့ကဲ့သို့ အာမခံချက်​​တွေမရှိ​ပေမယ့်​လည်း ဒီCryptocurrency ​တွေနှင့်​ အကျိုးအမြတ်​​တွေရရှိပြီး အဆင်​​ပြေ​နေကြသူ​​တွေလည်း ရှိကြပြန်​ပါတယ်​။ ဒါ​ကြောင့်​မို့ ကျွ​န်​​တော်​က​တော့ ဒီအွန်​လိုင်း​ငွေ​ကြေးတွေကို မစု​ဆောင်းသင့်ပါဘူးလို့​တော့ မ​ပြောလိုပါဘူး။

အကယ်​၍ Cryptocurrency ​တွေကို စိတ်​ပါဝင်​စား၍ ဝယ်​စု​ချင်တယ်​​​ ရင်းနှီးမြှုတ်​နှံ​ချင်​တယ်​ဆိုရင်​​တော့ ​စီးပွား​ရေးလုပ်​ငန်း​ရှင်​ကြီး Warren Buffett ​ပြောခဲ့တဲ့ ​အောက်ပါအဆိုအမိန့်​ များကို​တော့ အမြဲ​ခေါင်းထဲထည့်​ထားပါ။
bz04-warren-buffet-apple.jpg
" ခြင်းတစ်​ခြင်းထဲမှာ ကြက်​ဥ​တွေ အားလုံးကို စုမထည့်​ပါနှင့်​" 
"ရေအတိမ်​အနက်​ကိုမသိပဲ ​ခြေ​နှစ်​​ချောင်းလုံး စုံခုန်​မဆင်းပါနှင့်​"

ဒီအဆိုအမိန့်​များကို​တော့ အကျယ်​တ၀င့်​ရှင်းပြ​မ​နေ​တော့ပါဘူး။ အွန်​လို​င်း​ပေါ်မှာ​ငွေရင်းနှီးတာမှမဟုတ်​ပါဘူး ဘယ်​​နေရာမှာဖြစ်​ဖြစ် ဘယ်​အလုပ်​မှာဖြစ်​ဖြစ်​ ရင်းနှီးမြှုတ်​နှံ​တော့မယ်​ဆိုရင်​ အထက်​မှာ တင်​ပြခဲ့တဲ့ စကားနှစ်​ခွန်းကို လက်​ကိုင်​ထားမယ်​ဆိုရင်​ သင်​​ငွေ​ကြေး​ဆုံးရှုံးမှု​တွေကို အတန်​အသင့်​​လျော့ချနိုင်​မယ်​လို့ ​မျှော်​လင့်​ပါတယ်​။

စာဖတ်​သူအားလုံးကို ​ကျေးဇူးတင်​ပါတယ်​။ အားလုံးကြီးပွားတိုးတက်​ကြပါ​စေ။

Author By Jhon
MSC-046
Photo By Google Image

Sort:  

@jhonnight, Which language written I don't understand?
Hope you understand.

onlineအလုပ်​မှမဟုတ်​ပါဘူး။မည်​သည့်​လုပ်​ငန်းမဆိုriskရှိပါတယ်​။

လေ့လာမှတ်သားရပါတယ်

ဟုတ်

Photo credit လေးတွေ ကျန်ခဲ့တယ် ထင်တယ်

ဟုတ်

လက်ဆုပ်လက်ကိုင်ပြစရာမရှိတာကို အိပ်မက်လို့ခေါ်တာပဲလေ

ဟီးဟီး

တစ်ခြား coin တွေတော့ မသိဘူး။steemနဲ့ sbd လေးတော့ ဈေးတက်စေချင်တာပဲ။

အမြန်​ဆုံးပြန်​တက်​ပါ​စေလို့ပဲ ​မျှော်​လင့်​ပါတယ်

That's right. We should collect every coin but i can't collect much.

ဟုတ်

ဗဟုသုတရစေပါတယ်

ဟုတ်​ကဲ့

အွန်လိုင်းလုပ်ငန်းတွင်မဟုတ်ဘဲ အခြားသောလုပ်ငန်းများအတွက်ပါ အကျိုးရှိပါတယ်ဗျာ

အဆိုအမိန့်လေးမှတ်သားခွင့်ရလို့ကျေးဇူးပါ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60752.39
ETH 2904.82
USDT 1.00
SBD 3.73