စေတနာ၏ ​​ရောင်​ပြန်​ဟပ်​သံ

in #myanmar6 years ago

n-PARENTS-COOKING-628x314.jpg
ကျွန်​​တော်​တို့ မိတ်​​ဆွေအ​ပေါင်းအသင်း​ရောင်းရင်း​တွေကြားမှာ အမြဲတမ်း​ပြော​နေကြ ​ကြား​နေကြ စကား​လေးတစ်​ခွန်းရှိပါတယ်​.....။ အဲ့ဒါက "ငါစားဘူးသမျှ ထမင်းဟင်း​တွေထဲမှာ ငါ့ အ​မေချက်​​ကျွေးတယ့်​ ဟင်းကို ဘယ်​ဟင်းမှ မမှီဘူးကွ"၊ "ငါ့မိဘ ချက်​​ကျွေး​တဲ့ ဟင်းက အ​ကောင်းဆုံးပဲ" စသည့်​ စကားသံများပင်​ဖြစ်​သည်​။

ဒီစကား​တွေကို ကျွန်​​တော်​တို့ကိုယ်​တိုင်​လည်း ​ပြောခဲ့ကြသလို အခြားသူ​တွေ ​ပြောတာလည်း ကြားဘူး ကြလိမ့်​မယ်​ထင်​ပါတယ်​.....။ ဒီစကားလုံး​တွေကိုပဲ ဘာ့​ကြောင့်​ လူ​​​တော်​​တော်​များများဟာ တညီတညွတ်​တည်း​ပြောဆို​နေကြတာလည်း။ ​ဒီစကား​တွေကို​ပြော​နေသူ​တွေရဲ့ အ​မေ​၊မိဘ​တွေကို ကြည့်​လိုက်​ရင်​လည်း ကျွမ်းကျင်​စားဖိုမှုး​ကြီး​တွေ ဟင်းချက်​အနုပညာရှင်​ကြီး​တွေ မဟုတ်​ပြန်​ပါဘူး။ သာမန်​ ချက်​တတ်​ပြုတ်​တတ်​​ရုံ​လောက်သာဖြစ်​ကြပါတယ်​။ ဒါဆိုဘာ​လို့ ဒီအ​မေ၊မိဘ​တွေချက်​တဲ့ ထမင်းဟင်း​တွေက အခြား​သော ဟင်းလျာ​တွေထက်​ ပိုပြီး စွဲမက်​ဖွယ်​​ကောင်း​နေရတာလဲ။ မိဘ​တွေချက်​​ကျွေးတဲ့ ဟင်းလျာ​တွေကို ဘာလို့အမြဲတမ်းတသသဖြစ်​ပြီး စွဲလမ်း​နေရတာလဲ......။ ဒီမိဘ​တွေ ချက်​တဲ့ဟင်း​တွေထဲမှာ လျှို့ဝှက်​ထားတဲ့ ဟင်းချက်​ပစ္စည်းတစ်​ခုခုများ ပါဝင်​​နေတာလား.....။ စသဖြင့်​ ​မေးခွန်းများစွာ ထွက်​လာနိုင်ပါ​တယ်​။ အဲ့ဒီ​မေးခွန်း​တွေအားလုံးရဲ့ အ​ဖြေက​တော့ တစ်​ခုထဲပါ။

ကျွန်​​တော်​တို့ အ​မေ၊မိဘ​တွေ ချက်​တဲ့ဟင်းလျာ​တွေဟာ သာမန်​ကာလျှံကာ​လောက်​ပါပဲ။ ဘာမှ လျှို့ဝှက်​ထားတဲ့ ထူးခြားတဲ့ ဟင်းချက်​ပစ္စည်း​တွေလည်းမပါဝင်​ပါဘူး။ သာမန်​ ချက်​နည်းချက်​ဟန်​အတိုင်း ချက်​ပြုတ်​ထားတာဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ ဒီထမင်းဟင်း​တွေထဲမှာ ထူးခြားတဲ့အရာတစ်​ခု​တော့ပါဝင်​ပါတယ်​။ အဲ့တာက​တော့ ငါ့သား၊သမီး​တွေ ​ကောင်း​ကောင်းမွန်​မွန်​ အရသာရှိရှိ စားရပါ​စေဆိုတဲ့ "​စေတနာ" ပါပဲ။ အဲ့ဒီ​ စေတနာ​ကြောင့်​သာ ကျွန်​​တော်​တို့ စားဘူးသမျှအရာ​တွေထက်​ မိဘ​တွေ ချက်​ပြုတ်​​ကျွေး​မွေးတဲ့ အစားအ​သောက်​​တွေက ပိုအရသာရှိပြီး တမ်းတမ်းစွဲဖြစ်​​နေခြင်းပါ​။ ဒီ စစ်မှန်တဲ့ ​​​စေတနာရဲ့ ​ရောင်​ပြန်​က ဒီအစားအ​သောက်​​တွေ​ပေါ်မှာ သက်​​ရောက်​​နေခြင်း​ကြောင့်​ အစားအ​သောက်​​တွေဟာ သာမန်​ပင်​ဖြစ်​​သော်​ငြားလည်း တမူထူးခြား​နေခြင်းဖြစ်​ပါသည်​။

ဒါဆို ဒီလို ​စေတနာမျိုးကို ကျ​နော်​တို့လည်း မထားနိုင်​ဘူးလားဆို​တော့၊ ထားနိုင်​ပါတယ်​။ ဘာအလုပ်​ပဲလုပ်​လုပ်​ ဝတ်​​ကျေတန်း​ကျေ အကျိုးအမြတ်​ရရင်​ပြီး​ရော ဆိုတဲ့ သ​ဘောမျိုးနဲ့ မလုပ်​ပဲ ကို​ယ့်​လုပ်​ရပ်​ကြောင့်​ ကိုယ့်​ အပြု့အမူ​ကြောင့်​ အခြားသူ​တစ်​​ယောက်​ အကျိုးဖြစ်​သွား​အောင်​၊ စိတ်​ချမ်းသာသွား​အောင်​ ပြုလုပ်​သင့်​​ပေသည်​။ ဥပမာ.. ကျွန်​​တော်​တို့ စာ​ရေးကြသည်​။ proယူကြသည်​။ ဒီလို စာ​ပေဆောင်းပါးများ​ရေးရာတွင်​ proရပြီး​ရော ဆိုသည့်​သ​ဘောမျိုးမထားပဲ ကိုယ်​​ရေးထားတဲ့ ​ဆောင်းပါး​ကိုဖတ်​လိုက်​ရတယ့်​ စာဖတ်​သူအတွက်​ တစ်​စုံတစ်​ရာ အကျိုးရှိသွား​အောင် ဗဟုသုတတစ်ခုရရှိသွားေ​အာင်​​​ ကိုယ့်​ဘက်​က အနည်းငယ်​ အပင်ပန်းခံ​ ကြိုးစားအားထုတ်​ပြီး ​ရေးသားေ​ပးကြပါလို့ တိုက်​တွန်းရင်း နိဂုံးချူပ်​ပါရ​စေ.....။

altruistic2016.jpg
MSCမိသားစု၏ ​စေတနာ​မေတ္တာများလည်း မြန်​မာ့လူငယ်ေ​မာင်မယ်များအားလုံး​​ပေါ်​သို့ ကျ​ရောက်​ပါ​စေသား......။

Author By Jhon Jhon
MSC-046

Sort:  

တာဝန်​အရလုပ်​ရတာမျိုးမဟုတ်​ဘဲ​စေတနာပါရင်​ပို​ကောင်းပါတယ်​...ဘယ်​အရာမဆို​ပေါ့...

မိခင်မေတ္တာ ဘာနဲ့. နှိုင်းစရာ ရှိလေမလဲ

ဘာကိုလဲ bro

စေတနာကောင်းကြောင့် ကံကောင်းပါစေဗျာ

ဟုတ်​ကဲ့

Congratulations @jhonnight! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard - Witness Update

Support SteemitBoard's project! Vote for its witness and get one more award!

Thank a lot

သိပ်‌‌ကောင်းတဲ့ massage ပါ။ တန်‌ဘိုးရှိလွန်းလှပါတယ်‌။

ဟုတ်​ကဲ့

ကျေးဇူးပါ

ရေးသမျှတော့ စေတနာနဲ့ ရေးနေဆဲပါပဲ ဖတ်သူရဲ့အချိန်ကို အလကားမဖြစ်စေချင်တဲ့ စေတနာတော့ အမြဲထားပါတယ်ဗျာ

ဟုတ်​ကဲ့

ကျ​နော်​လည်း အဲ့ဒီလို​စေတနာမျိုးထားနိုင်​​အောင်​ကြိုးစား​နေပါတယ်

ကျွန်​​တော်​ လည်း ​မေ့ လက်​ရာ လွမ်းတယ်

ဟုတ်

အတူတူပဲ

စာဖတ်သူတွေကိုအမြဲMASSAGEရအောင်
အနှစ်ချုပ်ပေးတဲ့ရေးသားမှုကိုသုံးပါတယ်

ဟုတ်​တယ်​ဗျာ ကိုယ်​​ရေးတဲ့စာက တစ်​ခုခု​တော့ ရသ​လေး​ပေးနိင်​မှ😊😊😊

စေတနာလေးတွေထားပြီး လုပ်ဆောင်တတ်စေရန် ဥပမာပေး ရေးသားသွားတာ ကောင်းမွန်လှပါတယ်။ပေးချင်တဲ့ massage ကိုလည်း ထိမိပေါ်လွင်စေပါတယ်ခင်ဗျာ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60986.03
ETH 2921.26
USDT 1.00
SBD 3.57