Promise

in #myanmar6 years ago (edited)

ဒီ绘画-【视觉中国】 (2)_&_9fe13f1c-e597-4616-939b-c8803cf4fc51.jpgရက်​ပိုင်းအတွင်း ကျွန်​​တော်​တို့ ဆိုင်​၏အမိုးများ အသစ်​လဲခြင်း၊ ပြန်​လည်​ပြုပြင်​ခြင်းများ ​ဆောင်​ရွက်​ခဲ့ရာတွင်​ ကြုံ​တွေ့ခဲ့ရသည့်​ အခက်​အခဲများကို အနည်းငယ်​မျှ​ဝေ​ပေးချင်​ပါတယ်​။
အခက်​အခဲဟုဆိုရာ၌ သိပ်​ကြီးကြီးမားမား​တော့မဟုတ်​ပါ။ လက်​သမားဆရာများ ကတိမတည်​ခြင်းသာ ဖြစ်​​သည်​။ အလုပ်​မအပ်​ခင်​ လက်​သမားဆရာနှင့်​ အမိုး မိုးမည့်​ ​​​မြေ​နေရာအကျယ်​အဝန်းတိုင်းခြင်း၊ ​ဈေးညှိနှိုင်းခြင်းများ အရင်​လုပ်​ကြပါသည်​။ ထိုသို့ ​ဈေးစကား​ပြောဆိုညှိနှိုင်း၍ နှစ်​ဦးနှစ်​ဘက်​သ​ဘောတူပြီဆိုမှ အလုပ်စ​​မည့်​ ရက်​ကို အချိန်းအချက်​လုပ်​ရပါသည်​။ ထိုသို့​ပြောဆိုပြီး စကားလက်​စသတ်​၍ လက်​သမားဆရာလည်းပြန်​သွား​လေသည်​။

သို့နှင့်​ ရက်​ချိန်း​ပေးထားသည့်​ ရက်​​သို့ ရောက်​​​​သော်​ လက်​သမားဆရာကား ​ပေါ်မလာ​တော့​ချေ။ ဖုန်းဆက်​ကြည့်​​သော်​ ဖုန်းမကိုင်​။ ​ဒီလိုနဲ့ ထို​နေတစ်​ရက်​​တော့ ​စောင့်​ကြည့်​လိုက်​​သည်​။ ​နောက်​​နေ့ ဖုန်းအဆက်​အသွယ်​ရ၍ ​မေးကြည့်​​တော့ အခြား​တစ်​​နေရာမှာ အလုပ်​မပြီး​သေးလို့ သွားလုပ်​ပေး​နေရသဖြင့်​ ​​မ​ရောက်​လာနိုင်​​ကြောင်းသိရသည်။ ဒီ​လိုနဲ့ မနက်​လာမယ်​​ပြောလိုက်​ ည​နေလာမယ်​​ပြောလိုက်​နှင့်​ သုံး​လေးရက်​ခန့်​​ရောက်​မလာခဲ့​ချေ။ ​ရောက်​လာပြန်​​တော့လည်း အလုပ်​မတွင်ပြန်​၊ ​လာရင်လည်း​​မူး​နေတတ်ေ​သးသည်။

ဒီလိုစိတ်ပျက်​စရာ​တွေနှင့်​ ​နောက်​ဆုံး​တော့ ဆိုင်​အမိုးလည်း ​ဆောက်​လုပ်​ပြီးစီးသွားခဲ့သည်​။ ထိုလက်​​သမား​တွေနှင့်​ ပတ်​သတ်​၍လည်း အ​တော်​ကို စိတ်​ကုန်​သွားခဲ့သည်​။ ကျ​နော်​​တွေ့ဘူးသမျှ လက်​သမား​တိုင်း​​​ (အားလုံးကိုမဆိုလိုပါ) အမြဲတမ်းစိတ်​​ကျေနပ်​​အောင်​ ​​ဆောက်​လုပ်​​ပေးသည်​ဟု၍မရှိ စိတ်​ပျက်​စရာ တစ်​ခုမဟုတ်​တစ်​ခု ထားသွားခဲ့ကြသည်။ အဆိုးဆုံးက​တော့ ကတိ​​​တွေ အကြိမ်​ကြိမ်​​ပေးပြီး ကတိဖျက်​တာပါ။

ကျ​နော်​တို့​တွေ သူငယ်​ချင်း​တွေ၊အ​ပေါင်းအသင်း​တွေကြားမှာ အ​တော်​များများကြုံဖူးကြမှာပါ။ ဘယ်​​နေ့ဘယ်​ချိန်​ ဘယ်​​နေရာကို​ လာခဲ့မယ်​​​ပြောသွားပြီး ​ရောက်​မလာတာပဲ။ တစ်​ဖက်​လူက​တော့ လာနိုးလာနိုးနှင့်​ ​စောင့်​ရတာဟာ အ​တော်​ကို စိတ်​ပျက်​ဖို့​ကောင်းပါတယ်​။ အကယ်​၍ အ​ကြောင်း​ကြောင်း​ကြောင့်​ မလာဖြစ်​ခဲ့ရင်​လည်း ဖုန်းဆက်​တာတို့ လူကြုံပါးတာတို့လုပ်​သင့်​ပါတယ်​။ ​သေချာပြန်​စဉ်းစားကြည့်​ရင်​ ဒီလို ကတိ​ပေးပြီး ကတိဖျက်​တာဟာ လူတစ်​ဖက်​သားကို မ​လေးစားတာ၊​စော်​ကားတာနှင့်​ အတူတူပါပဲ။

ဒါ​ကြောင့်​ ကတိစကားတစ်​ခွန်းကို လွယ်​လွယ်​နှင့်​ မ​ပေးသင့်​ပါ။ ကိုယ်​တကယ်​တည်​နိုင်​သည့်​ ကတိမျိုးကိုသာ​ပေးပါ။ အကယ်​၍ ကတိပျက်​​စေမည်​ အ​ကြောင်းကိစ္စ တစ်​ခုခု​ပေါ်လာလျှင်​လည်း ကတိ​ပေးထားသူကို ဖုန်းဖြင့်​​သော်​လည်း​ကောင်း၊ လူကြုံဖြင့်​​သော်​လည်း​ကောင်​ အကျိုးသင့်​အ​ကြောင်းသင့်​ ရှင်းပြ​ပြောပြသင့်​ပါ​ကြောင်း အကြံပြု​ရေးသားလိုက်​ရပါသည်​။

Author By Jhon
MSC-046
Photo By Google Image

Sort:  

ကတိမတည်တဲ့လူကြောင့် စိတ်ညစ်ရတယ်

ဟုတ်​တယ်​အကို​ရေ

လူသားများအားလုံးဂတိတည်နိုင်ရင်အားလုးံကောင်းစေပါသည်

ဟုတ်​ပါတယ်

လွယ်လွယ်ကတိပေးပီး လွယ်လွယ်ပျက်တဲ့သူတွေကို အမုန်းဆုံး

ကတိမတည်​တဲ့သူနဲ့ ဆက်​ဆံရတာ အ​တော်​ စိတ်​ပျက်​ဖို့​ကောင်းတယ်​ဗျာ......။

ဟုတ်ပါတယ်။ကတိပျက်တာ မကောင်းပါဘူး။အထူးသဖြင့် မိတ်ဆွေသူငယ်ချင်းကြား ကတိပျက်ရင် ခင်မင်မှု့ပါပျက်တတ်ပါတယ်။

ဟုတ်​ပါတယ်​အမ​ရေ

မင်းမှာကတိ လူမှာသစ္စာပါတဲ့ဗျာ

ဟုတ်တယ် အဲ့တာတော့အမှန်ပဲ

ဂတိလည်းတည် reply တွေလည်းပြန်ပေးလိုက်ဦး

ဟုတ်​ကဲ့ ဦး

ကတိကိုလွယ်​လွယ်​မ​ပေးသင့်​ဘူး

ဟုတ်​အကို

You got a 50.00% upvote from @bearwards courtesy of @jhonnight!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60793.50
ETH 2910.51
USDT 1.00
SBD 3.59