Movie Review

in #myanmar6 years ago

ဆော့ဖ်​ဝဲလ်​ review ​တွေပဲ​ရေး​နေတာ အ​ပြောင်းအလဲ​ဖြစ်​​သွား​အောင်​ ဒီတစ်​ခါ ရုပ်​ရှင်​ဇတ်​ကား​လေးတစ်​ကားအ​ကြောင်း review ​ရေး​ပေးပါမယ်​....။

အခု​ review​ရေး​မည့်​ ဇတ်​ကားမှာ​ ဘောလီဝုဒ်​​ ရုပ်​ရှင်​ကားတစ်​ကားပင်​ဖြစ်​ပါသည်​။ ကျွန်​​တော်​ ​ဘောလီဝုဒ်​ ရုပ်​ရှင်​ကားများ ကြည့်​ခဲလှသည်​။ ​​ဘာ​ကြောင့်​လဲဆို​တော့ ​ဘောလီဝုဒ်​ ရုပ်​ရှင်​​တော်​​တော်​များများဟာ ဇတ်​အိမ်​၊ဇတ်​လမ်း​ကောင်း​ပေမယ့်​ အကအလှ​တွေ အလွန်​အကျွံ သုံးစွဲထားတာ​ကို ကျ​နော်​က​တော့ သိပ်​မကြိုက်​ဘူး...။ အိန္ဒယရုပ်​ရှင်​ကား​တွေမှာ မင်းသားမင်းသမီး​နဲ့ ​​နောက်က​လူ​နှစ်​ဆယ်​​လောက်​က ဟိုရမ်းဒီရမ်း ယွစိယွစိနဲ့ က ​နေ​တာ​တွေက ဇတ်​လမ်းရဲ့ အရသာကို​ပေါ့သွား​စေတယ်လို့ ကျ​နော်​က​တော့ထင်​မိပါတယ်​။

ကျ​နော့်​အကိုမှ "မင်းဒီကားကြည့်ကြိ​​​​​လိုက်​ ဇတ်​လမ်း​ရိုးရိုး​အေး​အေး​နဲ့ အရမ်း​ကောင်းတယ်"​​ ဟု ​ပြောလာ​သော​ကြောင့်​ ကျ​နော်​လည်း မကြည့်​ချင်​ကြည့်​ချင်​နှင့်​ ကြည့်​လိုက်ေ​လသည်​။

ဒီဇတ်​ကားဟာ အခု 2018မှ အသစ်​ထွက်​ရှိထားတာဖြစ်​ပြီး Hindi (ဟင်​ဒီ) ဘာသာစကားဖြင့်​ ရို​က်​ကူးထားတာဖြစ်​ပါတယ်​။ ဇတ်​ကား အမည်​က​တော့ " Hichki " ပါ။
FB_IMG_15353654457897697.jpg
ဇတ်​လမ်း​ထဲမှာ ​မွေးရာပါ အ​ကြောဆွဲ​ရောဂါ ခံစား​နေရသည့်​ အသက်​30အရွယ်​ အမျိုးသမီး တစ်​​ဦးအ​ကြောင်းကို အ​ခြေခံ၍ ရိုက်​ကူးထားခြင်းဖြစ်​သည်​။ သူမဟာ ​ကျောင်းဆရာ​မအရမ်းဖြစ်​ချင်​​ပေမယ့်​ သူမ၏​မွေးရာပါ အ​ကြောဆွဲတတ်​သည့်​ ​ရောဂါအ​ခြေအ​နေ​ကြောင့်​ ဘယ်​​ကျောင်းကမှ သူမကို ​လက်​မခံခဲ့​ပေ။ ​နောက်​ဆုံးတွင်​​တော့ သူမငယ်​ငယ်​ကတက်​ခဲ့သည့်​ ​ကျောင်းတစ်ေ​ကျာင်း​မှာပင်​ ​ကျောင်းဆရာမအလုပ်​ရခဲ့သည်​။ ထို​ကျောင်းတွင်​ ​သူမစာစသင်​ရမည့်​ အတန်းမှာ တစ်​​ကျောင်းလုံးမှ အဆိုးဆုံးအညံ့ဆုံးဆိုသည့်​ ​ကျောင်းသား​များ စုထားသည့်​ အတန်းဖြစ်​​လေသည်​။ ​ကျောင်းသားများ၏ ဒုက္ခ​ပေးပုံများနှင့်​ ထို​ကျောင်းသားများအ​ပေါ် သူမ၏ အ​ကောင်းမြင်​​တတ်​​သော စိတ်​သ​ဘောထားများကို ​ပေါ်လွင်​​အောင်​ ​ဖော်​ပြထား​​ပေသည်​။

ထို​ဆိုးသွမ်းလှသည့်​​ကျောင်းသားများကို ​နောက်​ဆုံးတွင်​ ထူးချွန်​ထက်​မြက်​သည့်​ ​ကျောင်းသားေ​လးများဖြစ်လာ​​​အောင်​ သူမစွမ်း​ဆောင်​ခဲ့ပုံများမှာ အတုယူစရာ​ကောင်းလှ​ပေသည်​။ ဒီဇတ်​လမ်းထဲတွင်​ မိမိ​ဘဝပေးအ​ခြေအ​နေပင်​ရှိ​နေပါ​စေ မိမိရည်​မှန်းချက်​ကို တစိုက်​မတ်​မတ်​ လုပ်​​ဆောင်​သွားသည့်​ စိတ်​ဓာတ်​​နှင့်​ ​ဘေးပတ်​ဝန်းကျင်​မှ ​ပြောဆိုတိုက်​ခိုက်​လာသည်​များကို အ​ကောင်းမြင်​ဝါဒဖြင့်​ ​ဖြေရှင်းပုံများ၊ က​လေးဆိုး​လေးများကို မည်​သို့မည်​ပုံ ဆက်ဆံရမည်များ​ကို ​သရုပ်​ဖော်ရိုက်​ကူးထား​​ပေသည်​။ ရုပ်​ရှင်​ကြည့်​ရာတွင်​ ​စိတ်​ဝင်​စားမှုနည်းသွားမည်​ဆိုး၍ ဇာတ်​လမ်းအ​သေးစိတ်​ကို မ​ဖော်​ပြ​လိုပါ။ ကိုယ်​တိုင်​သာ ကြည့်​ကျိ​လိုက်​ပါခင်​ဗျာ......။
FB_IMG_15353655847310612.jpg
Download Link:https://channelmyanmar.org/hichki-2018/
ရေးသားသူ - Jhon Jhon
MSC-046
Photo Source

Sort:  

ဒါလည်း တစ်မျိုးဗျ

ရှာကြည့်အုံးမယ်

ဟုတ်

အောက်​ဆုံးမှာ Download link​ပေးထားပါတယ်​ bro

အညွှန်းဖတ်လိုက်တာ ဇာတ်ကားကိုကြည့်ချင်သွားပီ

ဟုတ်

ကြည့်​လိုက်​​တော့အမ​ရေ....

ဇာတ်ကားကောင်းလေး ဖြစ်မှာပါဗျာ

ဟုတ်​ပါတယ်

ပညာ​ပေး ဇတ်​ကား​ကောင်း​လေးပါ

ကြည့်လိုက်ပါအုးံမည်

ဟုတ်

အရမ်း​ကောင်းတယ့်​ကား​လေးပါ

Congratulations @jhonnight! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ပညာပေးကားလေး ကြည့်ဖူးတယ် ကောင်းတယ်

ဟုတ်

ကြည့်​ရတာ တကယ်​ကို ပညာရပါတယ်

ဒီလိုအင်ဖော်မေးရှင်းပေးတဲ့ ဆောင်းပါးမျိုးတွေ များများဖတ်ပါရစေဗျ။

ရှကြည့်​ဦးမယ်​ရှင်​။

စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပဲ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60991.61
ETH 2921.47
USDT 1.00
SBD 3.56