Online Gameနှင့်​ လူငယ်​များ

in #myanmar6 years ago

male-friends-playing-smartphones-123RF (1).jpgOnline Game နှင့်​ လူငယ်​များ

ယ​နေ့​ခေတ်​ လူငယ်​​တွေ၊ ဆယ်​​ကျော်​သက်​အရွယ်​​တွေကို ကြည့်လိုက်တာ​​နှင့်​ တွဲပြီး မြင်​တွေ့နိုင်​တာက Online Game ဆိုတာပါပဲ။ လ္ဘက်​ရည်​ဆိုင်​​တွေ၊ စား​သောက်ဆိုင်​​တွေမှာ ဝိုင်းဖွဲ့ထိုင်​ပြီး စားကြ​၊ သောက်​ကြ၊ ဆဲကြ၊ ဆိုကြနှင့်​ ဘဝ၏ အဖိုးတန်​အချိန်​​တွေကို ဒီ Game ​တွေနှင့်​အတူ ကုန်​ဆုံး​နေကြသည်​ကို မြင်​ရတာ အ​တော်​ကို စိတ်​မချမ်း​မြေ့စရာပါပဲ။

ဒီ Online Game ​တွေဆိုတာက တစ်​ကမ္ဘာလုံးမှာရှိတဲ့ ဂိမ်းကစားသူ​တွေကို အချိန်​တချိန်​တည်းမှာ အတူတူ​ဆော့ကစားနိုင်​​အောင်​ ပြုလုပ်​​ပေးထားခြင်းဖြစ်​ပါတယ်​။ ဒီ Online Game ထုတ်​လုပ်​သည့်​ ကုမ္ပဏီ​တွေဟာ သူတို့ Game ကို လူ​တွေ ​ဆော့ပြီးရင်း​ဆော့ချင်​​အောင်​ ဘယ်​​တော့ မပြီးဆုံးနိုင်​သည့်​ Level​​တွေ တစ်​ခုပြီးတစ်​ခု ထည့်​သွင်းထားကြတတ်​သည်​။

လူငယ်​ဆိုသည်​ကလည်း စူးစမ်းချင်​သည့်​ သ​ဘောရှိသည်​။ အခြားသူဘာလုပ်​လဲ လိုက်​လုပ်​ချင်​သည်​။ သူများဘာစားလဲ လိုက်​စားချင်​ကြသည်​။ အဲ့ဒီမှာပဲ ဒီလိုGame​တွေနှင့်​ ​တွေ့ဆုံမိပြီး မ​ဆော့ရ မ​နေနိုင်ေ​အာင်ဖြစ်​​သွားတတ်​​သည်​။ ဒီ Online Game ​တွေဟာ မူးယစ်​​ဆေးဝါးများကဲ့သို့ပင်​ တစ်​ကြိမ်​တစ်​ခါ စမ်း​ဆော့ကစားကြည့်​ရုံနှင့်​ စွဲလန်းသွားတတ်​သည်​။ အချို့လူငယ်​​တွေ ဤGame ကစားခြင်းကို အလွန်​ကြီးကျယ်​သည့်​ အလုပ်​ကြီးတစ်​ခုလို မှတ်​ယူပြီး ​နေမအားညမနား ​ဆော့ကစားကြေ​လသည်​။ ​ဆေးဆွဲသလိုပဲ ​ဆော့ခါစ​တော့ အဆင်​ကို​ပြေလို့။ ​နောက်​ပို​င်း ​တစ်​​နေ့တစ်​​နေ့ တကုတ်​ကုတ်​နှင့်​ အထိုင်​များလာခြင်း​ကြောင့်​ ​တဖြည်းဖြည်း အာရုံ​ကြော​များ ချည့်​နဲ့လာပြီး ​​ဆေးရုံ​ပေါ်​ရောက်​သွားရသူ​တွေ မနည်းလှ​ပေ။ အချို့​တွေဆို ​စိတ်​ကျန်းမာ​ရေး ​ဆေးရုံ​တောင်​ သွားပြရတဲ့ အထိ ဂိမ်း​ကြောင် ​​​ကြောင်​သွားသူ​တွေလည်း ရှိပါသည်​။

လူတိုင်း လူတိုင်းမှာ ကိုယ့်​ကိုပိုင်​ လွတ်​လပ်​​ခွင့်​နဲ့ကို ရှိတာ​ကြောင့်​ ဒီGame ကစားခြင်းကို မ​ကောင်းဘူး၊မလုပ်​နဲ့လို့ မ​ပြောလိုပါ။ 

ဒီGame ကစားခြင်းဟာ ​ကောင်းကျိုးထက်​ ဆိုးကျိုးက ပိုများ​နေတာ​ကြောင့်​ ခဏတစ်​ဖြုတ်​ ​စိတ်​​ပြေလက်​​ပြောက်​ ​ဆော့ကစားရုံပဲ သင့်​​တော်​ပါတယ်​လို့ အကြံပြုရင်း နိဂုံးချူပ်​ပါရ​စေ.....။

Author By Jhon
MSC-046
Photo Source

Sort:  

ML ပဲ Play တယ် ဟီးဟီး

id လေး ပြောပြပါဘုရား

ကျ​နော်​က​တော့ MLမ​တော့တတ်​ဘူးဟီး

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ပါ​တေလယ့်​😁😂

ဂိမ်းကို စွဲလမ်းပြီးအကြာကြီးဆော့တာ ကျန်းမာရေးအတွက်မကောင်းပါဘူး။

ဟုတ်​ပါတယ်​အမ​ရေ.....။

ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်

ဟုတ်​ပါတယ်​အကို

ရဝူးခွာ ဆော့မှာဘဲ ခ်ခ်

ဆော့ကွာ ​ဘေလ်​​တွေဖြုတ်​ဖြုတ်​ဖြုန်းမှာ

ကျွန်တော်တော့ဘာဂိမ်းမှမဆော့ဘူး

အ​ကောင်းဆုံးပဲbro

ဂိမ်းစွဲလာရင် မကောင်းဘူးနော်။

game ဆော့လို့ရှုံးသွားရင် ဆူညံနေတာပဲ hee

အမှန်​ပဲgameသည်​ဘဝဖြစ်​​နေကြတာ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60986.03
ETH 2921.26
USDT 1.00
SBD 3.57